For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 5 May 2014

ဥပဒေ၏နောက်ကွယ်(အပိုင်း-၄) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

    ရိုးရိုးကျင့်မြင့်မြင့်ကြံ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ
 နေထိုင်သွားခဲ့တဲ့ မြန်မာနိုင်ငံလွတ်လပ်ရေးရဲ့
 ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ သူသေဆုံး
သွားခဲ့စဉ်က သူပိုင်ဆိုင်တဲ့ အ၀တ်အစားသေတ္တာ
တလုံးတောင် ပြစရာ မရှိခဲ့ပါဘူး။လွှတ်လပ်ရေးရဲ့
ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို အားကျအတုယူ
စရာလို့ စံပြခဲ့သူတွေက ဘယ်နေရာကိုအားကျ
နေကြတာလဲတော့ မသိပါဘူး။နုတ်ဖျားလေးနဲ့ပဲ
 ပြောနေကြတာပါ အခုလူကြီးအသိုင်းအ၀ိုင်းတွေ
မှာကား  ကိုယ်ပိုင်ကားတစ်စီးလောက်မှ မရှိရင်
မဖြစ်တော့တဲ့ အခြေအနေနဲ့ ဘယ်သူမှ အပင်
ပန်းခံလိုစိတ် မရှိကြတော့ပါဘူး။
        အတိုက်အခံပါတီတွေမှာပဲ ဖြစ်ဖြစ် လက်ရှိ
အစိုးရ လူကြီးပိုင်းတွေမှလဲ ဆိုဆိုစားသောက်ဆိုင်
တွေ ဟော်တယ်တွေမှာ ဧည့်ခံပွဲတွေ တရုန်းရုန်း ပန်း
ကုံးကြဲကာ တ၀ုန်းဝုန်း နဲ့ လစာနဲ့မမျှအောင်ငွေ
တွေဖြုန်းတီးဖို့ ပေါများနေကြတယ်ထင်ပါရဲ့ ဒါကို
နားလည်မိရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေထိုင်မှုကို
အားကျတာ မဟုတ်ဘဲ ကမ္ဘာကျော်ခဲ့တဲ့ ကျော်ကြား
မှုကို အားကျစိတ်ဖြစ်ပေါ်ခဲ့တာဖြစ်မှာပါ
။ လူတော်
တော်များများကလည်းကျော်ကြားချင် ကြတယ်လေ။
         စာရေးသူတို့ နေထိုင်ဝန်းကျင်မှာလည်း ဒီလို
လူမျိုးတွေကို ပဲ မြင်တွေ့နေရတာ မဆန်းတော့ပါဘူး
 လာဘ်ပေးရန်မလိုပါဆိုတဲ့ ဌာနဆိုင်ရာ တော်တော်
များများမှာချိတ်ဆွဲထားလေ့ရှိတဲ့  ဆိုင်းပုဒ် ဟာ
 ပြည်သူတွေကြားမှာတော့ လာဘ်ပေးရင်ရန်မလိုပါ ဟု
 အဓိပ္ပာယ်ထွက်နေပါတယ် ။တရားဥပဒေနဲ့ မလွှတ်
ကင်းတဲ့ ၁လုံး၊ ၂လုံး၊ ၃လုံး၊ စတဲ့လောင်းကစားတွေ
စိတ်ကြွမူးရစ်ဆေးတွေ သစ်မှောင်ခို အစရှိတဲ့ လုပ်ငန်း
တွေ တာဝန်ရှိ ၀န်ထမ်းတွေရဲ့ ပူးပေါင်းကူညီဆောင်
ရွက်မှု ရရှိလို့သာလျှင်လုပ်ကိုင်ဆောင်ရွက်လို့  ရတာ
ပဲဖြစ်ပါတယ်။
         မြို့နယ်တစ်ခုလုံးမှာ ဘယ်သူက သူခိုး၊ဓါးမြလဲ
ဘယ်သူကမူးရစ်ရောင်းဝယ်ဖောက်ကားသူလဲ၊ ဘယ်သူ
က သစ်မှောင်ခိုလဲ ဘယ်သူက လောင်းကစားဒိုင်လဲဆို
တာ တာဝန်ရှိ  အဖွဲ့အစည်းက လူတွေ သိပြီးသားပါ
ဒီလူတွေဆီက လစဉ်ကြေး၊ ၀င်ကြေးတွေကို ကောက်ခံ
တောင်းယူနေကြ တဲ့သူတွေက ၉၀ ရာခိုင်နှုန်းလောက်ရှိ
ပါတယ် သာမန်ဝန်ထမ်းတစ်ယောက်ဟာ သူရဲ့လစာငွေ
နဲ့မစားလောက်ပါဘူး ကျောင်းစရိတ်နဲ့ သားရေးနာရေး
 ထောက်ပံ့ငွေတွေပါတွက်ရ၈် အကြွေးတင်ပါပြီ ဒါတွေကို
ဘယ်လိုဖြေရှင်မလဲ?  အဲ့ဒီတော့ ဒီလမ်းကြောင်းကို
 လျှောက်တယ်ပေါ့ ဒါတွေကို ဘယ်လိုရှင်းမလဲ မရှင်း
နိုင်ရင် ဒီနိုင်ငံတိုးတက်ဖို့ဆိုတာ မလွယ်ကူသေးပါဘူး
         စာရေးသူရဲ့ မိတ်ဆွေတစ်ယောက် ဈေးထိပ်မှ
ဆိုင်ကယ်ခြင်း ဆိုင်ကယ်ချိတ်မိရာမှ တစ်ဖက်က
ဆိုင်ကယ်ကာဗာလေး ပွန်းပဲ့သွားပါတယ် ဘီးက
အသစ်လိုင်စင်မပါပါဘူး စာရေးသူမိတ်ဆွေက
 ဘီးဟောင်းလိုင်စင်ပါတယ် အဲ့ဒီကရဲကဈေးထိပ်မှာ
 တာဝန်ကျနေတဲ့ ယာယီယာဉ်ထိမ်းရဲက ဆုံးဖြတ်
ပေးပါတယ် ၁သိန်းလျော်လိုက်ပါလို့ ထိုသူကငွေမပါ
လာတော့ စာရေးသူ(ကျွနှပ်)ဆီ ငွေလာချေးရင်း
အကျိုးကြောင်းပြောပြပါတယ် ဒါနဲ့လိုက်သွားပြီး
ထပ်ညှိတယ် အဆင်မပြေပါဘူး စာရေးသူအနေနဲ့
ကတော့ ဥပဒေအတိုင်းလုပ်ပေးဖို့ပြောပေမဲ့ ကိုယ့်
မိတ်ဆွေက တောကလူဖြစ်နေပြန်တော့ မအားဘူး
ပြန်ရဦးမယ် ရုံးကိုလဲခဏခဏမလာနိုင်ဘူး အမှုဖွင
့်ရင် ဆိုင်ကယ်ထားခဲ့ရဦါ်မယ်ဆိုတော့ အဆင်မပြေ
ဘူးဆိုပြီး ဥပဒေအတိုင်းရင်ဆိုင်၇င်နိုင်မယ်သိပေမဲ့
ကိုယ့်ဘက်က အချိန်မပေးနိုင်တော့ လက်လျှော့ပြီး
တောင်းတဲ့ငွေကိုစိုက်ပေးလိုက်ရပါတယ်။ တခါတစ်
လေတော့လဲ ပြဿနာတစ်ခုမှာ ဥပဒေဆိုတဲ့ ဆီကို
ရောက်အောင်ကိုမှ မသွားနိုင်တော့လည်း မတတ်
နိုင်ဘူးပေါ့။
    (ဆက်လက်ဖော်ပြပါမည်။)
                                    နိုင်းမရ( ကောလင်း)
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment