For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 26 May 2014

မကွေးမြို့နယ်၊မကြီးကန်ကျေးရွာ အုပ်ချုပ်ရေးမှူးအား တာဝန်မှ အမြန်ဆုံးရပ်စဲပေးရန် တိုင်ကြားထားခြင်းကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



မကွေး     မေ        ၂၆    

  မကွေးမြို့နယ်၊မကြီးကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ရပ်/ကျေး အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊နည်းဥပဒေများနှင့် မလျော်ကန်စွာ  လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြု၍ ငွေကြေးတောင်းခံခြင်း၊ရပ်ရွာဘာသာရေးကိစ္စရပ်များတွင် စိတ်ဝမ်းကွဲအောင်ပိတ်ပင်တားဆီးခြင်း၊အမှု ပွဲစားတစ်ဦးကိုတပည့်မွေး၍ ပြည်သူများကို တရားစွဲဆိုခြင်း၊၄င်းကိုယ်တိုင် မကွေးမြို့နယ်တရားရုံး၌ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၇ဖြင့် တရားစွဲဆို အရေးယူခံနေရသူတစ်ဦးဖြစ်ပြီး ကျေးရွာပြည်သူများမှကြည်ညိုလေးစားခြင်းမခံရသူဖြစ်သောကြောင့် လက်ရှိရာထူးမှ အမြန် ဆုံးဖယ်ရှားပေးရန် သက်ဆိုင်ရာသို့တင်ပြတောင်းဆိုထားခြင်းကိစ္စကို ကျေးရွာဒေသခံ(၁၀)ဦးက မေလ(၂၅)ရက်နေ့၊ညနေ(၆)နာရီခန့် တွင် မကွေးမြို့၊အောင်စေတနာရပ်၊အဝေရာလမ်းရှိ Focusစားသောက်ဆိုင်၌ သတင်းမီဒီယာများဖိတ်ခေါ်၍ သတင်းစာရှင်းလင်းပွဲပြုလုပ် ခဲ့သည်။
   ပထိုးစမ်း၊သန်းတောကုန်း၊နွားကူး၊မကြီးကန်(၄)ရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိန်ဝင်းနိုင်သည် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများမှ အလုပ်ခွင်ထောက်ခံစာများ၊အမှုအမျိုးမျိုး၏ အာမခံကိစ္စများတွင်ခက်ခဲအောင်ဆောင်ရွက်၍ ငွေကြေးတောင်းခံခြင်းများရှိကြောင်း၊မကွေး မြို့မှ အမှုပွဲစားဦးမျိုးသန့်(ခ)ဦးဇော်ထွန်းအောင်အားတပည့်မွေးလျှက် ပြည်သူများအား၎င်းကိုယ်တိုင်တရားစွဲဆိုခြင်းများပြုလုပ်လျှက်ရှိ ကြောင်း၊ရပ်ရွာဘာသာရေးကိစ္စရပ်များတွင် ရွာကျောင်း(၅)ကျောင်းမှသံဃာတော်များအား သံဃာအချင်းချင်းစိတ်ဝမ်းကွဲအောင် ဆောင် ရွက်ခြင်း၊ဝါတွင်းတရားပွဲများအားပိတ်ပင်တားဆီး၍ ရပ်ရွာဓလေ့ထုံးတမ်းများအား အာဏာသုံးတားမြစ်ခြင်းများ ဆောင်ရွက်လျှက်ရှိ ကြောင်း၊ထို့ပြင် အုပ်ချုပ်ရေးမှူးဦးစိန်ဝင်းနိုင်သည် ၄င်း၏နေအိမ်တွင် စားရင်းငှားအဖြစ်လုပ်ကိုင်သူ မုဆိုးမ၊အသက်(၃၅)နှစ်ခန့်၊ကလေး (၄)ယောက်အမေ၊အားကိုးရာမဲ့ မိန်းမသားဖြစ်သူ မကြီးကန်ရွာနေ မတင်တင်လှအပေါ်ကာမလိမ်လည်ရယူပြီး တာဝန်မဲ့စွာနေထိုင်ခဲ့၍ မကွေးမြို့နယ်တရားရုံးမှ (၂၀၁၃ခုနှစ်၊ပြစ်မှုကြီးအမှတ်(၆၁၈၁/၂၀၁၃)၊ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၄၁၇)ဖြင့် အရေးယူခြင်းခံနေရပြီး တရား ရုံး အာမခံဖြင့်နေထိုင်နေရသူတစ်ဦးဖြစ်ကြောင်း၊ကျေးရွာပြည်သူများ လေးစားကြည်ညိုခြင်းမခံရသူဖြစ်သော အဆိုပါအုပ်ချုပ်ရေးမှူး အား ရာထူးတာဝန်မှရပ်စဲပေးပါရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်သက်ဆိုင်ရာဌာနများသို့ လက်မှတ်များရေးထိုး တိုင်ကြားထားပါ ကြောင်း ဒေသခံကျေးရွာသားများကရှင်းလင်းပြောကြားခဲ့သည်။
   ကျေးရွာဒေသခံဦးဇော်မင်းထွန်းက-''အုပ်ချုပ်ရေးမှူးဟာ ရပ်/ကျေးအုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေအခန်း(၅)၊အပိုဒ် ၃၂(ဂ)အရ တည်ဆဲဥပဒေတစ်ရပ်ရပ်နဲ့ တရားရုံးမှာတရားစွဲဆိုခံရသူဖြစ်တဲ့အတွက် တာဝန်ကရပ်စဲပေးသင့်ပါတယ်။ပြီးတော့ ရပ်/ကျေးအုပ်ချုပ်ရေး မှူးတစ်ယောက်ရဲ့ အရည်အချင်းဆိုင်ရာသတ်မှတ်ချက်တစ်ခုဖြစ်တဲ့ အုပ်ချုပ်ရေးဥပဒေ အခန်း(၃)၊အပိုဒ်(စ)အရ ရပ်ရွာကကြည်ညိုလေး စားခြင်းခံရပြီး၊သိက္ခာသမာဓိရှိသူဖြစ်ခြင်းဆိုတာနဲ့ ကိုက်ညီမှုမရှိတာကြောင့် အမြန်ဆုံးရာထူးကရပ်စဲပေးစေလိုပါတယ်။ကျွန်တော်တို့ တိုင်ကြားထားတဲ့ကိစ္စကိုလည်း သက်ဆိုင်ရာဌာနတွေက အရေးယူဆောင်ရွက်မှုတွေပြုမယ်လို့ယုံကြည်ပါတယ်။အကယ်၍ အုပ်ချုပ်ရေး မှူးအဖြစ် ရွာကိုဆက်ပြီးအုပ်ချုပ်နေမယ်ဆိုရင်တော့ သက်ဆိုင်ရာမှာတရားဝင်ခွင့်ပြုချက်တောင်းပြီး ဆန္ဒဖော်ထုတ်ဖို့စဉ်းစားထားပါ တယ်။''-ဟုပြောပြသည်။သတင်းစာရှင်းလင်းပွဲတွင် အုပ်ချုပ်ရေးမှူးအားတရားစွဲဆိုထားသူ မတင်တင်လှနှင့် ၄င်း၏ရင်သွေးငယ်လည်း တက်ရောက်ခဲ့ပြီး ၄င်း၏နစ်နာမှုများကိုရှင်းလင်းပြောကြားခဲ့သည်။ယင်းသတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသူကျေးရွာဒေသခံ များက မီဒီယာများ၏မေးမြန်းမှုကို ရှင်းလင်းဖြေကြားခဲ့ပြီး၊မကြီးကန်ကျေးရွာအုပ်ချုပ်ရေးမှူးမှာ တက်ရောက်ရှင်းလင်းခဲ့ခြင်းမရှိကြောင်း သိရသည်။
ကျော်စွာ(မကွေး)   


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment