For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 25 May 2014

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ခရိုင်ရုံး စစ်ကိုင်းမှ ကောလင်း၊၀န်းသို ၊ ပင်လည်ဘူးမြို့နယ်ရှိ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်(၁၄၄၅) စီးအား မှတ်ပုံတင်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကုန်းလမ်းပို့ဆောင်ရေး
ညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ရုံး၊ စစ်ကိုင်းမှ ဒုတိယဦးစီးမှူး
ဦးဇော်ဇော် ဦးဆောင်သော ၀န်ထမ်းများသည် One Stop
Service စနစ်ဖြင့် ကောလင်း၊ ၀န်သို၊ ပင်လည်ဘူးမြို့နယ်
တို့တွင် မေလ(၅)ရက်မှ မေ(၁၉)ရက်နေ့အထိ တရားမ၀င်
ဝင်ရောက်လျှက်ရှိသော မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်
များအား မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့
ကြောင်းသိရသည်။
အဆိုပါ အဖွဲ့သည် သက်ဆိုင်ရာမြို့နယ်များမှ အကောက်
ခွန်ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေးဘဏ်
တို့နှင့် ပူးပေါင်း၍ ၀န်းသိုမြို့နယ်တွင် မေ(၅)ရက်မှ (၉)ရက်
နေ့အထိ မှတ်ပုံတင်မဲ့ ဆိုင်ကယ်စီးရေ (၃၂၉) စီးအားလည်း
ကောင်း၊ ပင်လည်ဘူးမြို့နယ်တွင် မေ(၁၂)ရက်မှ (၁၆)ရက်နေ့
အထိ မှတ်ပုံတင်မဲ့ ဆိုင်ကယ်စီးရေ (၃၈၁)စီး၊ကောလင်းမြို့နယ်
မေ(၁၉)ရက်မှ (၂၃)ရက်နေ့အထိ မှတ်ပုံတင်မဲ့ ဆိုင်ကယ်စီး
ရေ (၇၃၅)စီး၊ စုစုပေါင်း (၁၄၄၅)စီးအား မှတ်ပုံတင်ပေးခြင်း
လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ယခင်က ကောလင်း၊၀န်းသို၊ ပင်လည်ဘူးမြို့နယ်သို့
တရားမ၀င် ၀င်ရောက်လျှက်ရှိသော လိုင်စင်မဲ့ မော်တော်ဆိုင်
ကယ်များအား ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊
ခရိုင်ရုံး၊ စစ်ကိုင်းမှ မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်များအား
မှတ်ပုံတင်ပေးခြင်းလုပ်ငန်းနှင်
့ မှတ်ပုံတင်မဲ့မော်တော်ယာဉ် ၊
မော်တော်ဆိုင်ကယ်များ မှတ်ပုံတင်ခြင်း ၊ ယာဉ်မောင်းလိုင်စင်
လုပ်ငန်းများအား လိုင်စင်သက်တမ်းတိုးခြင်း တို့ကို ကောလင်းမြို့
တွင် အခြေပြု၍ ဆောင်ရွက်ခဲ့သည့်အတွက် ပင်လညါဘူးနယ်
၊ ၀န်းသိုနယ်မှ ဒေသခံများ၊ ကောလင်းမြို့သို့ လာရောက်ပြုလုပ်
သည့်အတွက် သွားလာရေးစရိတ်၊ တည်းခိုစရိတ်၊ ထမင်းစားစရိတ်
များ ငွေကုန်ကြေးကျများသည့်အတွက် ယာဉ်မောင်း လိုင်စင်လုပ်
သူများ၊မော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းများအား စိတ်ပါဝင်
မှုနည်းပါးခဲ့သည်ဟု သိရသည်။
နိုင်ငံတော်အတွင်း တရားမ၀င် ၀င်ရောက်လျှက်ရှိသော မှတ်ပုံ
တင်မဲ့ မော်တော်ဆိုင်ကယ်များအား ကုန်းလမ်းပို့တောင်ရေးညွှန်ကြား
မှု ဦးစီးဌာန၊အကောက်ခွန်ဦးစီးဌာန၊ မြန့်မာ့အာမခံလုပ်ငန်း၊
မြန်မာ့စီးပွားရေးဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့များမှ ပူးပေါင်း၍ One Stop Service စနစ်ဖြင့် ၂၀၁၄ခုနှစ်၊
ဖေဖော်ဝါရီ (၁၇)ရက်နေ့မှစတင်၍ မှတ်ပုံတင်ပေးခြင်းလုပ်ငန်းများ
ဆောင်ရွက်ပေးလျှက် ရှိသည်။
ထို့ောကာင့် ထုတ်ပြန်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း
များကို ရေးသားလိုက်နာစေလို၍ ယခုစီမံချက်ဖြင့် ဆောင်ရွက်ခြင်း
သည် နောက်ဆုံးအကြိမ် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သတ်မှတ်
ကာလအား တိုးချဲ့ဆောင်ရွက်ပေးခြင်းနှင့် ထပ်မံ၍ နောက်တစ်ကြိမ်
ဆောင်ရွက်ပေးခြင်းများအား ပြုလုပ်ပေးမည်မဟုတ်ကြောင်း သိရှိရပြီး
သတ်မှတ်ကာလ ဇူလိုင်(၄)ရက်ထက် ကျော်လွန်လျှင် တရားမ၀င်
မှတ်ပုံတင်ပြုလုပ်ထားခြင်း မရှိသည့် မှတ်ပုံတင်မဲ့ မော်တော်ဆိုင်ကယ်
များအား စစ်ဆေးအရေးယူခြင်းများကို ဥပဒေများနှင့်အညီ တိကျစွာ
ပြုလုပ်သွားမည်ဟု သိရသည်။
စိုင်းလူမင်း ၊ မီဒီယာဂရု
Sailumin35@gmail.com



>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment