For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 22 May 2014

ကောလင်းမြို့နယ်သစ်တောဦးစီးဌာနမှ မြေနီကျေးရွာတွင် တရားမ၀င် တမလန်းသစ်အား ဖမ်းဆီးရာတွင် ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိသည့်အတွက် ပိုင်ရှင်ကို ပြန်လည်ဖော်ထုတ်ပေးစေလို ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ကောလင်းမြို့နယ် မြေနိကျေးရွာမှ သောကသူဌေးမလေး၏
ရင်ဖွင့်စာ-
        စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင်၊ ကောလင်းမြို့နယ်
 မြေနီကျေးရွာတွင် လွန်ခဲ့သော ဖေဖော်ဝါရီ (၂၄)ရက် မွန်းလွဲ
(၂)နာရီအချိန်ခန့်တွင်  မြို့နယ်သစ်တောဌာနမှ သစ်တောဝန်
ထမ်းများသည် မြေနီကျေးရွာ၏ မြောက်ဘက်(၂)ဖာလုံခန့်ရှိ
ဦးဝင်း၏ သံပုရာခြံထဲတွင် တစ်ရွာတည်းနေ တရားမ၀င်
တမလန်းသစ်ဝယ်ယူထားသည့် ဖိုးသိန်းဆိုသူမှ စုပုံထားရှိသည်
ကို တွေ့ရှိရပြီး မောင်သန်းဝင်းဆိုသူမှ တမလန်းများအား ဖိုးသိန်း
 နှင့် ဖိုးညိမ်း လာရောက်အပ်နှံသည်ဖြစ်ကြောင်း သစ်တောဌာန
ကို ပြောဆိုသော်လည်း သစ်တောဝန်ထမ်းများမှ ပိုင်ရှင်မဲ့အဖြစ်
 ဖမ်းဆီးလိုက်သည့်အတွက် တစ်ရွာတည်းနေ ဒေါ်မြင့်ငွေအား
သစ်တောဦးစီးဌာနသို့ သွားရောက်တိုင်ကြားသည်ဟုဆိုကာ
 မကြာခဏဆိုသလို ခြိမ်းခြောက်ခံနေရသည့်အတွက် ဒေါ်မြင့်ငွေ
မှ အသက်အန္တရာယ်ကို စိုးရိမ်သည့်အတွက် ကောလင်းမြို့မရဲ
စခန်းတွင် အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
         ယခုအခါ ဒေါ်မြင့်ငွေမှာ အသက်အန္တရာယ်ကို စိုးရိမ်ရ
သည့်အတွက် တိုင်ကြားသော်လည်း တိုင်ကြားခံ ရသူဘက်မှ
အနိုင်ရမလို ဖြစ်နေပါသည်။ ထို့ကြောင့် ဒေါ်မြင့်ငွေသည် မေလ
 (၂၉) ရက်နေ့တွင် မြို့နယ်တရားရုံးတွင် စစ်ဆေးခံမည်ဖြစ်ပြီး
 ဒေါ်မြင်ငွေအနေဖြင့် မြို့နယ်တရားရုံးတွင် တရားမ၀င်တမလန်း
သစ်များ ၀ယ်ယူသည်ဆောင်သည့် ဖိုးသန်း၊ ဖိုးညိမ်းတို့ဖြစ်
ကြောင်း ၀န်ခံထွက်ဆိုမည်ဖြစ် ၍ တရားမ၀င်တမလန်းသစ်ခိုး
ထုတ်သူများအား ပြည်ထောင်စုဝန်ကြီး  ပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ နေပြည်တော်၊ တိုင်းဒေသ
ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်း
ရေး၊ မုံရွာမြို့နှင့် ဦးသာအေး၊ ၀န်ကြီးချုပ် တိုင်းဒေသကြီး အစိုးရ
အဖွဲ့တို့မှ တရားမ၀င်တမလန်းသစ်ခိုးထုတ်သည့် ပိုင်ရှင်များအား
 ပြန်လည်စစ်ဆေးဖော်ထုတ်ပေးနိုင်
ရန်အတွက် " ဥုံ " မှတဆင့်
ရေးသားတင်ပြအပ်ပါသည်။
                                         (သောကသူဌေးမလေး)
                                        မြေနီကျေးရွာ၊ ကောလင်းမြို့နယ်
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment