For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Friday 23 May 2014
အင်းတော်မြို့နယ် တံခွန်တိုင်ကျေးရွာက ရှေးဟောင်း သစ်တစ်လုံးထွင်းလှေကြီး(စိုင်းလူမင်းရေးသားသည်) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စိုင်းလူမင်း
        စစ်ကိုင်းတိုင်းဒေသကြီးအထက်ကြီး
အထက်ပိုင်း
 အင်းတော်မြို့သို့ ခရီးသွားဆောင်းပါးသတင်းများရေးရန်
 ရောက်ရှိစဉ် မိမိသတင်းများကို စဉ်ဆက်မပြတ် အားပေး
နေကြသော စာဖတ်ပရိတ်သတ် အားပေးနေကြသော
 စာဖတ်ပရိတ်သတ်များနှင့် တွေ့ဆုံကြရာ ၎င်းတို့မှ
အင်းတော်မြို့နယ် တံခွန်တိုင်ကျေးရွာက ရှေးဟောင်း
သစ်တစ်လုံးထွင်းလှေကြီးတစ်စင်းအကြာင်း လေ့လာ
ရေးသားရန်အတွက် ဖိတ်ခေါ်မှုအရ အဆိုပါမြို့နယ်ရှိ
တံခွန်တိုင်ကျေးရွာသို့ သွားရောက်လေ့လာရေးသား
ဖြစ်ခဲ့သည်။
        တံခွန်တိုင်ကျေးရွာသည် (၁၁၅)ခုနှစ်တွင် ရှမ်း
လူမျိုးများ တည်ထောင်ထားခဲ့သော ရွာတစ်ရွာဖြစ်ပြီး
တံခွန်တိုင်ကျေးရွာသည် ယခုအခါ အိမ်ခြေ(၁၅၀)ခန့်
ရှိကာ လူဦးရေ(၁၀၀၀)ခန့်သာရှိသည်။ ၎င်းကျေးရွာ
ဘုန်းတော်ကြီးကျောင်းအောက်တွင် ရှေးဟောင်းအမွေ
အနှစ်အဖြစ်အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက်ထား
သော သစ်ပင်တည်းကိုထွင်းထုထားသည့် ရှေးအကျဆုံး
လှေတစ်စင်းကို တွေ့မြင်ခဲ့ရသည်။
        အဆိုပါလှေကြီး၏ အမည်မှာ " စေတီ "ဟုရေးထိုး
ထားပြီး ရှေးကျဆုံးတက်မကြီးတစ်ခုကိုလည်းတွေ့မြင်ခဲ့
ရသည်။ ယင်းသစ်တစ်လုံးထွင်းလှေကြီး၏ သက်တမ်းကို
 တိကျစွာမသိရသော်လည်း မင်းတုန်းမင်း တရားကြီးနှင့်
 သီပေါမင်းလက်ထက် (၁၂၃၀) ခုနှစ် မှ (၁၂၄၄)ခုနှစ်ထိ
 (၇) ရွာတိုက်အုပ်ဆရာတော် ဦးအာသဘ (ဦးချိန်) လက်
ထက်တွင် ၀န်းသိုမြို့နယ် မော်ခါးကျေးရွာ ရွှေမှူးဖြစ်သူမှ
 မိုင်းသုံတောင်မှ ကျွန်းတစ်လုံးကို ခုတ်ယူ၍ ဆင်များဖြင့်
ဆွဲချလှူဒါန်းခဲ့သည်။
         ယင်းနောက် ကျွန်းသစ်လုံးကြီးကို တံခွန်တိုင်ကျေးရွာ
သားများက လှေတစ်စီးအဖြစ် ထုတွင်းပြီး မဲဇာချောင်းအတိုင်း
တံခွန်တိုင်ကျေးရွာသို့ မျှောချသယ်ဆောင်၍  ကျေးရွာသို့
 ရောက်သောအခါ ပြန်လည်အချောကိုင် ထုထွင် သုံးစွဲကြ
သည်ဟု ဆိုပါသည်။
         ထိုကဲ့သို့ လှေကြီးနှစ်စင်းကို ထုထွင်ပြီး " စေတီ "နှင့်
 "မင်းကျော် " ဟု ခေါ်တွင်ခဲ့ကြကြောင်း ယင်းနောက် ထိုလှေ
များကို လှော်ခတ်ရန်အတွက်လည်း လှေလှော်တက်ကြီး(၅)ခု
ကိုပါ ပြုလုပ်သုံးစွဲခဲ့ကြသည်။ သီပေါမင်းလက်ထက် (၁၂၄၄-
၁၂၄၅) ခုနှစ်တွင် ဖြစ်ပွားသော မငြိမ်မသက်မှုတစိခု ဖြစ်ပွားစဉ်
 "မင်းကျော် " ဆိုသည့် လှေကြီးတစ်စင်းကို  သူပုန်များက
ခုတ်ထစ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထို့ကြောင့် "မင်းကျော် "
ဆိုသည့်လှေကြီး၏ အလျား၊ အနံကို ယခုထိတိုင် နောင်လာ
နောက်သားများ မသိရှိရကြောင်းဟု ဆိုပါသည်။
      တံခွန်တိုင်ကျေးရွာသည် ရှေးဟောင်းရွာတစ်ရွာဖြစ်ခဲ့သော
ကြောင့် ရှေးဟောင်းကျွန်းသစ်တစ်လုံးထွင်း လှေကြီးနှင့်အတူ
 ရှေးဟောင်းအခြားပစ္စည်းများလည်းရှိ၏။ ထိုပစ္စည်းများကိုလည်း
 စုဆောင်းရှာဖွေ ထားကြရာ ရှေးဟောင်းသမိုင်းအမွေအဖြစ်
ကြည့်ရှုနိုင်ရန် ဖိတ်ခေါ်လျှက်ရှိပြီး လာရောက်လေ့လာလိုပါက
မန္တလေး -မြစ်ကြီးနား မဟာဗျူဟာကားလမ်းမကြီးအတိုင်း
မန်လည်လမ်းခွဲသို့ (၅)မိုင်ခန့် ၊ ထိုမန်လည်မှ တံခွန်တိုင်ရွာသို့
(၂)မိုင်ခန့် ခရီးရှိပြီး ကား၊ ဆိုင်ကယ်များဖြင့် သွားရောက်
လေ့လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
                                               စိုင်းလူမင်း-မီဒီယာဂရု
                                              Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment