စာရေးသူ တို့ နေထိုင်သူ လူမှုပတ်ဝန်းကျင်တွင်
လိုက်လျော ညီထွေနေနိုင်ကြသော ရာသီအလိုက်
ပုတ်သင်ညိုကဲ့သို့ အရောင်ပြောင်းပြီး နေထိုင်ကြ
သူများသာလျှင် လောကီ၏စည်းစိမ် ချမ်းသာကိုရရှိ
ခံစားနိုင်ကြသူတွေကို တွေ့ရမည်ဖြစ်ပါသည်။လူ့
ပတ်ဝန်းကျင်နှင့် အညမညဖြစ်အောင် နေထိုင်မှုမရှိ
လျှင် တစ်ရက်တာ ၀မ်းရေးအတွက်ကို ပင်ပန်းကြီးစွာ
ရှာကြံစားသောက်ကြရမည် ဖြစ်ပါသည်။
ထိုသို့သော အကြောင်းအရာများကို အခြေခံပြီး
လူအချို့သည် ဥပဒေအား မျက်ကွယ်ပြု၍ ထင်ရာ
စိုင်းကာ ဥပဒေမဲ့လုပ်ရပ်များအား လုပ်ကိုင်ဆောင်
ရွက်လာကြလေသည် ။စာရေးသူနှင့် ရင်းနှီးသော
မိတ်ဆွေသင်္ဂဟ အချိုသည်လည်း တိုးတက်မြှင့်မား
လာသောလူမှုစရိုက်နှင့် ကြီးထွားလာသောကုန်ဈေး
နုန်းများကို အခြေခံပြီး ဥပဒေမဲ့သော ငွေရှာခြင်းကို
ထွက်ဖောက်အဖြစ် အသုံးချလာကြသည်ကို မြင်တွေ့
လာရသည်။
နံနက်လင်းသည်နှင့် မျက်နှာသစ် ရေချိုးပြီး
ထုံးစံမပျက် လက်ဖက်ရည်ဆိုင် သို့ ထွက်လာပြီး
မိတ်ဆွေအပေါင်းအသင်းများနှင့် ၀ိုင်းထိုင်လိုက်
သည်ဆိုသည်နှင့် မျိုးစုံသောစကားတို့ကို ကြားရပါ
တော့သည်။ကိုယ်ကျင်လည်ရာ အသိုင်းအ၀ိုင်းအ
လိုက် အုပ်စုဖွဲ့ထိုင်ပြီး ဘောလုံးလောင်းကစားများ
ကလည်း ဘယ်သူကတော့ မောင်းအောင်သွားတယ်
ငါတော့တပွဲရှုံးလို့မောင်းကျိုး
တယ်ဆိုသော စကား
များနှင့် အတူဘောလုံးပွဲမောင်းလက်မှတ်ရော င်းသူ
ကလည်း စာရွက်ကလေးတွေလိုက်ကမ်းပေးနေကြ
သည်ကို တွေ့ရသည်။ တဖန် ၂လုံးသမားအုပ်စုတွေ
မှာလည်း ဒီနေ့တော့ ဘယ်ကီး၊ဘာအလုံးပိုင် ဘာ
ဘရိတ် ဆိုသူများကတစ်မျိုး ၎င်း အပြင်၃လုံးသမား
တွေကလည်း ဒီအပတ်တော့ အလယ်တိုင်ကဘာ
ဘယ်ပေတံနဲ့ညှိ ထိုးလိုက်ရင် သေချာပေါက်အပိုင်
ကွက်ဆိုသူများက တစ်ဖွဲ့ သစ်အဖွဲ့သားများမှလည်း
ကားငှားရမလွယ်ကြောင်း ဂိတ်ကြေးတွေတိုးမြှင့်လာ
ပြီး မြို့ဝင်ကြေးကလည်းများလာသဖြင့် ရောင်းရတာ
အမြတ်အစွန်းနည်းပါးနေကြောင်း စသည့်ဖြင့် မိမိကျင်
လည်ရာ အသိုင်းအ၀ိုင်းအလိုက် နေ့စဉ်နှင့်အမျှ တွေ့
မြင်နေရသည်။
ဥပဒေနှင့် မလွှတ်ကင်းသည့် လုပ်ငန်းများဖြစ်
ကြသဖြင့် ဖဲသမားအိပ်ထောင်လို ပိန်လိုက်ဖောင်းလိုက်
ဖြင့် လုံးလည်ချာခတ်ကာ အချို့မှာထောင်ထဲသို့ ရောက်
သည့်သူကရောက်ဖြင့် ဘ၀တိုက်ပွဲဆင်နွဲနေကြရသည်။
ထိုအချိန်တွင် အပြုးမပျက်သူကတော့ လောင်းကစားဒိုင်
များ၊သစ်ကုန်သည်ကြီးများနှင့် အထွေထွေစရိတ်အတွက်
ကောက်ခံသူအဖွဲ့အစည်းများဘဲ ဖြစ်ပါသည်။ ထိုမှတပါး
အခြားသီးသန့် လူစွမ်းကောင်းများလည်း ရှိသေးသည်
ငါ့ကိုဆက်ကြေးမပေးလျှင် တိုင်မည်ဆိုသူများပင် မည့်
သည့်လူကြီး၊ ၀န်ကြီးနှင့် ပဏ္ဏစားသည် ဆို၍ ထိုသူထံ
သို့မှ ခွဲတမ်းပေးနေရသယောင်ယောင်ဖြင့် လေတလုံး
မိုးတစ်လုံးဖြင့် ငွေညစ်နေကြသူများမှာ လွန်စွာမှ စီးပွား
ရေးလမ်းကြောင်းဖြောင့်နေပေသည်။ ထိုသို့သောအခါ
တွင် စာေ၇းသူစိတ်ထဲမှာဥပဒေဆိုသည်မှာ အလုံးလား၊
အပြားလား မေးစရာဖြစ်လောက်အောင်ပင် ဖြစ်နေသည်
ဟု တွေးထင်မိပါတော့သည်။
နိုင်းမရ(ကောင်းလင်း)
>>>>>>>>>>>>>>>>>>>>>
လိုက်လျော ညီထွေနေနိုင်ကြသော ရာသီအလိုက်
ပုတ်သင်ညိုကဲ့သို့ အရောင်ပြောင်းပြီး နေထိုင်ကြ
သူများသာလျှင် လောကီ၏စည်းစိမ် ချမ်းသာကိုရရှိ
ခံစားနိုင်ကြသူတွေကို တွေ့ရမည်ဖြစ်ပါသည်။လူ့
ပတ်ဝန်းကျင်နှင့် အညမညဖြစ်အောင် နေထိုင်မှုမရှိ
လျှင် တစ်ရက်တာ ၀မ်းရေးအတွက်ကို ပင်ပန်းကြီးစွာ
ရှာကြံစားသောက်ကြရမည် ဖြစ်ပါသည်။
ထိုသို့သော အကြောင်းအရာများကို အခြေခံပြီး
လူအချို့သည် ဥပဒေအား မျက်ကွယ်ပြု၍ ထင်ရာ
စိုင်းကာ ဥပဒေမဲ့လုပ်ရပ်များအား လုပ်ကိုင်ဆောင်
ရွက်လာကြလေသည် ။စာရေးသူနှင့် ရင်းနှီးသော
မိတ်ဆွေသင်္ဂဟ အချိုသည်လည်း တိုးတက်မြှင့်မား
လာသောလူမှုစရိုက်နှင့် ကြီးထွားလာသောကုန်ဈေး
နုန်းများကို အခြေခံပြီး ဥပဒေမဲ့သော ငွေရှာခြင်းကို
ထွက်ဖောက်အဖြစ် အသုံးချလာကြသည်ကို မြင်တွေ့
လာရသည်။
နံနက်လင်းသည်နှင့် မျက်နှာသစ် ရေချိုးပြီး
ထုံးစံမပျက် လက်ဖက်ရည်ဆိုင် သို့ ထွက်လာပြီး
မိတ်ဆွေအပေါင်းအသင်းများနှင့် ၀ိုင်းထိုင်လိုက်
သည်ဆိုသည်နှင့် မျိုးစုံသောစကားတို့ကို ကြားရပါ
တော့သည်။ကိုယ်ကျင်လည်ရာ အသိုင်းအ၀ိုင်းအ
လိုက် အုပ်စုဖွဲ့ထိုင်ပြီး ဘောလုံးလောင်းကစားများ
ကလည်း ဘယ်သူကတော့ မောင်းအောင်သွားတယ်
ငါတော့တပွဲရှုံးလို့မောင်းကျိုး
များနှင့် အတူဘောလုံးပွဲမောင်းလက်မှတ်ရော
ကလည်း စာရွက်ကလေးတွေလိုက်ကမ်းပေးနေကြ
သည်ကို တွေ့ရသည်။ တဖန် ၂လုံးသမားအုပ်စုတွေ
မှာလည်း ဒီနေ့တော့ ဘယ်ကီး၊ဘာအလုံးပိုင် ဘာ
ဘရိတ် ဆိုသူများကတစ်မျိုး ၎င်း အပြင်၃လုံးသမား
တွေကလည်း ဒီအပတ်တော့ အလယ်တိုင်ကဘာ
ဘယ်ပေတံနဲ့ညှိ ထိုးလိုက်ရင် သေချာပေါက်အပိုင်
ကွက်ဆိုသူများက တစ်ဖွဲ့ သစ်အဖွဲ့သားများမှလည်း
ကားငှားရမလွယ်ကြောင်း ဂိတ်ကြေးတွေတိုးမြှင့်လာ
ပြီး မြို့ဝင်ကြေးကလည်းများလာသဖြင့် ရောင်းရတာ
အမြတ်အစွန်းနည်းပါးနေကြောင်း
လည်ရာ အသိုင်းအ၀ိုင်းအလိုက် နေ့စဉ်နှင့်အမျှ တွေ့
မြင်နေရသည်။
ဥပဒေနှင့် မလွှတ်ကင်းသည့် လုပ်ငန်းများဖြစ်
ကြသဖြင့် ဖဲသမားအိပ်ထောင်လို ပိန်လိုက်ဖောင်းလိုက်
ဖြင့် လုံးလည်ချာခတ်ကာ အချို့မှာထောင်ထဲသို့ ရောက်
သည့်သူကရောက်ဖြင့် ဘ၀တိုက်ပွဲဆင်နွဲနေကြရသည်။
ထိုအချိန်တွင် အပြုးမပျက်သူကတော့ လောင်းကစားဒိုင်
များ၊သစ်ကုန်သည်ကြီးများနှင့် အထွေထွေစရိတ်အတွက်
ကောက်ခံသူအဖွဲ့အစည်းများဘဲ ဖြစ်ပါသည်။ ထိုမှတပါး
အခြားသီးသန့် လူစွမ်းကောင်းများလည်း ရှိသေးသည်
ငါ့ကိုဆက်ကြေးမပေးလျှင် တိုင်မည်ဆိုသူများပင် မည့်
သည့်လူကြီး၊ ၀န်ကြီးနှင့် ပဏ္ဏစားသည် ဆို၍ ထိုသူထံ
သို့မှ ခွဲတမ်းပေးနေရသယောင်ယောင်ဖြင့် လေတလုံး
မိုးတစ်လုံးဖြင့် ငွေညစ်နေကြသူများမှာ လွန်စွာမှ စီးပွား
ရေးလမ်းကြောင်းဖြောင့်နေပေသည်။ ထိုသို့သောအခါ
တွင် စာေ၇းသူစိတ်ထဲမှာဥပဒေဆိုသည်မှာ အလုံးလား၊
အပြားလား မေးစရာဖြစ်လောက်အောင်ပင် ဖြစ်နေသည်
ဟု တွေးထင်မိပါတော့သည်။
နိုင်းမရ(ကောင်းလင်း)
No comments:
Post a Comment