ဘဘဦးဝင်းတင် အလွမ်ပြေ
ဒီနေ့ကိုယ်လည်းအားနေလို့ စာလေးတစ်ပုဒ် ဖတ်ပြီး
မျက်စိကလည်းညောင်း မနေ့က ပင်ပမ်းခဲ့တာကြောင့်
အပမ်းလည်းဖြေရင်း အပျင်းလည်း ပြေ စကားပြောဖော် မျှော်တုန်း
ဆိုင်ကယ်တစ်စီး ဝင်လာတဲ့ အသံကြောင့် မော့အကြည့်မှာ
ရွှင်ပြုံးသောမျက်နှာ ငြိမ်သက်သော ခြေလှမ်းများနှင့်
ဝင်လာသောသူကို သတိထားကြည့်လိုက်တော့ ကိုယ့် တွေ့ချင်နေတဲ့သူ
ကိုယ်မျှော်နေသူ စာရေးဆရာ ငြိမ်းမောင်မောင်လှိုင်
ဖြစ်နေတာကြောင့် အရမ်းဝမ်းသာမိခဲ့ပါတယ်။
အခုလိုတွေ့ကြတုန်း ဟိုရောက်ဒီရောက်
ပြောကြရင်း နောက်ဆုံးတော့ ဘဘကြီးဦးဝင်တင်ရဲ့ အကြောင်းအရာများ ဆီ ရောက်သွားရင်း နဂိုအမူအရာတွေက နေ ဝမ်းနည်းသတရင်း
ဆရာငြိမ်းမောင်မောင်လှိုင် က သူစပ်ဆိုခဲ့တဲ့ အန္တိမ ဈာပန ကဗျာလေးကို အသံနေအသံထားနဲ့ အခုလို သီဆိုခဲ့ပါတယ် ။
အခုလိုတွေ့ကြတုန်း ဟိုရောက်ဒီရောက်
ပြောကြရင်း နောက်ဆုံးတော့ ဘဘကြီးဦးဝင်တင်ရဲ့ အကြောင်းအရာများ ဆီ ရောက်သွားရင်း နဂိုအမူအရာတွေက နေ ဝမ်းနည်းသတရင်း
ဆရာငြိမ်းမောင်မောင်လှိုင်
အန္တိမ ဈာပန
ယုံကြည်ချက်ဆိုတာ....
ဘဝအောင်မြင်မှုရဲ့ လမ်းစဖြစ်တယ်။
သို့သော်
အလိုကျမှု မကျမှုကို ရှေ့ တန်းမတင်ဘဲ
သဘာဝကျတဲ့ ကြောင်းကျိုးညီညွတ်မှုရှိပါမှ
အဲဒီယုံကြည်ချက်ဟာ သန့်ရှင်းမွန်မြတ်တယ်။
အဲဒီလမ်းကို လျှောက်လှမ်းဖို့ရာ .......
ပထမ။ ။ ပုံစံခွက်ထဲအံဝင်ဂွင်ကျဖြစ် အောင်
ကြိုးစားရပါမယ်............
ဒုတိယ။ ။ အဲဒီပုံစံခွက်ထဲက
ပြန်ထွက်နိုင်အောင်
ကြိုးစားရပါမယ် ..........
တတိယ။ ။ အဲဒီအခါ ကိုယ်ပိုင်ပုံစံ
ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ဘဝကို
အောင်မြင်မှု လမ်းပေါ်
လျှောက်လှမ်းလို့ရပြီ .........
စတုတ္ထ။ ။ ဘဝဆိုတာ ဘာမှ
မဟုတ်ပါဘူးလို့ သိလိုက်ပြီဆိုရင် ကိုယ်လျှောက်နေတဲ့ ခရီးတစ်ခု ပြီးဆုံးသွားခဲ့ပြီ။ ။
အဲလိုဆိုရင်းနဲ့ အားမရတာကြောင့်
စကားစု တစ်ခုကိုလည်း ရင်ဖွင့်မိ ပြန်ပါတယ်။
တန်ဖိုးမမဲ့လိုသော သုဂတိ ဘဝများ
ဘဝအောင်မြင်မှုရဲ့ လမ်းစဖြစ်တယ်။
သို့သော်
အလိုကျမှု မကျမှုကို ရှေ့ တန်းမတင်ဘဲ
သဘာဝကျတဲ့ ကြောင်းကျိုးညီညွတ်မှုရှိပါမှ
အဲဒီယုံကြည်ချက်ဟာ သန့်ရှင်းမွန်မြတ်တယ်။
အဲဒီလမ်းကို လျှောက်လှမ်းဖို့ရာ .......
ပထမ။ ။ ပုံစံခွက်ထဲအံဝင်ဂွင်ကျဖြစ်
ကြိုးစားရပါမယ်............
ဒုတိယ။ ။ အဲဒီပုံစံခွက်ထဲက
ပြန်ထွက်နိုင်အောင်
ကြိုးစားရပါမယ် ..........
တတိယ။ ။ အဲဒီအခါ ကိုယ်ပိုင်ပုံစံ
ကိုယ်ပိုင်ဟန်နဲ့ ကိုယ့်ဘဝကို
အောင်မြင်မှု လမ်းပေါ်
လျှောက်လှမ်းလို့ရပြီ .........
စတုတ္ထ။ ။ ဘဝဆိုတာ ဘာမှ
မဟုတ်ပါဘူးလို့ သိလိုက်ပြီဆိုရင် ကိုယ်လျှောက်နေတဲ့ ခရီးတစ်ခု ပြီးဆုံးသွားခဲ့ပြီ။ ။
အဲလိုဆိုရင်းနဲ့ အားမရတာကြောင့်
စကားစု တစ်ခုကိုလည်း ရင်ဖွင့်မိ ပြန်ပါတယ်။
တန်ဖိုးမမဲ့လိုသော သုဂတိ ဘဝများ
သုံးဆယ့်တစ်မျိုးသော သံသရာဘဝ ခရီးထဲက သုဂတိဘုံဌာန ကြုံရာဘဝမှာ ကျရာတာဝန်တွေကို ကျေပွန်အောင်ဆောင်ရွက်နိုင်
ပါမှ ထိုဘဝတန်ဖိုးရှိမယ်။ အသက်ရှင်ရကျိုးနပ်မယ်။ သို့မဟုတ်ပါက
အသက်ရှင်၇ကျိုးမနပ်။ တန်ဖိုးမဲ့ချည့် ဖြစ်သွားရလိမ့်မည်။
အဲဒီစကားတွေကတော့ ဆရာငြိမ်းမောင်မောင်လှိုင် ရဲ့
ရင်ဖွင့်သံစဉ်လှိုင်း ဖြစ်ပါတယ်။
အဲဒီစကားတွေကတော့ ဆရာငြိမ်းမောင်မောင်လှိုင်
ရင်ဖွင့်သံစဉ်လှိုင်း ဖြစ်ပါတယ်။
ဆရာငြိမ်းလည်း စိတ်တိုင်းကျ ရင်ဖွင့်လိုက်ရလို့
ကျေနပ်မိမယ်လို့ ထင်မိပါတယ်။ ဒီလိုနဲ့ ဟိုရောက်ဒီရောက်
စကားတွေပြန်ပြောကြပါသေးတယ် ။
အဲဒီလိုပြောနေစဉ်မှာ ဖုန်းလာလို့ ဖုန်းကိုကိုင်လိုက်ရုံတင်ရှိ
သေး တစ်ဖက်ကလည်း ဆရာငြိမ်းလို ဘဘဦးဝင်းတင် ဈာပနနေ့က
ရွတ်ဆိုခဲ့တဲ့ ကဗျာလေးကို စာရေးဆရာ နိုင်ယုဝေ က ဌာန်တွေ မာန်တွေ
မုတွေ အပြည့်နဲ့
သူစပ်ခဲ့တဲ့ ကဗျာလေးကို အခုလိုသီဆိုခဲ့ပါတယ်.....
နောက်ကလိုက်ပေမယ့်........
အဲဒီလိုပြောနေစဉ်မှာ ဖုန်းလာလို့ ဖုန်းကိုကိုင်လိုက်ရုံတင်ရှ
သူစပ်ခဲ့တဲ့ ကဗျာလေးကို အခုလိုသီဆိုခဲ့ပါတယ်.....
နောက်ကလိုက်ပေမယ့်........
ဘယ်တော့မှ ရပ်တည်မှာမဟုတ်ဘူး
ဆိပ်ဆိပ်နေခြင်းဟာ
ဝန်ခံရာရောက်ပေမဲ့
မိခင်ဝမ်းတွင်းမှာ
အိပ်နေစဉ်မှာ
ရေပြင်အောက်ရောက်တုန်းနဲ့
သေခြင်းကိစ္စရင်ဆိုင်စဉ်
အထင်မမှားကြေး
ရှေ့ကမသွား
နောက်ကလည်းမလိုက်
ဘေးတိုက်လည်းမဟုတ်
မလုပ်မဖြစ်လုပ်ချိန်တန်လို့ လုပ်နေရတဲ့ဖြစ်အင်
အပြစ်ဆိုတာ
ချစ်ချင်ခြင်းမုန်းချင်ခြင်းနဲ့ ဆက်နွယ်သမို့
ရောင်းရင်းတို့ 
ဆင်ခြင်မှုအပြည့်ထား
မမှားကြကြေးနော်။ ။
ကဗျာဆရာနိုင်ယုဝေရဲ့
ဖုန်းထဲမှ ရွတ်ဆိုတဲ့ အသံကို ကဗျာပေါ်မှာ စိးမျောပြီး အရသာ ခံစားမိပါတယ်။
ဒါပေမယ့်လေ ကဗျာတွေရွတ်ပြ အရသာတွေ ခံစားခဲ့ရပေမယ့် အာသာမပြေ အားမလို အားမရနဲ့ ခံစားရင်း...
အလိုလိုရင်ထဲမှာ ပေါ်လာတဲ့ ကဗျာတွေက တန်းစီလို့ ....ခံစားမှုကို မြိုသိပ် ရှေ့ ဆုံးက ပေါ်လာတဲ့ ကဗျာလေးကိုအံကြိတ်ပြီး ကဗျာဆရာ မောင်မောင်လွင် (မြစ်ကွေ့ဧရာ) ရဲ့ ကဗျာလေးကို ရွတ်ဆိုမိတာက......
ဆိပ်ဆိပ်နေခြင်းဟာ
ဝန်ခံရာရောက်ပေမဲ့
မိခင်ဝမ်းတွင်းမှာ
အိပ်နေစဉ်မှာ
ရေပြင်အောက်ရောက်တုန်းနဲ့
သေခြင်းကိစ္စရင်ဆိုင်စဉ်
အထင်မမှားကြေး
ရှေ့ကမသွား
နောက်ကလည်းမလိုက်
ဘေးတိုက်လည်းမဟုတ်
မလုပ်မဖြစ်လုပ်ချိန်တန်လို့ လုပ်နေရတဲ့ဖြစ်အင်
အပြစ်ဆိုတာ
ချစ်ချင်ခြင်းမုန်းချင်ခြင်းနဲ
ရောင်းရင်းတို့ 
ဆင်ခြင်မှုအပြည့်ထား
မမှားကြကြေးနော်။ ။
ကဗျာဆရာနိုင်ယုဝေရဲ့
ဖုန်းထဲမှ ရွတ်ဆိုတဲ့ အသံကို ကဗျာပေါ်မှာ စိးမျောပြီး အရသာ ခံစားမိပါတယ်။
ဒါပေမယ့်လေ ကဗျာတွေရွတ်ပြ အရသာတွေ ခံစားခဲ့ရပေမယ့် အာသာမပြေ အားမလို အားမရနဲ့ ခံစားရင်း...
အလိုလိုရင်ထဲမှာ ပေါ်လာတဲ့ ကဗျာတွေက တန်းစီလို့ ....ခံစားမှုကို မြိုသိပ် ရှေ့ ဆုံးက ပေါ်လာတဲ့ ကဗျာလေးကိုအံကြိတ်ပြီး ကဗျာဆရာ မောင်မောင်လွင် (မြစ်ကွေ့ဧရာ) ရဲ့ ကဗျာလေးကို ရွတ်ဆိုမိတာက......
`` ဘဘဦးဝင်းတင်သေပြီတဲ့လား၊ ဒါဘယ်သူပြောလဲ၊ မသေဘူးကွ မသေဘူး။
ပြည်သူတွေက လေးစား သတင်းသမားတွေ အရေးထား၊ အကျဉ်းသမားတွေရဲ့စံပြ၊
နိုင်ငံရေးသမားတွေရဲ့ခေါင်းဆော င်၊ ဒီမိုကရေစီရဲ့ သူရဲကောင်း၊
ခွပ်ဒေါင်းတွေရဲ့လမ်းပြကြယ်၊ ဦးဝင်းတင်ကွ ဦးဝင်းတင်။ လေလှိုင်းတွေထဲ၊
စာဆောင်တွေထဲ၊ ထောင်နံရံတွေမှာ၊ ဦးဝင်းတင်ရဲ့အသံ၊ ဦးဝင်းတင်ရဲ့မာန်၊
တွန်းလှန်ဆဲ…၊ ရှင်သန်ဆဲ..၊ လွင့်ပျံဆဲ..။ အပြာရောင် အင်္ကျီမနှစ်သက်ဘဲ၊
မချွတ်တန်း ဇွတ်အတင်းဝတ်သူ၊ အပေးအယူလဲ…နိုး၊ ၄၀၁ လဲ..နိုး၊
အမျိုးသားအရေးအတွက် ဘ၀ပေးခါ၊ ကမ္ဘာကိုတောင် ကိုင်လှုပ်ခဲ့သူ။ အဘရေ…၊ အဘဈာပန
မြေကျခဲ့ပေမဲ့၊ ခွပ်ဒေါင်းအသံ၊ ခွပ်ဒေါင်းမာန်၊ ခွပ်ဒေါင်းအလံစိုက်သ၍၊
မသေဘူးဟေ့ မသေဘူးဟေ့ တဲ့ အင်း......မောလို့သာ နားရတာ
ကိုယ့်နှလုံးသားထဲမှာတော့ ဘဘဦးဝင်းတင်ကို အလွမ်းတမ်းတ ကဗျာများ
အာသာငန်းငန်း ရွတ်ဆိုဆဲပါပဲလေ........
သာကီနွယ်သွေး
No comments:
Post a Comment