စုမြတ်သူ....
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်မိုင်းလီကျေးရွာ
အုပ်စု၊ မိုင်းအင်းကျေးရွာနှင့် အိုးကုန်းကျေးရွာတို့တွင် မေ ၂၅ရက်
မွန်းလွဲ ၂နာရီ ခန့်က လေဆင်နှာမောင်း ဖြတ်သန်းမှုကြောင့် နေအိမ်
တချို့နှင့် အဆောက်အအုံတချို့ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း
သိရသည်။
အဆိုပါ ပျက်စီးဆုံးရှုံးမှုများအတွက် မြို့နယ် အထွေထွေအုပ်ချုပ်
ရေးမှူးနှင့် ဒေသဦးစီးအဖွဲ့မှ မေ ၂၆ ရက် နံနက်၁၀နာရီခွဲက ကူညီပံ့ပိုး
ပေးမှုများ ဆောင်ရွက်ပေးခဲ့ရာ မိုင်းအင်ကျေးလက်ဆေးပေးခန်းတွင်
ဦးဘသင်းအားငွေကျပ် ၂၅၀၀၀၀ ကိုလည်းကောင်း၊ အိုးကုန်းကျေးရွာ၇ှိ
ဆန်စက်၊ ဆီစက် ပိုင်ရှင် ဦးငြိမ်းမောင်အား ငွေကျပ် ၃၀၀၀၀၀၊ ဦးမောင်
လေး အားငွေကျပ် ၁၀၀၀၀၀ကိုလည်းကောင်း တာဝန်ရှိသူများက ကူညီ
ပံ့ပိုးပေးခဲ့ပြီး ၊ လေဆင်နှာမောင်းကြောင့် ပြိုလဲခဲ့၍ ပြန်လည်တည်ဆောက်
ဆဲ ဓာတ်တိုင်များကိုလည်း အသစ်ပြန်လည်စိုက်ထူပေးသွားမည်ြ
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment