For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 10 May 2014

ကသာမြို့ ဧရာဝတီမြစ်ကူး ကူးတို့ခ ဈေးနှုန်းနှင့်ဈေးသည်များ အခက်ကြုံရသည့်အသံများ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်းခရီးသွားသတင်းဆောင်းပါး

စစ်ကိုင်းတိုင်းဒေသကြီးကသာမြို

့သည်-
ဧရာဝတီမြစ်ကြီး၏အနောက်ဘက်ကမ်း-
တွင်တည်ရှိသောခရိုင်မြို့တစ်မြို့ဖြစ်သည်။
ကသာမြို့၏အရှေ့ဘက်ကမ်းတွင်ပုလွေ-
ရွှေ. ဒုံးအော့.ဆင်ကုန်းစသည့်ကျေးရွာနှင့်-
တကွနေပူမရှောင်မိုးရွာမရှောင်ရာသီပေါ်-
သီးနှံများကိုစိုက်ပျိုးကြသောတောင်သူ-
အများအပြားနေထိုင်ကြသောကျေးရွာများ-
ရှိကာထွက်ရှိလာသောရာသီပေါ်ဟင်းသီး-
ဟင်းရွက်များနှင့်သီးနှံမျိုးစုံတို့ကိုအခြား-
မြို့များနှင့်မတူဘဲကသာမြို့ဈေးများအ-
တွင်းအရောက်သွင်းစနစ်ဖြင့်ရောင်းချကာ-
အသက်မွေးဝမ်းကြောင်းကြရသည်။
ယခုအခါတောနှင့်မြိုပါဖွံဖြိုးတိုးတက်မှု-
များစွာရှိလာသည်။
ဖွံ့ဖြိုးတိုးတက်လာသဖြင့်ကျေးလက်တော-
ရွာနေသီးနှံစိုက်ပျိုးကြသောတောင်သူများ-
သည်ယခင်အချိန်ကကဲ့သို့နွားလှည်များ-
ဖြင့်ထွက်ရှိလာသောသီးနှံများကိုသယ်-
ဆောင်လာကြပြီးဧရာဝတီမြစ်ကူးကူးတို့-
စက်လှေဖြင့်ကသာမြို့နယ်သို့လာရောက်-
ရောင်းချကြရသည်။
ထိုသို့သယ်ဆောင်ရောင်းချရာတွင်ကသာ
မြို့နှင့်ဧရာဝတီမြစ်တစ်ဖက်ကမ်းပုလွေရွှေ
ကျေးရွာသို့ပြေးဆွဲခွင့်ရသောကူးတို့ခမှာ-များပြားနေခြင်းကြောင့်ဧရာဝတီမြစ်အရှေ့-
ဘက်ခြမ်းမှ အနောက်ဘက်ကမ်းကသာ-
မြို့သို့ဈေးရောင်းလာကြသောဈေးသည်-
များအနေဖြင့်ငွေကုန်ကြေးကျများကာ-
အခက်တွေ့နေကြကြောင်းပြောဆိုသည့်-
အသံများကိုလည်းကြားလိုက်ရသည်။
ဧရာဝတီမြစ်ကူးကူးတို့ခမှာလူတစ်ဦးလျှင်
၃၀၀ကျပ်ဆိုင်ကယ်တစ်စီးလျှင်၇၀၀ကျပ်-
ပုလွေရွှေဆိပ်ကမ်းမှစက်လှေပေါ်သို့ဆိုင်-
ကယ်တစ်စီးတင်ခ၅၀၀ကျပ်ကသာဆိပ်-
ကမ်းရောက်ပြီဆိုပါကစက်လှေပေါ်မှဆိုင်-
ကယ်တစ်စီးချခ၅၀၀ကျပ်ပေးရ၏ထိုသို့-
ဆိုလျှင်အရှေ့ဘက်ကမ်းမှအနောက်ဘက်
ကမ်းအရောက်တွင်ဆိုင်ကယ်တစ်စီးနှင့်-
လူတစ်ယောက်အတွက်ကုန်ကျပေသည်။
ထို့အတူအပြန်လမ်းခရီးတွင်လည်း၂၀၀၀-
ကျပ်ကုန်ကျဦးမည်ဖြစ်ရာဈေးသည်တစ်-
ယောက်အနေဖြင့်တစ်နေ့တာဖြတ်သန်း-
သွားလာခမှာ ၄၀၀၀ကျပ်ဖြစ်နေမည်ကို-
တွေ့ရသည်။
ပုလွေရွှေကျေးရွာမှကသာမြို့သို့နေ့စဉ်-
နီးပါးလာရောက်ဈေးရောင်းသူတစ်ဦးက-
"တကယ်တော့အခုခေတ်အနေနဲ့လူတစ်-
ယောက်စက်လှေစီးခ၃၀၀ကျပ်ဆိုတာ့-
လက်ဘက်ရည်တစ်ခွက်ဖိုးလောက်ရှိတာ-
ဆိုတော့ဘာမှမပြောပလောက်ပါဘူးကျွန်-
တော်အမြင်ပြောရင်ဆိုင်ကယ်တင်ခချခ-
ယူတာ့မဖြစ်သင့်ပါဘူးတခါတလေသွားရ-
သူအတွက်မသိတာပေမယ့်နေ့စဉ်နီးပါးဈေး
ရောင်သူတွေအတွက်တော့များလွန်းတာ-
ပေါ့ဗျာ "
"ကျွန်မဆိုနေ့စဉ်ဈေးရောင်းတော့အသွား-
အပြန်လေးထောင်ကုန်နေတယ်ရောငးလို
ရမယ့်အမြတ်ဘယ်လောက်ကျန်မယ်ဆို-
တာခန့်မှန့်လို့မရပေမယ့်ပုံမှန်ကုန်ကျတဲ့-သွားလာစားသောက်စရိတ်ကငါးထောင်-
ကျပ်ကုန်နေတယ်ဒါတွေကိုကသာမြို့က-
မြို့မိမြို့ဖနဲ့စည်ပင်သာယာရေးကတာဝန်-
ရှိသူတွေအနေနဲ့ကျွန်မတို့လိုဈေးသည်-တောင်သူတွေကိုဧရာဝတီမြစ်တစ်ဘက်-
ကမ်းကိုဖြတ်သန်းသွားလာရတာအဆင်-
ပြေအောင်စဉ်းစားဆောင်ရွက်ပေးစေချင်-
ပါတယ် "ဟုပြောပြသည်။
ထို့ကြောင့်မြစ်ကူးကူးတို့လေလံဆွဲသူ-
များနှင့်မိးသားစုစားဝတ်နေရေးအတွက်
ဈေးသည်များတောင်သူများသည်ဧရာဝတီ
မြစ်ကြီးကိုအမှိသဟဲပြု၍သွားလာလုပ်ကိုင်
နေကြရသည်ဖြစ်၍လေလံဆွဲခွင့်ရသော-
သူလည်းအဆင်ပြေစေဈေးသည်များနှင့်-
တောင်သူများလည်းသက်သာစေရေးကို-
မြို့မိမြို့ဖများနှင့်သက်ဆိုင်ရာတာဝန်ရှိသူ-များအနေဖြင့်ညှိနှိုင်ဆောင်ရွက်ပေးနိုင်မည်ဆိုပါကယခုအစိုးရမှအလေးထားဆောင်-
ရွက်နေလျှက်ရှိသောဆင်းရဲနွမ်းပါးမှုလျှော-
ချရေးကိုအထောက်အကူပြုစေနိုင်ပါသည်။

စိုင်းလူမင်း-မီဒီယာဂရု
sailumin35@gmail.com     
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

 

No comments:

Post a Comment