For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Wednesday 28 May 2014

အမရပူရမြို့နယ်တွင် စက်ရက်ကန်းလုပ်ငန်းများကို တွင်ကျယ်စွာလုပ်ကိုင်သူ များပြားလာခြင်းနှင့် အတူ ရက်ကန်းခတ်သူ အလုပ်သမားများ ရှားပါးလာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
     မန္တလေးမြို့ အမရပူရမြို့နယ် အတွင်းရှိ ကျေးရွာ
များဖြစ်သော ဆင်ရွာ၊မြင်းမူး၊ စာတော်၊မြစ်တူး၊လိပ်
ဆံခွန်စသည့် ကျေးရွာများသည် အိမ်တွင်းအသေးစား
စက်မှုလုပ်ငန်းတစ်ခုဖြစ်သော တစ်ပိုင်တစ်နိုင် စက်ရက်
ကန်းလုပ်ငန်းများကို လုပ်ကိုင်လာသူ များပြားလာခြင်းနှင့်
အတူ  ရက်ကန်းခတ်အလုပ်သမားများ ရှားပါးလာသည်ဟု
သိရသည်။
      "  ကျွန်မတို့ရွာကို ကျောက်စိမ်းဘုရားတဲ့၊ ကျောက်စိမ်း
ဓမ္မရုံတည်လိုက်တော့ မြေဈေးတွေက အဆမတန်မြင့်လာ
တယ်၊ အရင်တုန်းကဆိုရင် ရက်ကန်းအငှားခတ်နေသူတွေက
လည်း မြေတစ်ကွက်လောက် ရောက်ချပြီး ကိုယ်ပိုင်ရက်ကန်း
လုပ်ငန်းတွေ တည်ထောင်လုပ်ကိုင်လာကြပါတယ်၊ အဲ့ဒီတော့
 အလုပ်အကိုင်အခွင့်အလန်းတွေများ
လာပြီး ရက်ကန်းခတ်သူ
တွေကလည်း ဈေးပိုပေးရာသို့ လိုက်ခတ်ကြတယ်။ ကြိုတင်ငွေ
ကျပ်(၂)သိန်း (၃)သိန်း ပေးထားရပါတယ်" မြင်းမူကျေးရွာမှ
 ဒေသခံတစ်ဦးမှ ပြောပြပါတယ်။
       "  ရက်ကန်းခတ်သူတွေအနေနဲ့ အမျိုးသမီးဝတ်လုံချည်
တစ်စင်တစ်တန်းပြီးလျှင် လုံချည်ကွင်း(၂၇၀)ခန့် ထွက်ပါတယ်
 ၊ (၁)ကွင်း ငွေကျပ်(၁၀၀)ခတ်ခပေးရတယ်။တစ်လကို အမျိုးသမီး
ဝတ်(၃၀)နဲ့ အမျိုးသားဝတ်တစ်စင်ပြီးတော့ တစ်လကို ငွေကျပ်
(၁၂၀၀၀၀ိ/-)ကျော်တွက်ခြေကိုက်ကြပါတယ်၊။ရက်ဖောက်ပေးသူ
ကတော့ တစ်စင်ကို ငွေကျပ်(၁)သောင်းပေးရပြီး (၈)စင်၊ (၉)စင်ဖိုး
ပေးရတယ်၊ ရက်ကန်းခတ်သူတွေကတော့ အဆင်ပြေကြပါတယ်။
 ပိုင်ရှင်မှာက အရင်းအနှီးများတော့ တွက်ခြေကိုက်မှုနည်းပါတယ်"
ဟု လိပ်ဆံခွန်ကျေးရွာမှ ဒေသခံတစ်ဦးမှ ပြောပြသည်။
                                   စိုင်းလူမင်း-မီဒီယာဂရု
                                        Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment