For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 26 May 2014

ကောလင်းမြို့နယ်ရှိ လေလံအင်းများနှင့် ငါးများ မပြုန်းတီးအောင် ဒေသခံများ ၀ိုင်းဝန်းထိန်းသိမ်းဖို့လိုအပ်လာပြီ (စိုင်းလူမင်းရေးသားသည်) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   စိုင်းလူမင်း...
      စစ်ကိုင်းတိုင်းဒေသကြီးအထက်ပို
င်းရှိ ကသာ၊
 ထီးချိုင့် ၊အင်းတော်၊ဗန်းမောက်၊ ကောလင်းမြို့နယ်
တို့သည် အင်းငါးဖမ်းလုပ်န်း လေလံတင်ရောင်းချသည့်
 အင်းများဖြစ်ပြီး အဆိုပါအင်းများကို အင်္ဂလိပ်များ အုပ်စိုး
စဉ်ကာလတွင် အရင်းမစိုက်ရဘဲ အခွန်အခဖြင့် လုပ်ကိုင်
ခဲ့သလို ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံတော်အတွက်
 အခွန်ငွေများစွာရရှိခဲ့ပါသည်။
    အဆိုပါအင်းများအနက် ကောလင်းမြို့နယ်မှ အင်းများသည်
 (၁၉၆၃)ခုနှစ် စာရင်းအရ အင်းပေါင်း (၂၂)အင်းရှိပြီး အင်း၏
ဧရိယာသည် (၄၅၀၁.၃၇)ဧကဖြစ်သည်။ထိုအင်းများသည်
ကောလင်းမြို့နယ်ရှိ ဒေါင်းမြူး။ ဒုံးဒုတ်ချောင်း၊ စလင်းချောင်း၊
 မျဉ်းတစ်ပြေးချောင်း(စစ်ကဲချောင်း) ၊တံဇူးချောင်းတို့မှ မြစ်
ဖျားခံ၍  အင်းဖြစ်ပေါ်လာခဲ့သည်။
   အဆိုပါအင်းချောင်းများမှ အင်းဖြစ်ပေါ်ရာတွင် ဒေါင်းမြူး
ချောင်းအပိုင်းတွင် ၀ါးကြီးတောအင်း၊ ပီအင်း၊ မှန်ကန်အင်း၊
အုတ်ဆေုံအင်း၊ အိုင်ကြီးအငိး၊ မြင်းဇင်အင်း၊ ဆင်းမဆိတ်အင်း၊
 ခူနှင်းပေါက်အင်း၊ မူးတိမ်အင်းတို့လည်းကောင်း၊ ဒုံးဒုတ်ချောင်း
တွင် ဒုံးဒုတ်အထက်ပိုင်းအင်း၊ ဒုံးဒုတ်အောက်ပိုင်းအင်းတို့လည်
ကောင်း၊ မျဉ်းတစ်ပြေးချောင်း(စစ်ကဲချောင်း)သည် အင်းလက်
ခမောင်းအင်းတို့လည်းကောင်း၊တံဖူးချောင်းသည် မြောက်တံဇူး
အင်းတို့ဖြစ်ပြီး ကုန်းပြင်အင်းတို့မှာ ကျွဲကူးအင်း၊ကျောက်တစ်
လုံးအင်း၊လိပ်ပုတ်အင်း၊နှုံးချွန်အင်း၊ ဇီးကုန်းအင်းတို့ဖြစ်ကြောင်
း လေ့လာသိရှိရပါသည်။
        မြန်မာနိုင်ငံရှိ အင်းများကို (၁၉၇၂) ခုနှစ်ထဲတွင် အင်းထိန်း
သိမ်းရေးလုပ်ငန်းကို ယခင်ကဲ့သို့ အခွန်ရရှိရေးရည်မှန်းချက်တစ်ခု
ထဲကိုသာ သဘောမထားဘဲ အခွန်လည်းရစေ၊ငါးလည်း ထာဝရ
ထွက်စေ၊ ငါးလုပ်ငန်းရေရည် စဉ်ဆက်မပြတ် ဖွ့ဖြိုးတိုးတက်စေ
ဟူသော ရည်မှန်းချက်တွေနဲ့ လုပ်ကိုင်သွားနိုင်ရန် အထွေထွေအုပ်
ချုပ်ရေးဦးစီးဌာနသို့ အင်းအိုင်လက်စွဲဥပဒေများနှင့်အတူ အင်းလုပ်
ငန်းနှင့် အင်းဝန်ထမ်းအားလုံးကို လွဲပြောင်းပေးခဲ့သည်။ ထိုကာလ
များတွင် အရစ်ကျ အကြွေးစနစ်ဖြင့် (၂)ရစ်ဆပ်၊ (၃)ရစ်ဆပ်တို့နှင့်
လုပ်ကိုင်ဆောင်ရွက်ခဲ့ရာ အကြွေးများကျန်ခဲ့ပြီး နိုင်ငံတော်အတွက်
 ရသင့်သလောက် မရဖြစ်ခဲ့သည်ဟု လေ့လာသိရှိရပါသည်။
     ထို့နောက် ၁၉၉၈-၉၉ ခုနှစ် ၊ ငါးလုပ်ငန်းဦးစီးဌာနသိုက လွှဲ
ပြောင်းပေးအပ်ခဲ့ရာ အင်းလေလံတင်စနစ်ကို နေ့ချင်းပြီး အကျေ
အပြေ ဆောင်ရွက်ခဲ့ပြီး ဘဏ်တွင် နေ့ချင်းပြီး ပေးသွင်းမည့်စနစ်
ပြုလုပ်ခဲ့သည်မှာ ယနေ့ အချိန်ထိ ဖြစ်သည့်အတွက် အဆိုပါ အင်း
လုပ်ငန်းသည် နိုင်ငံတော်အတွက် နေ့စဉ် အမျိုးသားဝင်ငွေ ကျပ်
သိန်းပေါင်းများစွာ ရရှိသောလုပ်ငန်း ဖြစ်ပါသည်။
        ယခုအခါ တစ်နှစ်ထက်တစ်နှစ် ငါးများရှားပါးလာဖြင်းများ
 ကြုံတွေ့နေရပါသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ (၂၀၀၈)ခုနှစ်က
ဒေါင်းမြူးချောင်းအနီး၊ ကြူတော၊ နှောခုံ၊ ကန်လည်ကြီးကျေးရွာ
ဒေသခံအချို့သည် မုရင်းစပါးစိုက်ပျိုးရန်အတွက် ရေလှောင်သည့်
တုတ်ဆည်ပြုလုပ်၍ ငါးဆေးခတ်ခြင်း၊ အဆိပ်ခတ်ခြင်းများ ပြုလုပ်
သည့်အတွက် ငါးများ ပြုန်းတီးခြင်း၊ (၂၀၀၉) ခုနှစ်တွင် ရေနည်း
ချိန်တွင် ဇော်ချောင်း(သားငှက်အပိုင်)နှင့် ဒေါင်းမြူးချောင်းကြား
ခွေးကိုသတ်ပြီး အဆိပ်ချခြင်းဖြင့် ငါးဖမ်းခဲ့သည်အတွက် ကောလင်း
မြို့နယ် ၊ ငါးမွေးမြူရေး ဦးစီးဌာနမှ ဖမ်းဆီးအရေးယူခဲ့ရသည့်ဖြစ်
စဉ်များ ဖြစ်ပေါ်ခဲ့ရပါသည်။
        ယင်းကဲ့သို့ ငါးများပြုန်းတီးခြင်းကို ငါးမွေးမြူရေးဦးစီးဌာနမှ
နှစ်စဉ်စပါးခင်းများထဲသို့ တီလာပီးယား ၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး
တို့ကိုလည်းကောင်း၊ အင်းများထဲတွင် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းများ၊
 စိုက်ထည့်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ သို့သော်လည်း ဒေသခံအချို့
သည် ငါးအဆိပ်ချခြင်း၊ ငါးရှော့တိုက်ခြင်းများ ပြုလုပ်ခဲ့သည့်အတွက်
 ငါးလုပ်ငန်းဦးစီးဌာနမှ အကြိမ်ပေါင်းများစွာ ကွင်းဆင်းစစ်ဆေးခြင်း ၊
 ပညာပေးခြင်း၊တားဖြစ်စာများထွက်ခြင်း၊ အရေးယူဆောင်ရွက်မှုများ
 ပြုလုပ်ခဲ့ပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်သော်လည်း လိုက်နာ
ဆောင်ရွက်မှုမရှိကြောင်း ဒေသခံအချို့မှ ပြောပြချက်အရ သိရသည်။
       ထို့နောက်(၂၀၁၁)ခုနှစ်တွင် ဒေါင်းမြူးချောင်းအနီးး ရွှေတူးဖော်
သည့်ကုမ္ပဏီတစ်ခုမှ ဒေါင်းမြူးချောင်းကို ပိတ်၍ ရေလွှဲမြောင်းများ
ဖောက်လုပ်သဖြင့် အနီးနားရှိ ကျေးရွာလယ်ယာမြေများ မိုးရာသီကာ
လတွင် ရေနစ်မြှပ်ခြင်းများ ဖြစ်ပေါ်ခဲ့ရပါသည်။ထို့အပြင် ဒေါင်းမြူး
ချောင်းနှင့် မူးချောင်းဆုံရာ မူးတိမ်အင်းအနီးနှင့် ကြေးတိုင်လေလံအင်း
ဖြစ်သော အိုင်ကြီးအင်းတွင်လည်း အင်းသူကြီးမှ ဒေသခံအချို့တို့ကို
ရွှေမျှောလုပ်ငန်းများ ၀င်ေ၇ာက်လုပ်ကိုင်သည်ကို ခွင့်ပြုခဲ့သည့်အတွက်
 ချောင်းမြောင်းများထဲတွင် မျှောစာများတင်ခြင်း၊ ရွှေကျင်ရာတွင်
အသုံးပြုသည့် ပြဒါး(မာကျူရီ) စွန့်ပစ်ပစ္စည်း များကြောင့် ရေများ
နောက်ကျိနေသည့် အတွက် နှစ်စဉ်မိုးရာသီကာလတွင် ငါးများသည်
အထက်သို့ဆန်တက်သည့် အလေ့အထရှိသောည်လည်း ထိုရေနောက်
များကြောင့် နေထိုင်သွားလာမှုမရှိဘဲ သဖန်းဆိပ်ဆည်များတွင်
နေထိုင်ကျက်စားခဲ့ကြသည်ဟု လေ့လာသိရှိရသည်။
        ယခင်ကဆိုလျှင် ကောလင်းမြို့နယ်ရှိ အင်းများတွင် ငါးဇင်ရိုင်း၊
 ငါးခူ၊ ငါးရံ့၊ငါးကျဉ်း၊ ငါးရှဥ့်၊ ၊ ငါးဘတ်များ အလွန်ပေါများသည့်
အတွက် ဒေသခံများသည် အင်းလေလံရရှိသော အင်းသူကြီးများထံမှ
 ဈေးသက်သာသာနှင့် ၀ယ်ယူစားသုံးလေ့ရှိကြပြီး (၂၀၁၂)ခုနှစ်နောက်
ပိုင်း ငါးများရှားပါးလာသည့်အတွက် ကောလင်းမှ ဥက္ကံ ၊ မိုးနှံ ၊ ချောင်းနား၊
 သရက်ချဉ်ဒေသရှိ ရွှေသတ္တုတူးဖော်သည့် လုပ်ငန်းများရှိရာသို့ လာ
ရောက်ရောင်းချသည့် ဈေးသည်များထံသို့ ၀ယ်ယူစားသုံးခဲ့ရကြောင်း
 ဒေသခံများ ပြောပြချက်အရ သိရသည်။
        သို့ဖြစ်၍ အင်းများ တိမ်ကောခြင်းမရှိအောင် ၊ရေနှင့် ငါးများမပြုန်း
တီးအောင် ထိန်းသိမ်းရန်လိုအပ်သည်ဖြစ်၍ အဆိုပါအင်းများ အနီးနားတစ်
ဝိုက်တွင် ရွှေတူးဖော်ခြင်းများ မပြုလုပ်စေရန်နှင့် အင်းအိုင်လေလံလုပ်ကိုင်
သည့် အင်းသူကြီး၊ အင်းဂရံကိုင်များမှ မွေးမြူရေးငါးများကို အင်းအိုင်ရေ
ပြင်အတွင်းသို့ ထည့်သွင်းမွေးမြူပြုစုစောင့်ရှောက်၍ ခေတ်မီနည်းစနစ်
ကောင်းများကို လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်ကြောင် ဒေသခံများအနေ
ဖြင့်လည်း အင်းများ မတိမ်ကောအောင် ငါးများမပြုန်းတီးအောင် တစ်ဖက်
တစ်လမ်းမှ ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်မည်ဖြစ်ကြောင်း
 အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။
                                                   စိုင်းလူမင်း-မီဒီယာဂရု
                                                      Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment