For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 15 May 2014

ကချင်ပြည်နယ် ၊ တနိုင်းဒေသမှ ကြိမ်လုပ်ငန်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 စိုင်းလူမင်း-(ခရီးသွားဆောင်းပါ
း)
      ကမ္ဘာပေါ်တွင် အဓိကကြမ်တင်ပို့သော ဈေးကွက်ကြီး
(၃)ခု ရှိရာ ပထမဈေးကွက်သည် ဂျပန်ဖြစ်ပြီး ထို့နောက်
တွင် ဥရောပဈေးကွက်၌  အမေရိကန်ပြည်ထောင်စုနှင့်
 သြစတေးလျတို့ဖြစ်ကြောင်း သိရှိရပြီး နိုင်ငံတကာတွင်
 ကြိမ်ကို Rattan ဟုခေါ်သည်။ အဆိုပါ ဝေါဟာရသည်
မလေးစကား   Rattan မှ ဆင်းသက်လာခြင်းဖြစ်သည်။
နွယ်တက်သော Palms အပင်များကို  Rattan  ဟုခေါ်ပြီး
 Palmae မျိုးရင်းတွင် ပါဝင်သည်။ ကြိမ်သည်အများအား
ဖြင့် အပူပိုင်းမုတ်သုံဒေသများတွင် တွေ့ရှိရသည်ဟု ဆို
သည်။
       ကြိမ်လုပ်ငန်းနှင့် ပတ်သတ်၍ ကချင်ပြည်နယ်မှ
 ကြိမ်ကုန်သည်သူငယ်ချင်းများက ကြိမ်လုပ်ငန်းနှင့် ပတ်
သတ်၍ လေ့လာရေးသားရန် ဖိတ်ခေါ်သောကြောင့် သွား
ရောက်လေ့လာခဲ့ရာတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား-
ပန်းဆောင် လီဒိုလမ်းမကြီးဘေးနှင့် စစ်ကိုင်းတိုင်းဒေသ
ကြီး၊ နန်းယွင်မြို့အနီးဒေသရှိ ကြိမ်တောကြီးများတွင်
ကြိမ်ခုတ်လုပ်ငန်းလုပ်ကိုင်ကြသော ကြိမ်စခန်းဖွင့်လှစ်
ရာဒေသသို့ ရောက်ရှိခဲ့သည်။
        ထိုဒေသရှိ ကြိမ်စခန်းများသည် ရှင်ဗွေယန်နှင့်
နန်းယွင်အကြား နန်းယွင်ကနေ ခန့်မှန်း (၁၇)မိုင်၊
 (၁၈)မိုင်၊ (၂၀)မိုင်တို့လောက်တွင် ကြိမ်စခန်းများဖွင့်
လှစ်ကာ အလုံးတုတ်သည့်ကြိမ်( ကုတင်ကြိမ်)၊ ပေအရှည်
 (၃၀)မှ ပေ(၁၅၀)အထက်ရှိ ကြိမ်များကို ကြိမ်ခုတ်လုပ်
သားများက သယ်ဆောင်လုပ်ကိုင်နေတာကို မတွေ့ရ
တော့ဘဲ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ရေဦး၊
 ရွှေဘို၊ အရာတော် မြို့နယ်များမှ လာရောက်လုပ်ကိုင်ကြ
ပြီး နိုဝင်ဘာလမှစတင်၍ မတ်လအထိလုပ်ကိုင်ကြကာ
 ကြိမ်လုပ်ငန်းပြီးစီးပါက မိမိနေရပ်သို့မပြန်ကြဘဲ ရေ
ကြည်ရာ မြက်နုရာ တနိုင်းဒေသရှိ ရွှေလုပ်ငန်းများတွင်
သွားရောက်လုပ်ကိုင်ကြသည်ဟု သိရသည်။
        ကြိမ်တော၏ သဘာဝမှာ များသောအားဖြင့် သေး
သွယ်၍ ဆူးများရှိပြီး နွယ်တက်တတ်သော အပင်မျိုးဖြစ်
သည်။နွယ်တက်ခြင်းကို အဆစ်များတွင် ပေါက်ရောက်
လေ့ရှိသော အဖတ် ဆူးနှာမောင်းဖြင့်သော်လည်းကောင်
၊အရွက်များတည်ရှိသည့် ကျောရိုးသည် အဖျားပိုင်းတွင်
သေးသွယ်သော ဆူးနှာမောင်း အဖြစို့ ပြောင်းလဲ၍ လည်း
ကောင်း နွယ်တက်လေ့ရှိသည်ကို တွေ့ရသည်။
       ကြိမ်၏ အဆစ်တွင် ပေါက်ရောက်အဆစ်များနှင့်
 အရွက်ကျောရိုးများတွင်လည်း ဆူးများပါရှိ၍ ကိုင်းတက်
များ ပေါက်ရောက်လေ့မရှိပါ။ ကြိမ်၏ ထူခြားသော အာနိ
သင်မှာ လွယ်ကုစွာ ကွေးညွတ်နိုင်ခြင်း၊ ကြိမ်ပင်၏ အူမှာ
 ပွ၍ မာကျောခြင်းမရှိ ကြိမ်အဆစ်တစ်ခုနှင့် တစ်ခု အကြား
ရှိ အကွားအဝေးစမှ မတူညီဘဲ အရိုးချင်းတူသော ကြိမ်ပင်
များ၌  ပေါက်ရောက်သည့် ရေမြေပေါ်တွင် မူတည်၍ ကွဲ
ပြားခြင်းရှိသည်ဟု ဆိုသည်။ တစ်ချို့သောကြိမ်များ၏
အဆစ်ကြားတွင် (၅)ပေ ထိရှည်သည်။ ကြိမ်လုံး၏
အကြီးအသေးမှာ(1/18လက်မမှ ( 2×1/2)ရှည်သည်ကို
လည်းတွေ့ရသည်။ အလုံးသေးသော ကြိမ်များမှာ ပိုမို
အသုံးဝင်ပြီး ကြိမ်သည်များသောအားဖြင့် ရှည်လျားစွာ
ပေါက်ကြ၍  ပေ(၃၀၀)ထိ  ရှည်သည်ကိုလည်း တွေ့ရ
သည်ဟ ဆိုသည်။
       "  ကြိမ်ခုတ်သူတွေကိုကြည့်ပြီး စိတ်ပင်ပန်းရပါ
တယ်  သူတို့တွေကတော့ ခုတ်နေကြမို့ ပင်ပမ်းတယ်
လို့မထင်ရဘူး ကြိမ်ခုတ်တဲ့သူတွေက ကြိမ်တွေကို
အတိုအရှည်လိုက် တစ်ဖြတ်(၁၅)ပေစီနှင့်  ကြိမ်စည်းဖြစ်
အောင် စည်းပြီး တောထဲကနေ ကြိမ်စုပုံရာ လမ်းအရောက်
ပုခုံးနဲ့ထမ်းသယ်ယူရပါတယ် တစ်ခေါက်နဲ့တစ်ခေါက်
သယ်ယူမယ်ဆိုရင်လည်း ကြိမ်အကြီး အသေးပေါ်မူတည်ပြီး
 ကြိမ်တစ်စည်းကို အလုံးရေ (၂၀)မှ (၂၅)အထိ သယ်ပြီး
တော့ ကြိမ်တစ်စည်းကို (၂၅၀)၊ (၃၅၀) ကျပ်ဈေးတွေနဲ့
 ကြိမ်ကုန်သည်တွေကို ပေးသွင်းရပါတယ် " ဟု နန်းယွင်မြို့
မှ ကြိမ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပြသည်ကိုလည်း
သိရသည်။
        ကြိမ်များကို မြန်မာနိုင်ငံတွင် ရှေးယခင်က စီးပွားဖြစ်
ထုတ်လုပ်ကြပြီး  နွားနှင်တံ ၊ ကြိမ်လုံးမှ အစကြိမ်ဆွဲခြင်းတို့
ကို ပြုလုပ်ကြသည်။ ကြိမ်သည် လွယ်ကူစွာ ကွေးညွတ်လွယ်
၍ ခိုင်ခန့်ရှည်လျားသောကြောင့် ယခုအခါ အမျိုးမျိုးအသုံးပြု
ကြရာတွင်  သစ်ဖောင်ဖွဲ့ခြင်း ၊ ကြိုး၊ကြိုးတံတား၊ ခြင်းထောင်း
ပရိဘောဂပစ္စည်းများ ၊ တောင်ဝှေ့ ၊ လက်ကိုင်တုတ် ၊ ကရိယာ
တနဆာပလာလက်ကိုင်ရိုးများ၊ ငါးမျှားတံ ၊ အားကစားပစ္စည်း
စသည်ဖြင့်  အသုံးပြုလာကြသည်။
        ကြိမ်ခုတ်ခြင်းနှင့် ကြိမ်စခန်းဖွင့်ရာ တနိုင်း-ရှင်ဗွေယန်
လမ်းသည် မြစ်ကြီးနား၊ ပန်ဆောင် သမိုင်းဝင် လီဒိုလမ်းမကြီး
အဖြစ် ဖောက်လုပ်ခဲ့သော လမ်းမကြီးဖြစ်ရာ ဒေသတွင်းရှိ
တောတောင်များကို ဖြတ်သန်းဖောက်လုပ်ထားသဖြင့်
ချောင်းကြီးချောင်ငယ်များစွာကို ဖြတ်သန်းသွားလာခဲ့ရ
သည်။ တနိုင်း၊ရှင်ဗွေယန်တွင် လမုန်၊ တ၀မ်၊ ရှင်လုံ၊
လပျာကွတ်၊ ဂရုံး၊ တခက်၊ စလုံ၊ တဆိပ်၊ ပန်းလှိုင်၊ ခါကျန်
ဒေသ ချောင်းငယ်ချောင်းကြီးများရှိရာ တ၀မ်နှင့် ဂရုံးတွင်
 မြစ်ငယ်နီးပါးလောက်ရှိသည့် ချောင်းကြီးများ ဖြစ်သဖြင့်
ဇာတ်ကူးတိုဖြင့် ဒေသခံတိုင်းရင်သားများ၊ ကြိမ်ခုတ်သူများ၊
 ကြိမ်ကုန်သည်များ သွားလာလုပ်ကိုင်ကြလေသည်။

                                     စိုင်းလူမင်း၊မီဒီယာဂရု
                           Email-Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment