For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 15 May 2014

ဧရာဝတီမြစ်ကမ်းဘေးဝဲယာရှိ မြို့ရွာများ အမှိုက်များကို ဧရာဝတီမြစ်ကမ်းဘေးနှင့် မြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်း ရှောင်ကျဉ်သင့် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

Writen by :  နိုင်ကြီး(ကသာ)
မြန်မာနိုင်ငံ၏ အသက်သွေးကြောသဖွယ် ထင်ရှားအရေးပါလှသော မြစ်တစ်စင်းဖြစ်သည့် ဧရာဝတီမြစ်မှာ ယခုအချိန်တွင် ခြိမ်းချောက်မှုပေါင်း မြောက်များစွာတို့ဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံအတွင်း မြစ်ဖျားခံ၍ မြန်မာနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းကာ မြန်မာ့ပင်လယ်အော်ထဲသို့ စီးဆင်းဝင်ရောက်သော မြန်မာပိုင် မြစ်တစ်စင်းစင်စစ် ဖြစ်သည်ဟု ဖတ်မိ  မှတ်သားဘူးပါသည်။ ရှေးယခင် အချိန်မှပင် မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်၏ ကျေးဇူးကြီးမားမှုကြောင့် ရေကြောင်းသွားလာရေး ၊ကူးသန်းရောင်းဝယ်ရေး ကုန်စည်စီးဆင်းမှု အဆင်ပြေသည့်အပြင် ဧရာဝတီမြစ်၏ ပို့ချသော နှုံးတင်မြေနုများကြောင့် ကောက်ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းခြင်း ၊ လူမှုစီးပွားအဆင်ပြေ အောင်မြင်၍ မြို့ပြနှင့်ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာခြင်းကို များစွာအထောက်အကူပြုခဲ့ကြောင်း တွေ့ရှိရသည်။ ယခုအချိန်တွင်တော့ ဧရာဝတီမြစ်အတွက် အန္တရာယ်ကျရောက်စေနိုင်သော နည်းလမ်းများ များပြားလာသဖြင့် မြစ်တစ်စင်းမှ ရသင့်ရထိုက်သော အကျိုးအာနိသင်များ ရသင့်သလောက် မရနိုင်တော့သလို ဆိုးကျိုးများကို ဆက်တိုက်ဆိုသလို ခံစားလာရတော့သည်။ ဧရာဝတီမြစ်အတွင်း နည်းမျိုးစုံဖြင့် ရွှေသတ္တုရှာဖွေခြင်း၊ ဓါတ်သတ္တုတူးဖေါ်ဖော်ရှာဖွေရာမှ စွန့်ပစ်ရေဆိုးများ စီးဝင်ခြင်း ၊ မြစ်အတွင်း တရားမဝင် စည်းကမ်းမဲ့ မြစ်သဲထုတ်ယူခြင်း မြစ်သဲတူးယူခြင်း၊ မြစ်အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း မြစ်ကမ်းဘေးအမှိုက်များ စုပုံထားရှိခြင်း စသည်တို့ကြောင့် ဧရာဝတီမြစ်မှာ နှစ်စဉ် သဲသောင်ဖြစ်ထွန်းမှုများပြားလာကာ မိုးရာသီကာလ ရေများချိန်တွင် မြစ်ပြင်ကျယ်ပြန့်လာပြီး မြစ်ကမ်းပါးပြိုခြင်း ရေတိုက်စား၍ မြို့ရွာနှင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခြင်းတို့ ကြုံတွေ့လာရသည်။ ထိုကဲ့သို့ ထပ်မံမဖြစ်ပွားစေရန်အတွက် လွယ်ကူထိရောက်သော နည်းလမ်းများဖြင့် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် ဧရာဝတီမြစ်အား ပြုပြင်ထိန်းသိမ်းသွားရန် လိုအပ်လျှက်ရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့ရှိ သဘာဝပတ်ဝန်းကျင် မြတ်နိုးသူ တစ်ဦးမှ ယခုလို ပြောဆိုသည်  `` မြန်မာနိုင်ငံ အစိုးရအဖွဲ့အနေနဲ့ ဧရာဝတီမြစ်ကို ရေရှည်ထိန်းသိမ်းခြင်တယ်ဆိုရင် ဧရာဝတီမြစ်ကမ်းဘေး ဝဲယာမှာရှိတဲ့ သဘာဝ သစ်တောသစ်ပင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရပါမယ်။ ဧရာဝတီမြစ်အတွင်း ရွှေနှင့်တကွ ဓါတ်သတ္တုတူးဖေါ်တာတွေကို ခွင့်မပြုသင့်ပါဘူး ၊ နောက်ပြီးတော့ စည်းကမ်းမဲ့ မြစ်သဲစုပ်ယူ တူးဖေါ်ရောင်းချတာတွေကို တင်းတင်းကြပ်ကြပ် စီစစ်သင့်ပါတယ်။ နောက်တစ်ချက်က ဧရာဝတီမြစ်ထဲကို အမှိုက်စွန့်ပစ်နေကြခြင်းပါပဲ။ ဧရာဝတီမြစ်ကမ်းဝဲယာမှာ တည်ရှိတဲ့ မြို့ရွာတွေက စည်ပင်အမှိုက်ကား မလာတာကြောင့် အားနည်းမှုကြောင့် မြစ်အတွင်း အမှိုက်ပစ်ခြင်း မြစ်ကမ်းဘေး အမှိုက်များ စုပုံထားရှိခြင်းမျိုး အများဆုံး ပြုလုပ်ကြပါတယ်။ မြစ်အတွင်း ရောက်ရှိလာတဲ့ အမှိုက်သရိုက်တွေဟာ ရေစီးသန်တဲ့နေရာတွေမှာ ရေစီးနဲ့အတူ မျှောပါတတ်ကြပြီး ရေစီးညင်သာတဲ့နေရာမှာ အနည်ကျတတ်ပါတယ် ။ ဒီတော့ ကြာလာတဲ့အခါမှာ မြစ်ကြမ်းပြင်မြင့်တက်လာပြီး သဲသောင်ဖြစ်ထွန်းမှုများပြားလာပါမယ်။ မိုးရာသီ မြစ်ရေကြီးတဲ့အချိန်မှာ မြစ်ပြင်ကျယ်ပြန့်လာပြီး ကမ်းပြိုတာတွေ ရေတိုက်စားတာတွေ ဖြစ်လာပါမယ်။မလိုလားအပ်တဲ့ ရေဘေးအန္တရာယ်တွေကျရောက်ပြီး လူမှုအကျိုးစီးပွားပျက်စီး ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။  ဒါ့ကြောင့် ဧရာဝတီမြစ်ကို ရေရှည်တည်တန့်စေလိုရင် အထက်ကကျွန်တော် ပြောခဲ့သလိုပဲ ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာဖို့ စည်းကမ်းတကျရှိမရှိ စီစစ်ကြီးကြပ်ဖို့ အရေးကြီးကြောင်း ပြောလိုပါတယ်  ´´ ဟု ပြောကြားသွားသည်။
                           နိုင်ကြီး(ကသာ)
                         စိုင်းလူမင်း မီဒီယာဂရု

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment