For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Saturday 24 May 2014
ဥပဒေ၏ နောက်ကွယ်မှာ(အပိုင်း-၁၂ ) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
     နိုင်ငံတော်မှ သစ်တောထိန်းသိမ်းရေးအတွက်
သစ်တောရဲတွေထပ်မံဖွဲ့စည်းပြီး သစ်တောကို
ထိန်းသိမ်းပြုပြင်စောင့်ရှောက်
နိုင်ဖို့ အတွက် ရည်ရွယ်ပြီး
စာရေးသူတို့ဒေသဘက်ကို လဆန်းရက်လောက်က
ရောက်ရှိလာခဲ့ပါတယ်။စာရေးသူတို့ဒေသခံတွေလည်း
ဝမ်းသာအားရနဲ့ပဲ ကြိတ်ပြီး ကြိုဆိုမိပါတယ်။
      ဒါပေမဲ့ ၀မ်းသာရတာက တစ်လတောင်မခံနိုင်ခဲ့ပါဘူး။
ရောက်ရောက်ခြင်းတော့သစ်တောတွေထဲကိုသွားပြီး အလုပ်
ကို ကျိုးကျိုးစားစား လုပ်ဆောင်နေကြတယ်လို့ထင်ရပေမဲ့
မကြာမှီမှာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။ ၁၈.၅.၂၀၁၄ ရက်နေ့
က မိတ်ဆွေတစ်ယောက်နဲ့ဆုံတော့ သစ်တောရဲတွေဆီက
 ၃ တန်ခန့်ရှိတဲ့ တမလန်းစကွဲယားတုံးတွေက်ု ၂သိန်းခွဲ
သာပေးရပြီး လက်လွဲရောင်းချလိုက်တာ ၁၀သိန်းကျော်
 မြတ်ကြောင်း စာရေးသူကိုခပ်ကြွားကြွားလေးပြောပါတယ် ။
အဲ့ဒီညမှာပဲ ၀ဲလာတောင်ကွင်းပြင်လို့ခေါ်တဲ့ မြတ်နိုးသူသစ်
ထုတ်လမ်းပေါ်မှ ဖြတ်သွားတဲ့ထင်းပကာကားတစ်စီးကို
သေနတ်နှင့် လိုက်ပြစ်ကြောင်းလဲ သိရပါတယ်။
       သေစေနိုင်တဲ့လက်နက်ကို ကိုင်တွယ်ပြီး ခုလိုစည်း
ကမ်းမဲ့လုပ်ဆောင်တာတွေကတော့ ဒေသခံတွေကြားမှာ
တအားအရုပ်ဆိုး အကျည်းတန်စေတဲ့ဖြစ်ရပ်မျိုးဖြစ်ပါတယ်
 နောက်ရက်၁၉.၅.၂၀၁၄ ရက်နေ့မှာဆိုရင် အချင်းချင်း အဝေ
မတည့်ခဲ့လို့ သေနတ်တွေကိုင်ပြီး ပစ်မယ်ခတ်မယ်လိုပ်လို့
ဘေးက၀င်ဆွဲကြရပါတယ်။ခေါင်းဆောင်လုပ်တဲ့ အကြပ်က
တော့ ဘာမှ မတတ်နိုင်လို့ အုပ်ချုပ်သူ ရဲမှူးကို အကြောင်း
ကြားလို့ ဒရောသောပါးပြေးလာပြီး ဖြေရှင်းပေးရတဲ့အထိ
 ဖြစ်ခဲ့ပါတယ်။
      အခြေအနေကြည့်ရတာတော့ အဖွဲ့စည်းက နေရာမှားပြီး
 ရောက်လာတာလို့ စာရေးသူထင်မိပါတယ် ခုဆိုရင် စာရေး
သူမိတ်ဆွေတွေလဲ  တမလန်းစကွဲယားတုံးလိုချင်ရင်တော
လက်နက်ကိုင်အစောင့်အရှောက်နဲ့ နယ်ဆုံးဖြစ်တဲ့တောင်မကြီး
ပေါ်ထိ လိုက်ပို့ပေးမှာဖြစ်လို့ သတင်းကောင်းလေးပါးလိုက်
ပါတယ်။
                                                   နိုင်းမရ(ကောလင်း)
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment