For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 15 May 2014

ပင်စင်စား ကျန်းမာရေးမှူးတစ်ယောက် မှ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ထံ အသနားခံစာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ဧရာဝတီတိုင်း ဝန်ကြီးချုပ်ခင်ဗျာ့
ကျွန်တော်သည် ထောင်ကုန်းလမ်း ပုသိမ်မြို့ ဒိုဘီချောင် ရပ်ကွက် တွင် မိသားစုနှင့် နေထိုင်လာခဲ့သည်မှာနှစ်ပေါင်း၅၀ကျော်ခဲ့ပြီ ဖြစ်ပါသည်။
ကျွန်တော်သည် ပင်စင်စား ကျန်းမာရေးမှူးတစ်ယောက်ဖြစ်ပြီး နိုင်ငံတော်တာဝန်ကို နှစ်ပေါင်းလေးဆယ်ခန့် ထမ်းဆောင်ခဲ့သည့်  နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦးလည်းဖြစ်ပါသည်။
ကျွန်တော်လက်ရှိနေထိုင်သော ပုသိမ်မြို့ ထောင်ကုန်းလမ်း ဒိုဘီချောင်ရပ်ကွက်အတွင်း ၁၉၉၅ ခုနှစ်တွင် ပုသိမ်မြို့တော် သန့်ရှင်းသာယာလှပရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်စေခြင်း အလို့ငှာ ပုသိမ်မြို့ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဗိုလ်မှူးကြီး သူရမြင့်လွင် နှင့် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ရပ်ကွက်အလိုက် အိမ်ယာကွက်များ ဖော်ဆောင်ပေးခဲ့ပါသည်။ကျွန်တော်သည်လည်း ရရှိခဲ့သောမြေကွက် အလိုက် အိမ်တစ်လုံးဆောက်လုပ်နေထိုင်ခဲ့ရာ ယနေ့ထိတိုင် ဖြစ်ပါသည်။သို့သော် ၆ . ၅ . ၂၀၁၄ နေ့တွင် ကျွန်တော် ဧ။် မိသားစုနှင့်အတူ လက်ရှိနေထိုင်သော အိမ်သည် ပြိုကျ ပျက်စီး၍  ဆက်လက်နေထိုင်ရန် မသင့်တော် သောကြောင့် အိမ်ကို ဖျက်၍ ၎င်း မှရရှိသော သစ်ဟောင်းများကို အသုံးပြု၍ လိုအပ်သည့် အခြားသစ်များကိုလည်း သစ်ဟောင်းရောင်းချိသည့်နေရာမှပင် ဝယ်ယူ၍ ပြင်ဆင်ရန် ကြိုးပမ်းခဲ့ပါသည်။ကျွန်တော်နှင့် တစ်ရပ်ကွက်တည်း အတူတကွနေထိုင်ခဲ့သော ဒေါ်ရွှေ နှင့်ဦးမောင်မောင်အေး မိသားစုတို့မှ လာရောက်၍ ကျွန်တော်၏ နေအိမ် ပြင်ဆင်မှူအား နှောက်ယှက်ကာ ဆဲရေးတိုင်းထွာခြင်း မကြားဝံ့ မနာသာ စကားလုံးများဖြင့် လက်သမား များအား ပြောဆိုခြိမ်းခြောက်ခြင်း နှင့် အတူ မြေပုံမိတ္တူ တစ်ခုကိုင်ဆောင်ကာ ထိုသူများ၏ ပိုင်ဆိုင်မှု ဟုဆိုကာ ပုသိမ် စည်ပင်သာယာရေး ကော်မတီသို့တိုင်းကြားခဲ့ပါသည်။ကျွန်တော်နှင့် လက်ရှိမိသားစု ယနေ့တိုင်နေထိုင်ခဲ့သောနေရာအား ကျွန်တော်တို့ မပိုင်ဆိုင်ပါ ။နိုင်ငံတော် အစိုးရ မှ မြေကွက်ချထားပေးခဲ့ခြင်းဖြစ်သောကြောင့် ထိုနေရာ အတွက် ပိုင်ဆိုင်မှူစာရွက်စာတမ်းများလည်းမရှိပါ။ကျွန်တော်နှင့်အတူ ထိုရပ်ကွက်ရှိ မည်သူတွင်မဆို ထိုအထောက်အထားများ မရှိကြပါ။အဆိုပါ ကိစ္စအား အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား တိုင်ကြားခဲ့သော်လည်း ဝင်ရောက်ဖြေရှင်းမပေးခဲ့ပါ။
ကျွန်တော်သည် နိုင်ငံ့တာဝန်ကို နှစ်ပေါင်းလေးဆယ်ကြာအောင် ဝန်ထမ်းကောင်း ပီသစွာ တာဝန်ကျေပွန်ခဲ့ပါသည်။ယခု ကျွန်တော်နှင့် မိသားစုမှာ ပုသိမ် မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အိမ်ပြန်လည်တည်ဆောက်ခွင့်ပိတ်ပင်မှုကြောင့်  အိမ်မရှိပဲ အမိုးအကာမဲ့ နေထိုင်ခဲ့သည်မှာ ရက်သတ္တပါတ် အတော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ရက်ကွက်ရှိ ရပ်မိ ရပ်ဖများမှ ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးခဲ့သော်ငြားလည်း ထိုမြေပိုင်ရှင်ဆိုသူ မိသားစု မှ ၎င်းအိမ်ပြန်လည် တည်ဆောက်မှုအတွက်  အထောက်ထားမဲ့စွာ ငွေကျပ် သိန်း၃၀ တောင်းခံလျက် ကျွန်တော် နှင့်မိသားစုအား နေ့စဉ် ဆဲရေးတိုင်းထွာလျက်ရှိသောကြောင့်  အနှိမ်ခံ အငြိမ်းစားဝန်ထမ်း ဘဝ သို့ ဂုဏ်သိက္ခာ ကင်းမဲ့စွာရောက်ရှိနေရပါသည်။မြို့နယ် မြေစာရင်း ဦးစီး ဌာနသို့ သွားရောက်၍ စုံစမ်းကြည့်သောအခါ လက်ရှိ ထိုနေရာသည် မြေပိုင် ဆိုသူများ၏ ပိုင်ဆိုင်မှု၌ လည်း ပါဝင်နေခြင်း မရှိ ပါ။ လူကြီးမင်း အနေဖြင့် အဆိုပါ ကိစ္စ အားလစ်လျူရှုခြင်း မပြုပဲ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ အကြောင်းကြားကာ လာရောက် တိုင်းထွာ၍ တရား သဖြင့် ဖြစ်စေရန် ကျွန်တော် နှင့်အတူ ရပ်ကွက်သာ ရပ်ကွက်သားများက ဆန္ဒရှိကြပါသည်။အဆိုပါ ကိစ္စရပ်အား လူကြီးမင်း၏ ဝန်ကြီးချုပ် ရုံးသို့ အသနား ခံစာ တင်ပြခဲ့သော်လည်း အရေးယူဆောင်ရွက်ပေးခဲ့ခြင်းမရှိပါ။
ထိုမြေပိုင် ဆိုသူများသည် အစ္စလာမ်သာသနာဝင်များဖြစ်ကာ ရပ်ကွက်အတွင်းရှိ ဗုဒ္ဓဘာသာ မိသားစုများကိုလည်း ဆဲရေးတိုင်းထွာခြင်းများ ပြုလျက် ရှိသောကြောင့်
ပုသိမ်မြို့ ဒိုဘီချောင်ရပ်ကွက်ရှိ မိသားစုများ၏ အေးချမ်းသာယာမှု့ကို နှောက်ယှက်လျက်ရှိပါသည်။
လူကြီးမင်းတို့ တိုင်းဒေသကြီး အစိုးရ အနေဖြင့် ထို ကိစ္စရပ်အား အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးပါရန် လေးစားစွာဖြင့် အသနားခံ တင်ပြလျှောက်ထားအပ်ပါသည်
တင်ပြသူ
ဦးချိုတူး
ကျန်းမာရေးမှူး(ငြိမ်း)
ရ က အ ၅ /နယ်မြေ ၃
ထောင်ကုန်းလမ်း ဒိုဘီချောင်ရပ်ကွက်
ဖုန်း-0931703672
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment