For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 12 May 2014

ကသာမြို့နယ်တွင် စက်တပ်လှေငယ်လေးများဖြင့် ဧရာဝတီမြစ်အတွင်း သွားလာကြသူများ အဆင်ပြေ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

နိုင်ကြီး(ကသာ)
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကသာမြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိသော မြို့နယ်ဖြစ်သဖြင့် မြို့နယ်တွင်းရှိ ကျေးလက်တောရွာများတွင် နေထိုင်ကြသူ ဒေသခံများသည် တံငါလုပ်ငန်းနှင့် အသက်မွေးသူ ၊ ရာသီပေါ်သီးနှံများ စိုက်ပျိုး ရောင်းချသူ ၊ သစ် ဝါး ဖောင် လုပ်ငန်း လုပ်ကိုင်ကြသူတို့ များပြားလှသည်။ ထိုအထဲမှ တံငါလုပ်ငန်း လုပ်ကိုင်သူနှင့် သီးနှံစိုက်ပျိုး ရောင်းချသူ အများစုတို့မှာ စက်တပ်လှေငယ်လေးများကို အသုံးပြု၍ သွားလာ လုပ်ကိုင်ကြရသည်မှာ များစွာ အဆင်ပြေကြကြောင်း သိရသည်။
သစ်သားဖြင့်ပြုလုပ်ထားသော လှေငယ်လေးများတွင် တရုတ်ပြည်မှ ဝင်ရောက်လာသည့် အင်ဂျင်စက်ငယ် မြင်းကောင်ရေ (၁)ကောင်အား ၊ (၂)ကောင်အား စသည်ဖြင့် နှစ်သက်ရာအင်ဂျင်ကို ကသာမြို့ပေါ်ရှိ ကုန်မာဆိုင်ကြီးများတွင် လိုအပ်သလောက် ဝယ်ယူတပ်ဆင်နိုင်ကြသည်။ အဆိုပါစက်တပ်လှေငယ်လေးများဖြင့် ကျေးရွာတစ်ရွာနှင့် တစ်ရွာ ကူးသန်းသွားလာခြင်း ။ ငါးဖမ်းပိုက် အစုံအလင်တို့ကို တင်ဆောင်၍ တံငါလုပ်ငန်း လုပ်ကိုင်ခြင်း ။ တောင်သူများမှ မိမိတို့စိုက်ပျိုးထွက်ရှိသော သီးနှံများကို စက်တပ်လှေငယ်ဖြင့် သယ်ဆောင်ကာ ကုန်စည်ဒိုင်များသို့အရောက်သွင်း ရောင်းချကြရာတွင်လည်း အဆင်ပြေကြသည်ဟု ဆိုသည် ။ ကသာမြို့နယ် အောက်ဝဲကြီးကျေးရွာမှ တောင်သူတစ်ဦးက `` ကျွန်တော်တို့မြို့နယ်မှာ ဒီလို စက်တပ်လှေငယ်လေးတွေ အသုံးပြုလို့ရတာ ကျေးလက်နေပြည်သူတွေအတွက် အရမ်းကို အဆင်ပြေပါတယ် ။ ကိုယ်စိုက်ပျိုးတဲ့ ပဲ ပြောင်း စပါး နှမ်း နှင့် အခြား ရာသီပေါ် ဟင်းသီး ဟင်းရွက်တွေကို ကိုယ့်လှေပေါ် ကိုယ်တင်ပြီး ဈေးကွက်မှာ တင်ပို့ရောင်းချနိုင်တာ သိပ်အဆင်ပြေတယ်။ သယ်ယူပို့ဆောင်ခတွေ သက်သာသလို အင်ဂျင်ငယ်ကို အသုံးပြုတဲ့ အတွက် ဆီစားနှုန်းလည်း သက်သာပါတယ် ။ ဒီတော့ အကျိုးအမြတ်ဆိုတာ ပိုထွက်လာတာပေါ့ ။  တံငါလုပ်ငန်းလုပ်ကိုင်တဲ့ တံငါသမားတွေ အတွက်လည်း အဆင်ပြေကြပါတယ် ။ ကိုယ်လိုအပ်တဲ့ နေရာ အချိန် ရောက်ရင် အင်ဂျင်ကို လက်ဆွဲနှိုးလိုက်ရုံနဲ့ လိုရာခရီးကို အလျှင်အမြန် သွားလာနိုင်ကြပါတယ် ။ စက်နှိုးရလွယ်ကူစေတဲ့အတွက်  အမျိုးသားတွေအတွက်တင်မကပါဘူး အမျိုးသမီးတွေအတွက်ပါ အဆင်ပြေတဲ့အတွက် အခုလို စက်တပ်လှေငယ်တွေကို အသုံးပြု သွားလာကြတာ များပြားလာခြင်း ဖြစ်ပါတယ် ´´ ဟု ပြောကြားသွားသည် ။
      စိုင်းလူမင်း မီဒီယာဂရု
sailumin35@gmail.com   
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment