For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Monday 31 March 2014
ကျွန်းလှမြို့နယ်သဖန်းဆိပ်ဆည်သို့ စိးဆင်းသောမူးမြစ်အတွင်းတရားမဝင် ရွှေမျောလုပ်ကိုင်သူများကြောင့်သဖတ်းဆိပ်ဆည်တိမ်ကောလာနိုင် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘို
ခရိုင်ကျွန်း
လှမြို့နယ်ရှိသဖန်းဆိပ်ဆည်သည်တောင်
လယ်သမားများအဓိကအားထားရသော
ဆည်ကြီးတစ်ခုဖြစ်ပြီးအဆိုပါဆည်ကြီး
သို့ပင်လည်ဘူးမြို့နယ်မူးမြစ်မှစီးဆင်း
ကာကောလင်းမြို့နယ်မှဖြတ်သန်း၍သ
ဖန်းဆိပ်ဆည်သို့စီးဝင်လျက်ရှိသည်။
ယခုအခါနွေရာသီသို့ရောက်လာပြီဖြစ်
၍မူးမြစ်အတွင်းရေမြုတ်ဧရီယာများ
သည်သဲသောင်များပေါ်ထွန်းလာသည်
ဖြစ်၍ထိုသဲသောင်ပြင်၌ပင်လည်ဘူး
ကောလင်း-ကျွန်းလှမြို့နယ်မှရွှေလုပ်
ငန်းလုပ်ကိုင်ကြသူများမှမူးမြစ်ဧရီယာ
အနီးကျေးရွာအုပ်ချုပ်ရေးမှူး-အုပ်စုစာ
ရေးတို့နှင့်ပူးပေါင်းကာကျေးလက်ဒေသ
ဖွံ့ဖြိုးရေးလုပ်ငန်းအကြောင်းပြကာရွှေ
မျောလုပ်ငန်းများလုပ်ကိုင်နေလျက်ရှိပါ
သည်။
ထိုသို့လုပ်ကိုင်နေမှုကြောင့်မူးမြစ်အ
တွင်းသဲနုန်းများပိတ်ဆို့ပြီးရေစီးလမ်း
ကြောင်းများပြောင်းလဲကာသဲသောင်ပြင်
များပေါ်ထွန်းလာသောကြောင့်မူးမြစ်နှင့်
သဖန်းဆိပ်ဆည်တိမ်ကောလာမည့်ကို
အနီးစပ်ဆုံးကောလင်းမြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးဦးစီးဌာနသို့တိုင်ကြား
ခဲ့ကြသော်လည်းအုပ်စုအုပ်ချုပ်ရေးမှူး
နှင့်အုပ်စုစာရေးတို့မှရွှေမျောတစ်လုံး
လျင်တစ်လကျပ်တစ်နုန်းဖြင့်ကောက်
ခံထားသောကြောင့်ကွင်းဆင်းစစ်ဆေး
ခြင်းမရှိဖြစ်နေပါသည်။
သို့ပါသောကြောင့်သဖန်းဆိပ်ဆည်နှင့်
မူးမြစ်မတိမ်ကောစေရေးအတွက်သတ္တု
နှင့်သယံဇာတရေးရာဝန်ကြီးဌာနမှကွင်း
ဆင်းစစ်ဆေးပေးရန်လိုအပ်နေပါသည်။
သဖန်းဆိပ်ဆည်နှင့်မူးမြစ်မတိမ်ကော
စေလိုသည့်တောင်သူလယ်သမားများ
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
ကိုးကန့်​ ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ (၃) နှစ်​ပြည့်​နှစ်​ပတ်​လည်​အခမ်းအနား ကျင်းပ... ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ရှမ်းပြည်​နယ်​(​မြောက်​ပိုင်
း) ​လောက်​ကိုင်​ခရိုင်​၊ ​လောက်​ကိုင်​မြို့နယ်​တွင်​ ယ​နေ့မနက်​ ၈း၀၀ နာရီခန့်​မှစ၍ ကိုးကန့်​ကိုယ်​ပိုင်​ အုပ်​ချုပ်​ခွင့်​ရ​ဒေသ (၃)နှစ်​ပြည့်​နှစ်​ပတ်​လည်​ အခမ်းအနားကိုစတင်​ကျင်းပပြီး ၁၀း၃၀ နာရီ တွင်​ ​အောင်​မြင်​စွာပြီး​မြောက်​ခဲ့ပါသည်​။
အခမ်းအနား သို့ ဖိတ်​ကြားထား​သော အထူးဧည့်​သည်​​တော်​များ၊ ကိုးကန့်​ ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသဦးစီးအဖွဲ့ဝင်​များ
တပ်​မ​တော်​မှ အရာရှိကြီးများ၊ ခရိုင်​ အဆင့်​ ဌာနဆိုင်​ရာအကြီးအကဲများ၊မြို့နယ်​အဆင့်​ ဌာနဆိုင်​ရာအကြီးအကဲများနှင့်​ဝန်​ထမ်းများ၊​ ဒေသခံတိုင်းရင်းသားများ၊စုံလင်​စွာတက်​​ရောက်​ကြပါသည်​။အခမ်းအနားတွင်အခမ်းအနားမှူး
ကိုးကန့်​ ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်
ရ​ဒေသ (၃) နှစ်​ပြည့်​နှစ်​ပတ်​လည်​အခမ်းအနား ကျင်းပ...
ရှမ်းပြည်​နယ်​(​မြောက်​ပိုင်း) ​လောက်​ကိုင်​ခရိုင်​၊ ​လောက်​ကိုင်​မြို့နယ်​တွင်​ ယ​နေ့မနက်​ ၈း၀၀ နာရီခန့်​မှစ၍ ကိုးကန့်​ကိုယ်​ပိုင်​ အုပ်​ချုပ်​ခွင့်​ရ​ဒေသ (၃)နှစ်​ပြည့်​နှစ်​ပတ်​လည်​ အခမ်းအနားကိုစတင်​ကျင်းပပြီး ၁၀း၃၀ နာရီ တွင်​ ​အောင်​မြင်​စွာပြီး​မြောက်​ခဲ့ပါသည်​။
အခမ်းအနား သို့ ဖိတ်​ကြားထား​သော အထူးဧည့်​သည်​​တော်​များ၊ ကိုးကန့်​ ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသဦးစီးအဖွဲ့ဝင်​များ
တပ်​မ​တော်​မှ အရာရှိကြီးများ၊ ခရိုင်​ အဆင့်​ ဌာနဆိုင်​ရာအကြီးအကဲများ၊မြို့နယ်​အဆင့်​ ဌာနဆိုင်​ရာအကြီးအကဲများနှင့်​ဝန်​ထမ်းများ၊​ ဒေသခံတိုင်းရင်းသားများ၊စုံလင်​စွာတက်​​ရောက်​ကြပါသည်​။အခမ်းအနားတွင်အခမ်းအနားမှူးက​ အခမ်းအနားဖွင့်​လှစ်​​ကြောင်း​ ကြေညာပြီး​နောက်​ ကိုးကန့်​ရဲတပ်​ဖွဲ့ဝင်​များ၊
ကိုးကန့်​၊လီဆူး၊ပ​လောင်​၊ရှမ်း၊​မြောင်​စီး၊အစရှိသည့်​တိုင်းရင်းသားများ၊ကိုးကန့်​ ဘင်​ခရာအဖွဲ့၊
ကိုးကန့်​အမျိုးသမီး​ရေးရာအဖွဲ့၊ကိုးကန့်​ယဉ်​​ကျေးမှုလူငယ်​အဖွဲ့ဝင်​များ၊​ကျောင်းသား​ကျောင်းသူများက အဖွဲ့လိုက်​ ညီညာစွာချီတက်​အ​လေးပြုကြပါသည်​။ ထို့နောက်​ ကိုးကန့်​ကိုယ်​ပိုင်​အုပ်​ချုပ် ​ခွင့်​ရ​ဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးပယ်​​စောက်​ချိန်​ မှဂုဏ်​ပြုအမှာစကားကို တရုတ်​ဘာသာဖြင့်​လည်း​ကောင်း၊ ကိုးကန့်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသဦးစီးအဖွဲ့
အတွင်း​ရေးမှူး (ခရိုင်​အုပ်​ချုပ်​​ရေးမှူး) ဦး​အောင်​ချိုဦး မှမြန်​မာဘာသာဖြင့်​ လည်း​ကောင်းဂုဏ်​ပြုအမှာစကား​ပြောကြားခဲ့ပါသည်​။အခမ်းအနားကို ၁၀း၃၀ နာရီတွင်​​အောင်​မြင်​ခမ်းနား​စွာကျင်းပပြီး​နောက်
ကိုးကန့်​ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသဦးစီးအဖွဲ့ဝင်​များနှင့်​ဖိတ်​ကြားထား​သောဧည့်​သည်​​တော် ​ကြီးများအမှတ်​တရဓါတ်​ပုံရိုက်​ကူးခဲ့ကြပါသည်​။
ကိုးကန့်​ ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသ (၃) နှစ်​ပြည့်​နှစ်​ပတ်​လည်​အခမ်းအနား ဂုဏ်​ပြုပွဲကိုယ​နေ့ည ၇း၀၀ နာရီ တွင်​ နိုင်​ငံ​ကျော်​အဆို​တော်​ စိုင်းဆိုင်​​မော့ ၊ ရုပ်​ရှင်​နှင့်​ဗွီဒီယိုသရုပ်​​ဆောင်​ ခွန်းဆင့်​​နေခြည်၊
တို့၏​တေးသံသာများ၊ကိုးကန့်​တိုင်းရင်းသားများ၏ယဉ်​​ကျေးမှု အကအလှများဖြင့်​​ဖျော်​​ဖြေ သွားမည်​ဖြစ်​ပါသည်​။
မင်းထက်​သာ
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
စစ်ကိုင်း ကံတလူအရပ်ရှိ မြေပဲစိုက်တောင်သုများဆီ အရောင်းအဝယ်တွင်ကျယ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စိုင်းလူမင်း
စစ်ကိုင်တိုင်းဒေသကြီးစစ်ကိုင်း
ကံတလူ
ရှိဗြဲတရော်-ဆင်တပ်-မြင်းမွေး-ညောင်
ပင်စင် စသည့်ကျေးရွာကြီးများသည်
ပဲ.နှမ်း.ဝါ တို့ကိုအဓိကစိုက်ပျိုကြသည့်
ဒေသဖြစ်သဖြင့်ဆီထွက်သီးနှံများကို
ကြိတ်ခွဲပြီးစစ်ကိုင်း-မန္တလေးစသည့်မြို့
ကြီးများနှင့်ဆက်သွယ်၍အဆိုပါမြို့ကြီး
များရှိရပ်ကွက်များတွင်အဟောင်းပေး
အသစ်ယုစနစ်ဖြင့်ပဲဆီ-နှမ်းဆီအရောင်း
လုပ်ငန်းများလုပ်ကိုင်လျက်ရှိရာအဆင်
ပြေကြသည်ဟုသိရသည်။
အချို့သောတောင်သူများမှာပိုလျံသီးနှံ
များကြိတ်ဆီများကိုမြို့ကြီးများရှိဆီစက်
လုပ်ငန်းများဆီအရောင်းအဝယ်လုပ်ငန်း
များနှင့်ဆက်သွယ်လုပ်ကိုင်ကြသည် ဟု
ဆီကုန်သည်တစ်ဦးကပြောပြသည်။
ဆီဈေးနုန်းများမှာအမျိုးမျိုးရှိသောလည်း
ပဲဆီမှာအရောင်းရအတွင်ကျယ်ဆုံးဖြစ်
့ပြီးအသုံးများသောပဲဆီမှာတစ်ပိသာကျပ်
၃၀၀၀အရောအနှောမပါသောပဲဆီစစ်စစ်
မှာတစ်ပိဿာလျင်ငွေကျပ်၅၀၀၀ဈေးရှိ
သည်ဟုသိရသည်။
sailuminmediagroup
sailumin35@gnail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
Sunday 30 March 2014
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့် ဖြူမြို့ နယ် လယ်ကိုင်းရွာမှအလယ်တန်းအဆင့်အုပ်ချုပ်ရေးမှူး ကိုပယ်ချပေးစေလို ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင်ဖြူမြို့ နယ် လယ်ကိုင်းကျေးရွာတွင်
အဖေဖြစ်သူက အလယ်တန်းအဆင့်အောင်ရုံဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်
သမီးဖြစ်သူနှင့်သမက်ကချဲဒိုင်ခံ ရပ်ရေးရွာရေးကိုတော့
ကိုယ်ပိုင်ဆုံးဖြတ်ချက်မပေးနို
င်တဲ့  ဦးသန်းကိုဆိုတဲ
့ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ တရွာလုံးပြသနာ
တက်နေကြပါသည်။ကျနော်တို့ ရွာတွင် ပညာတတ်ဘွဲ့ ရများ
အလွန်ပေါများလှပါသည်။ဘာကြောင့်ဒီလိုကောင်မျိုးကို
ကျေးရွာအုပ်ချုပ်ရေးမှူးပေးထားသည် မသိပါ။သူ့ သားအရှိန်နဲ့ ပေးထားသလား
မြို့ နယ်အုပ်ချုပ်ရေးမှူးက လာဘ်လာဘရသောကြောင့်ခန်
့ထားသလားတော့မသိပါ။သူသားကတော့
အင်ဂျင်နီယာဗိုလ်ကြီးသန်းထွန်းအေးပါ။ကျနော်တို့ တရွာလုံးအံ့အားသင့်နေသည်က
ဦးသန်းကိုဆိုသည့်လူ
မှာ မကောင်းမှူဟူသမျှ မရှောင် အကုန်လုပ် ဒီလိုလူရဲ့ သားသမီး
ကစစ်တပ်ကဗိုလ်ဖြစ်သွားတော့ပိုဆိုးတာပေါ
့ဗျာ။အခုဆိုလျှင်စိုက်ပျိုးရေးဘဏ်က
ထုတ်ချေးသော စိုက်ဘဏ်ချေးငွေများကိုလည်း
တောင်သူလယ်သများ၏နာမည်များအစားထိုးထည့်ကို
၎င်းကိုယ်တိုင်ထုတ်ယူလျှက်ရှိနေပါသည်။
ကျနော်တို့ ရွာအနေဖြင့် တင်ပြလိုသည်မှာ အနယ်နယ်အရပ်ရပ်တွင်
ခေတ်ပြောင်းစနစ်ပြောင်းဖြင့်အုပ်ချုပ်ရေးမှူးများကို ဘွဲ
့ရပညာတတ်များသာလျှင်
ခန့် ထားခွင့်ပြုနေသည့်အချိန်တွင် ဦးသန်းကိုလို
အလယ်တန်းအဆင့်မျှသာရှိသည့်  လူတယောက်ကို လက်ခံကာ ခန့် ထားသည်မှာ
ပွင့်ဖြူမြို့ နယ်
အုပ်ချုပ်ရေးမှူးကိုယ်တိုင်လည်း မရိုးသားဟုထင်မြင်မိပါသည်။
လယ်ကိုင်းတွင်ချဲဒိုင်ခံနေသော အုပ်ချုပ်ရေးမှူးဦးသန်းကိုဆီမှမည်သို
့သောလာဘ်
လာဘများရယူထားသည်မသိပါ။ကျနော်တိ
့အနေဖြင့်ထင်မြင်စရာများစွါရှိပါသည်။တပ်မတော်မှဗိုလ်ကြီးတယောက်ဖြစ်သော
ဗိုလ်ကြီးသန်းထွန်းအေးသည်လည်း သူ့ မိသားစုဝင်များမှာ ဥပဒေနှင့်မလွတ်သော
ချဲဒိုင်အလုပ်ကိုလုပ်ဆောင်နေသည့်ကြားက ဘာကြောင့်တပ်မတော်
အရာရှိဖြစ်လာသည်ကိုနားမလည်ပါ။တပ်မတော်ကအရာရှိဖြစ်မည့် သူများကို bedding
လိုက်ပါသေးသည်။ထိုသို့ နောက်ကြောင်းလိုက်ပါလျှက်အရာရှ
ဖြစ်နေသည်မှာ လည်းစဉ်းစားစရာပင်ဖြစ်ပါသည်။ဘယ်လိုဘဲဖြစ်ပါစေ ကျနော်တို
့၏လယ်ကိုင်းရွာအနေဖြင့် ဦးသန်းကိုလိုလုမျိုး မကောင်းမှုမှန်သမျှကို
ဘယ်နည်းမဆိုလုပ်နေသူမျိုးကို
ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်ဆက်လက်ထားရှိနေမည်ဆိုလျှင်
ကျေးရွာနာပါသည်။ဘွဲံ့ ရပညာတတ်များရှိပါလျှက် ၄င်း
သာလျှင်အုပ်ချုပ်ရေးမှူးဖြစ်ရမည်ဆိုလျှင် ကျေူးရွာ၏တိုးတက်ရာ
တိုးတက်ကြောင်းမှာ
အင်မတန်မှစဉ်းစားစရာပင်ဖြစ်ပါတော့သည်။သက်ဆိုင်ရာလူကြီးများအနေဖြင့်
အမြန်ဆုံးဖြေရှင်းပေးပါ။တောင်သူများ၏စိုက်ဘဏ်ချေးငွေများကိုအလွဲသုံး
စားထုတ်ယူခြင်း နာမည်အစားထိုးထုတ်ယူခြင်း
မိမိကိုယ်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးဆိုပြီး ချဲဒိုင်ခံခြင်းတို
့ကိုထိရောက်စွာအရေးယူပေးပါ။
လယ်ကိုင်းရွာသူရွာသားများ
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
မူဆယ်မြိုရှိ ခရိုင်အုပ်ချုပ်ရေးမှူးနျင့် ရဲမြို့နယ်မှူးတို့မှ လစ်လျူရှုထားသော လောင်းကစားဝိုင်းများ အရေးယူပေးပါ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ကောင်းခါးပြည်သူ့စစ် ဦးကျော်နိုင် ခေါင်းဆောင်သောအဖွဲ့သည် ကောင်းခါးလူငယ် လက်နက် ကိုင်များဖြင့် လုံခြုံရေးအပြည့်ယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်းဆေးဆီဆိုင်အနောက်ဖက်တွင် ဖွင့်သော ပယ့်ကြားလော့ ခေါ်လောင်းကစားဝိုင်းအား တရားမဝင် ဖွင့်လှစ်ထားပါသည်။ ထိုလောင်းကစားဝိုင်းများသို့ တရုတ်နိုင်ငံမှ တရားမဝင်နိုင်ငံသားများရောက်ရှိလာ ပြီးကစားကြပါသည်။ ထိုကစားဝိုင်းအတွင်းလာကစားသူများ၏ ငွေများကို မမှန်ကန်သောနည်းဖြင့် အနိုင်ယူကာ၊ ထိုနိုင်ငံခြားသားများရှုံးပါက ငွေချေးပေးပါသည်။ အကယ်၍မပေးနိုင်ပါက လူသတ်ခြင်း၊ ကျန်မိသားစုများအား ခြိမ်းခြောက်ငွေညှစ်ခြင်း များပြုလုပ်လေ့ရှိပါသည်။ ဤအဖြစ်အပျက်များကို မူဆယ်မြိုရှိ ခရိုင်အုပ်ချုပ်ရေးမှူးနျင့် ရဲမြို့နယ်မှူးတို့မှ လိုင်းကြေးကောက်ခံကာ လစ်လျူရှုထားပါသည်။ ဤသည်တို့ကို သက်ဆိုင်ရာလူကြီးများသိစေရန် အကြောင်းကြားအပ်ပါသည်။ တရုတ်နိုင်ငံ သက်ဆိုင်ရာ အဖွဲ့စည်းများသို့လည်းသတင်းပေးပို့မည်ဖြစ်ပါသည်။
ုပြည်သူတစ်ဦး
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
နိုင်ငံတော်သမ္မတထံတင်ပြသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီအခြေခံသဘောထား(၅)ချက် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
နိုင်ငံတော်သမ္မတထံတင်ပြသည့်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအခြေခံသဘောထား(၅)ချက်
၁။      အမျိုးသားအချုပ်အခြာအာဏာကို မည်သည့်အကြောင်းနှင့်မျှ ထိပါးမခံရရေး၊
၂။      အဓွန့်ရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုရရှိရေး
၃။      စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး၊
၎။      နိုင်ငံသားအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့အပေါ် အာမခံချက်ရှိ စေရေး၊
၅။      ပြည်သူတို့၏ လူမှုစီးပွားရေးဘ၀တို့ မြင့်မားတိုးတက်စေရေး စသည့် အခြေခံသဘောထားများ ကို ဖြည့်ဆည်းရေးအတွက် အောက်ပါနိုင်ငံရေးလိုအပ်ချက်များကို ဖော်ပြအပ်ပါသည်။
         အခြေခံဥဒေပြင်ဆင်ရေး
v ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ အတည်ပြုပေါ်ထွက်လာမည့် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးဆိုင်ရာအချက်များကို ၂၀၀၈ အခြေခံဥပဒေတွင် ထည့်သွင်းပြင်ဆင်ရေး ဆွဲရန်၊
v လက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်သူများကြုံတွေ့နေရခြင်းသည် ခေတ်အဆက်ဆက် အခြေခံဥပဒေများတွင် ပြည်ထောင်စုစနစ် မပြည့်စုံမှု၊ ပြည်ထောင်စုအနှစ်သာရ အားနည်း မှုနှင့် အမျိုးသားညီညွတ်ရေးအမြင်ကို အဓိကမပါရှိခဲ့မှုများကြောင့် ဖြစ်သည်။ သို့ပါ၍  အခြေခံဥပဒေတွင် ယင်းအချက်များကို အလေးပြုထည့်သွင်းပြင်ဆင်ရန်၊
v အမျိုးသားလွှတ်တော်အတွင်း ကိုယ်စားလှယ် ပါဝင်မှုအချိုးအစားအား  အမျိုးသားတန်း တူညီမျှမှု ရှိသည့် အနေအထားနှင့် လိုက်ဖက်ညီရေး ဖြည့်ဆည်းနိုင်ရေး စဉ်းစားရန်၊
v တိုင်းဒေသကြီး၊ပြည်နယ်များ၏   အချုပ်အခြာအာဏာကို    ထိုဒေသရှိပြည်သူများ လွတ်
လပ်စွာ ကျင့်သုံးခွင့်ရှိခြင်း၏လက္ခဏာအဖြစ် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များကို   ဆိုင်ရာလွှတ်တော်များက ရွေးချယ်တင်မြှောက်ခွင့် ရရှိစေရန်၊
v နိုင်ငံပိုင်သယံဇာတများကို ပြည်ထောင်စုအစိုးနှင့် ပြည်နယ်အစိုးရများအကြား အခြေခံ ဥပဒေအရ သဘောထူခွဲဝေသတ်မှတ်ချက်မူဖြင့် ထုတ်ယူသုံးစွဲရေးနှင့် ယင်းသယံဇာတ ထုတ်ယူမှုမှရရှိသည့် အခွန်အခများကို ဗဟိုအစိုးရ၊ ပြည်ထောင်စုရံပုံငွေနှင့် ပြည်နယ် အစိုးရရံပုံငွေများအဖြစ် ကောက်ယူခွင့်ရှိသည့် အာဏာခွဲဝေကျင့်သုံးမှုအဖြစ် ပြည်ထောင် စုနှင့် ပြည်နယ်များ ပူးတွဲကောက် ယူနိုင်မည့် အခွန်အခစာရင်းကို  (ဇယား-၆) အဖြစ်
ဖြည့်စွက်ပြင်ဆင်ရန်၊
v ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သီမ်း၍ အဆိုပါကောင်စီ၏ တာဝနှ်နှင့်လုပ်ပိုင် ခွင့်များကို နိုင်ငံတော်သမ္မတမှ တာဝန်ယူဆောင်ရွက်ရန်၊
v တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို  အနာဂတ်ရွေးကောက်ပွဲများမှ ပေါ် ပေါက်လာမည့်လွှတ်တော်များတွင် အချိန်ကာလအလိုက် အဆင့်ဆင့် လျော့ချသတ်မှတ် သွားရေး စသည့် အချက်များ ဖြင့် ဖြည့်စွက်သွားရန်။
v နယ်စပ်ရေးရာဝန်ကြီးဌာနကို ဖျက်သိမ်းရန်။  အဆိုပါဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာ နများကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့ သွပ်သွင်းဆောင်ရွက်ရန်၊
v ၀န်ကြီးနေရာအားလုံးတွင်သင့်လျှော်သောအရပ်ဖက်ပုဂ္ဂိုလ်များအားဦးစားပေးခန့် အပ်ရန်၊
         ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး
v ဒီမိုကရေစီအခြေခံများနှင့် ပြည်ထောင်စုစနစ်အခြေခံများအပေါ် တည်ဆောက်ထားသည့် ပြင်ဆင်ပြီးအခြေခံဥပဒေကို နောက်ခံပြုဖွဲ့စည်းရန်၊
v လူမျိုးကြီးဝါဒနှင့်ကျဉ်းမြောင်းသည့်လူမျိုးစွဲဝါဒကင်းစွာ၊ လူမျိုးတစ်မျိုးတည်းကဖြစ်စေ၊ လူမျိုးကြီးရှစ်မျိုးကဖြစ်စေ၊ လွှမ်းမိုးချယ်လှယ်သည်ဆိုသည့်အမြင် ကင်းရှင်းသော ပြည်နယ်ပေါင်းစု ပြည်ထောင်စုအသွင်တည်ဆောက်ရန်၊
v စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေးအတွက်-
o   အသွင်သဏ္ဍာန်အားဖြင့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရန်၊
o   အနှစ်သာရအားဖြင့် အခြေခံဥပဒေအရ တိကျသည့် အာဏာခွဲဝေကျင့်သုံးမှု ရှိရန်၊
o   ပြည်ထောင်စုဝင် ပြည်နယ်များအားလုံး အမျိုးသားတန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ကြမ္မာ့ ကိုယ်ဖန်တီးခွင့်နှင့် လူမျိုးတိုင်း၏ မွေးရာပါအခွင့် အရေးများအပေါ် အာမခံချက်ရှိစေရန်၊
o   ပြည်နယ်များ၏ အချုပ်အခြာအာဏာကို ပြည်နယ်သားများက ဒီမိုကရေစီသဘော အရ ပိုင်ခွင့်ရရှိစေပြီး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ  လွတ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိစေ ရန်။
         ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
v စနစ်သစ်ဆီသွားရာတွင် စနစ်ဟောင်း အတွေးအခေါ်လုပ်ရပ်များကို ပြုပြင်နိုင်ရန်နှင့် အများပြည်သူတို့နှင့်သက်ဆိုင်သည့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နှင့် စီးပွားရေးအရ အဟန် အတား ဖြစ်နေခြင်းများကို ဥပဒေသစ်များပြဋ္ဌာန်း၍ ဖြေရှင်းဆောင်ရွက်ပေးရန်၊
v ရေတိုပြောင်းလဲမှုများအဖြစ် ပြည်သူများ၏ စားဝတ်နေမှုအဆင်ပြေရေးကို ရှေ့ရှု၍  ကာလတိုအတွင်း အကျိုးစီးပွားဖြစ်ထွန်းနိုင်သော လယ်ယာကုန်ထုတ်လုပ်ငန်းနှင့် ခရီး သွားလုပ်ငန်းတိုးတက်မှုတို့ကို တပြိုင်နက်ဆောင်ရွက်ပေးရန်၊
v အများညီစိတ်ဓာတ်ဖြင့် စုပေါင်းဆောင်ရွက်ခြင်း၊ စိန်ခေါ်ချက်များကို ခံနိုင်ရည်ရှိရှိ စိတ်ဓာတ်ကြံ့ခိုင်စွာ ချဉ်းကပ်အဖြေရှာခြင်းနှင့် မျှဝေခံစားတတ်ခြင်း စသည့် ဒီမိုကရေစီ ယဉ်ကျေးမှုများကို  မြန်မာ့လူမှုယဉ်ကျေးမှုဓလေ့အဖြစ် ထွန်းကားပြန့်ပွားနိုင်ရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ပမာဏနှင့် လှုပ်ရှားဆောင်ရွက်မှုများကို နိုင်ငံတော်မှ အားပေးမြှင့်တင်ပေးရန်။   
         တိုင်းရင်းသားအရေး၊
v တိုင်းရင်းသားလူမျိုးများအရေးနှင့် ပြည်ထောင်စုအရေးသည် ခွဲခြားမရ၊ ထို့အတူ ခွဲခြား ခြင်းမပြုရမည့် နိုင်ငံရေးလိုအပ်ချက်အဖြစ် မှတ်ယူစေရန်၊
v တိုင်းရင်းသားလူမျိုးများအရေးသည် တစ်မျိုးသားလုံးအရေးဖြစ်၍ ဒီမိုကရေစီပြည်ထောင် စုသစ် ပေါ်ထွန်းရေးအတွက် အဓိကမောင်းနှင်အားအဖြစ် ခံယူသဘောထားနိုင်ကြစေရန်၊
v တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးများ၊ ပြည်နယ်ပေါင်းစု ပြည်ထောင်စု ဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ၊ အခွင့်အလမ်းနှင့်အဆင့်အတန်းအရ တန်းတူညီမျှမှုများ၊ နိုင်ငံသား အခွင့်အရေးနှင့် ရပိုင်ခွင့်များသည် ဒီမိုကရေစီပြည်ထောင်စုစနစ်အောက်တွင် သာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိလက်ခံကြစေရန်၊
v လူမျိုးပေါင်းစုံတည်ရှိသည့် ဤမြန်မာနိုင်ငံတွင် ပြည်ထောင်စုမြန်မာနိုင်ငံသား အမျိုးသား ရေးထီးရိပ်အောက်တွင် တစုတစည်းတည်း တည်ရှိနိုင်ရေးအတွက် ပြည်ထောင်စုမြန်မာ နိုင်ငံသား အမျိုးသားရေးစိတ်ဓာတ်ကို မွေးမြူအားပေးနိုင်စေရန်။
         မျက်မှောက်ကာလ နိုင်ငံရေးစိန်ခေါ်မှုများအရေး
v သိမ်းဆည်းခံလယ်ယာမြေများနှင့် အခြားမြေများ ပြန်လည်ပေးအပ်ရေးကိစ္စ ရှင်းလင်း လွယ်ကူစွာ အမြန်ဆုံးပြီးပြတ်ရေးနှင့်  ဥပဒေလုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း၍ နိုင်ငံတော် မှ တာဝန်ယူဆောင်ရွက်ပေးရန်၊ ဥပမာအားဖြင့် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် သိမ်းပိုက်ရေး ဥပဒေအရ လုပ်ဆောင်ခဲ့မှုများကဲ့သို့  နမူနာထားဆောင်ရွက်နိုင်ရန်၊
v အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်ရာမဲ့ အခြေခံလူတန်းစား ပြည်သူများကို စီးပွားရေး အကျိုးအမြတ်ရလိုမှုကြောင့် တရားမဲ့ဝင်ရောက်ကျူးကျော်နေထိုင်သူများနှင့် တန်းတူ ထား၍ အကြမ်းဖက်ဖယ်ရှားနေခြင်းများကို နိုင်ငံတော်အဆင့်မှ ပြန်လည်နေရာချထား ရေး အစီအစဉ်များဖြင့် အမြန်ဆုံး ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးရန်၊
v ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်၏ အခြေခံဖြစ်သည့် အများပြည်သူဆန္မမဲဖြင့် တင်မြှောက် ထားသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးစနစ်များ ပေါ်ပေါက်ရေးကို ရှေ့ရှုဆောင်ရွက် ပေးရန်၊
v တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ပြည်သူများအားကိုး ယုံကြည် ထိုက်သည့် မှန်ကန်၍ဘက်မလိုက်သော တရားစီရင်ရေးစနစ်ပေါ်ထွန်းရန်၊ သို့ပါ၍ တရားစီရင်ရေးဆိုင်ရာစနစ် ၊ လက်ရှိကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်း စသည်တို့ကို ပြန်လည်စိစစ်သုံးသပ်၍ ပြည်သူ့အကျိုးကို ကာကွယ်နိုင်သော တရားသူကြီးများ၊ တရားရေးဝန်ထမ်းများပေါ်ပေါက်လာရေးအတွက် နိုင်ငံတော်တရားသူကြီးချုပ်ရုံးနှင့်   နိုင်ငံတော်ရှေ့နေချုပ်ရုံးများမှ သန့်ရှင်းမျှတလွတ်လပ်သော တရားစီရင်ရေးဆိုင်ရာ ညွှန်ကြားချက်များ  ချမှတ်ပေးရန်၊
v   ပြည်သူ့ အကျိုးကို အဓိကထားသည့် ဥပဒေရေးတွင် ကျွမ်းကျင်၍ ပြည်သူ့ရဲလုပ်ငန်း တာဝန် တို့ကို သိမြင်နှံ့စပ်သော လုံခြုံရေးပိုင်းဆိုင်ရာ ရဲဝန်ထမ်းများ ပေါ်ထွက်လာ စေရန်နှင့် ရဲလုပ်ငန်းဆိုင်ရာမြင့်မားသည့်တာဝန်များကို လုပ်သက်ရင့် ရဲလုပ်ငန်းတ ၀န်အဆင့်ဆင့်တွင်  ထမ်းရွက်လာခဲ့သော ရဲဝန်ထမ်းများထဲမှသာ ရွေးချယ်ခန့်အပ်ပေး ရန် တို့ ဖြစ်ပါသည်။
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
တောင်ကြီးမြို့တွင် ဖွင့်လှစ်သည့်အရာရှိအမှုစစ်သင်တန်း တက်ရောက်ရာတွင် အဆင့်၁ရှိနိုင်ရေး ငွေကြေးပေးနေရခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
 ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့
တွင်ဖွင့်လှစ်သောအမှုစစ်အရာရှိသင်
တန်းသည်အနယ်နယ်အရပ်ရပ်မှဒုရဲ
အုပ်များလာရေက်တက်သည့်သင်တန်း
ဖြစ်ပါသည်။
အဆိုပါသင်တန်း၌အဆင့်၁-၂-၃ ခွဲကာ
အဆင့်-၁ ရရှိသူမှာမိမိလိုချင်သည့်ဒေ
သသို့ရောက်ရှိသဖြင့်တက်ရောက်
သောဒုရဲအုပ်များမှာအားကြိုးမာန်တက်
ကြိုးစားသင်ကြားပါသည်။
သို့သော်လည်းမည်သို့ပင်ကြိုးစားကြိုး
စားကြိုးစားသူမှာအဆင့် ၁ မရဘဲKTV
ပို့ဆောင်ပေးနိုင်သူ-ငွေသိန်းဆယ်ချီ
ပေးနိုင်သူသာရရှိသဖြင့်အမှန်တကယ်
ကြိုးစားသူမျးားမှာအမြဲတမ်းနစ်နာနေရပါသည်။
ထို့ကဲ့သို့ဖြစ်နေပါကနိုင်ငံတော်သမ္မတ
ကြီးဖော်ဆောင်နေသောကောင်းမွန်
သောအစိုးရ-သန့်ရှင်းသောအစိုးရအ
တွက်အနှောက်အယှက်အ ဟန့်အ
တားဖြစ်ပေါ်စေပါကြောငးနိင်ငံတော
သမ္မတကြီးသိစေလိုပါသည်။
>
>ကြိုးစားပြီးအဆင့်၁မရရှိခဲ့သော သင်တန်းသားများ
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
Saturday 29 March 2014
ကောလင်းမြို့နယ်ကြာအင်း-ယင်းတိုက်-သစ်ဆိမ့်ကုန်းကျေးရွာတို့တွင် ဒေသဖွံ့ဖြို့ရေးအတွက်တစ်ပိုင်တစ်နိုင် ရွှေတူးဖေါ်ကြသည့်ဒေသခံများအပေါ် ခြိမ်းခြောက်ငွေတောင်းခံမှုပိုမိုဆိုးဝါးလာ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စစ်ကိုင်တိုင်းဒေသကြီးကသာခရိုင်
ကော
လင်းမြို့နယ်နှင့်ကျွန်းလှမြို့နယ်ကြားမူး
မြစ်ကမ်းပါးတစ်လျောက်သဲသောင်များ၌
ဒေသခံပြည်သူအများစုမှာအလုပ်လက်
မဲ့ဖြစ်ကာစားဝတ်နေရေးအတွက်ဒေသ
ဖွံ့ဖြိုးရေးအတွက်လစဉ်ကြေးများထည့်
ဝင်ပြီးလုပ်ကိုင်နေကြရပါသည်။
ထို့ကဲ့သို့လုပ်ကိုင်ကြရာတွင်ကျေးရွာ
အုပ်ချုပ်ရေးမှုးနှင့်အုပ်စုစာရေးတို့မှ
ရွှေမျောစက်တစ်လုံးလျင်တစ်လကျပ်
တစ်သိန်းနုန်းမပေးမနေရကောက်ခံနေ
ပါသည်။
ဒေသခံပြည်သူများအနေဖြင့်အလုပ်
လက်မဲ့ဖြစ်လို့မရှိရှိတာများကိုပေါင်နှံ
ရောင်းချကာရွှေတူးဖေါ်ရခြင်းဖြစ်ပြီး
ရွှေမရသည့်အခါအကြွေးသိန်းတစ်ရာ
ကျော်နှင့်အကြွေတင်ကာဒုက္ခရောက်
ကြရပါသည်။
အကြွေးတင်ပြီးသတ်မှတ်ထားသည့်
လစဉ်ကြေးမပေးနိုင်ပါကဖမ်းဆီးခံရ။
မည်ဟုမကြာခဏခြိမ်းချောက်လာပါ
များလာသည့်အတွက်ရွှေတူးဖေါ်ကြ
သူများမှမခံမရပ်နိုင်ဖြစ်ကာဒေသဖွံ့
ဖြိုးရေးအတွက်ကောက်ခံထားသည့်
ငွေများအားစာရင်းရှင်းခိုင်းရာဒေသ
ဖွံ့ဖြိုးရေးအတွက်အသုံးပြုသည်မှ
နည်းပါးပြီးဒေသအာဏာပိုင်များကို
ပေးကမ်းရသည်မှာများပြားသော
ကြောင့်စရင်းမရှင်နိုင်ဖြစ်နေပါသည်။
သို့ဖြစ်ပါ၍ဒေသဖွံ့ဖြိုးရေးကိုအ
ကြောင်းပြကာအောက်ခြေမှဝန်ထမ်း
များနှင့်ပူးပေါင်းပြီးလုပ်ကိုင်နေကြ
သည်ကိုနိုင်ငံတော်သမ္မတကြီးသိစေ
ချင်ပါသည်။
အလုပ်လက်မဲ့ဖြစ်လို့ရွှေတူးဖော်ကြသူများ
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့ က သက်တမ်း၉၀ ပြည့်သီပေါဟော် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
ကမ္ဘာလှည့် နိုင်ငံခြားခရီးသွားများ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊  သီပေါမြို့သို့အဆက်မပြတ်လာရော
က်လျက်ရှိကြသည်။နိုင်ငံပေါင်းစုံမှပြည်ပ  ဧည့်သည်များသည် မန္တလေး-ပြင်ဦးလွင်မှ တစ်ဆင့်သီပေါသို့မော်တော်  ယာဉ်ဖြင့် လည်းကောင်း၊ မန္တလေး-လားရှိုး လူစီးရထားဖြင့်လည်းကောင်း လာရောက်ကြသည်။ အချို့က  မန္တလေးမှ စင်းလုံးဌား မော်တော်ယာဉ်  ဖြင့်လည်းလာရောက်တတ်ကြသည်။ မန္တလေးမှ သီပေါသို့(၁၃၀)မိုင်ရှိသည်။ ယခင်က လမ်းခရီးမှာ ခတ်ထန် ကြမ်းတမ်းခဲ့သည်။ယခုတော့ပန်းခင်း  သောလမ်းဖြစ်ပြီး နေ့ချင်းပြန်ပင်သွားနိုင်သည်။
     လမ်းခရီးစဉ်၌ နောင်ချိုမြို့အလွန်မှ လှပသော ဂုတ်တွင်းကားလမ်း အတက်အဆင်းရှုးခင်းများကို ခံစားနိုင်ကြသည်။ရထားလမ်းမှဆိုလျှင် အ
 မြင့်ပေ (၁၁၀၀)၊အလျားပေ (၂၂၆၀)ရှိ ကမ္ဘာဒုတိယအမြင့်ဆုံး နာမည်ကျော် ဂုတ်ထိပ်တံတားကြီးကိုဖြတ်သန်းရှုစားကြရသည်။ ကျေက်မဲလွန်၍  သီပေါသို့ရောက်ခါနီးလျှင် ထင်ရှားကျော်ကြားသော သမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်မြတ်ကြီးအားကြည်ညိုဖွယ်ရာ ဖူးမြင်တွေ့ရမည်။သီပေါသို့
 ရောက်လျှင် အသင့် တည်းခိုနိုင်သောလိုင်စင်ရအဆင့်မြင့် မိုတယ်၊ ဟိုတယ် (၈)လုံးရှိသည်။ ဧည့်လမ်းညွန်များလည်းရှိသည်။ ဒုဌ၀တီမြစ်အစ  ချောင်းဆုံဒေသနှင့်သာယာလှပသော နေရာများစွာရှိသည်။ ရှမ်းယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ရှမ်းအကရှမ်းအလှ ရှမ်းသဘာဝတို့ကို ကြည်နူးဖွယ်  ဆုံတွေ့ရမည်။သီပေါအရှေ့ဘက် သိမ်တောင်ပေါ်မှ ညနေခင်းဆည်းဆာအလှကလည်း ဒုဋ္ဌ၀တီမြစ်နှင့် အပြိုင်ဆွဲဆောင်လျက်ရှိသည်။
      သီပေါရောက် ကမ္ဘာလှည့် နိုင်ငံခြားသား ဧည့်သည်များတစ်ဦးမကျန် သွားရောက်လေ့လာရာနေရာတစ်ခုကား သီပေါဟော်အဆောက်  အအုံ ဖြစ်သည်။ ၎င်းသီပေါဟော်ကို လွန်ခဲ့သော (၁၉၂၄)ခုနှစ်၊ မတ်လက (၈၇)ဆက်မြောက် သီပေါစော်ဘွားကြီး စောအုံကြာ
 (MA ၊ဘာနိုစီလိုကောလိပ်၊ အောက်စဖို့)ကျမိုင်းဘ၀တွင် ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ထားခြင်းဖြစ်သည်။၂၀၁၄ခုနှစ်တွင် သက်တမ်း
 နှစ်(၉၀)ပြည့်ပြီဖြစ်သည်။
      အဆိုပါ သီပေါဟော်အဆောက်အအုံမှာ ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ဘေးဒဏ်မှ လွတ်ကင်းခဲ့ပြီး ယနေ့ထိတည်ရှိနေခြင်းဖြစ်သည်။နောက်ဆုံ
 သီပေါစော်ဘွား စ၀်ကြာဆိုင်နှင့် မဟာဒေ၀ီ စ၀်သုစန္ဒီ (အနောက်တိုင်းသူ မစီအင်ဂျီအဲဗားဆိုင်)မိသားစု (၁၉၆၂)ခုနှစ်အထိ နေထိုင်သွားခဲ့သော
 ဟော်အဆောက်အအုံလည်းဖြစ်သည်။ သီပေါမြို့နယ်၏ ကျက်သရေဆောင်အလှတစ်ပါးပမာ တင်စားလိုသည်။
       လက်ရှိ သီပေါဟော်အဆောက်အအုံကို သီပေါနောက်ဆုံးစော်ဘွား စ၀်ကြာဆိုင်၏ တူအရင်းတော်စပ်တူ စ၀်ဦးကြာ ဇနီးဒေါ်စ၀်စမ်ဖုန်းနှင့်
 မိသားစု ထိန်သိမ်းစောင့်ရှောက်ပြီး ယနေ့တိုင်နေထိုင်လျက်ရှိကြသည်။ မြန်မာ့ခရီးသွား လုပ်ငန်းအထောက်အကူဖြစ်စေရန် ရည်ရွယ်လျက်        ဟော်တယ်နှင့် ခရီးသွားလာရေးလုပ်ငန်းမှ တာဝန်ရှိသူတို့၏ မေတ္တာရပ်ခံချက်အရ ပြည်တွင်းပြည်ပ ဧည့်သည်များကို နေ့စဉ်(၂)ချိန် ဖွင့်လှစ်လက်  ခံပေးလျက်ရှိသည်။လာရောက် လေ့လာသမျှဧည့်သည်များ၏ သိလိုသမျှကိုလည်း ဒေါ်စ၀်စမ်ဖုန်းနှင့် မြေးဖြစ်သူ  စ၀်မွမ်းဆိုင်ဆင့်တို့က ဖော်ရွှေစွာ
 ရှင်းလင်းပြောပြကြသည်။ဒေါ်စ၀်စမ်ဖုန်းက “ယခုသီပေါဟော်က စော်ဘွားနေထိုင်တဲ့ ဟော်နန်း မဟုတ်တော့ပါဘူး၊ လက်ရှိကျွန်မတို့မိသားစုတရား
 (၁၂)နာရီထိ တစ်ကြိမ်၊ ညနေပိုင်း (၃)နာရီမှ (၆)နာရီထိတစ်ကြိမ် နှစ်ကြိမ် ဖွင့်လှစ်လက်ခံပေးပါတယ်၊ နေရပ်ဒေသမရွေး လူမျိုးဘာသာ  
 မခွဲခြားဘဲ အားလုံးကို ကြိုဆိုပါတယ်။ ဒါပေမဲ့ တစ်ချို့ဒေသခံလူငယ်တွေက ပြင်ပ အပျော်ပန်းခြံတွေလိုမှတ်ပြီး အဖွဲ့လိုက်အော်ဟစ်ဆူညံကြ၊ မင်္ဂလာ
 ဆောင်ဗီဒီယို လာရိုက်ကြ၊ အတွဲလာချိန်းကြ လုပ်တာတွေက မသင့်တော်ပါဘူး။ မိုင်ပေါင်းများစွာက လာတဲ့ ပြည်ပဧည့်သည်တွေကတောင် အလေး
 ထားပြီး စည်းကမ်းရှိရှိလာရောက်လေ့လာနေကြတာပါ။ တန်ဖိုးထားလေးစားရမဲ့ သမိုင်းဝင်နေရာတစ်ခုလိုပါပဲ။ ဒေသခံလူငယ်အချို့ကိုနားလည်ဆင်ခြင်
 ပေးဖို့ မီဒီယာက တစ်ဆင့် ကျွန်မတို့မေတ္တာရပ်ခံပြောကြားလိုပါတယ်”ဟုရှင်းလင်းပြောပြခဲ့သည်။ 
        သို့ဖြစ်ပါ၍ ကမ္ဘာကပင် စိတ်ဝင်တစားရှိစွာ နေ့စဉ်လာရောက်နေသော သီပေါမြို့၏ ဂုဏ်သိက္ခာအတွက်အလေးထားအထူးထိန်းသိမ်းရပေ
 မည်။ မြို့၏ သန့်ရှင်းသာယာလှပရေးကိုလည်း ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်။ ထိုနှင့်အတူ အေးမြသောမေတ္တာတရား၊ မြတ်နိုးဖွယ်ရာ ငြိမ်း
 ချမ်းရေးနှလုံးသား၊ ဖြူစင်ရိုးရှင်းသည့် အပြုံးတို့ဖြင့် ပျူဌာနွေးထွေးစွာ လက်ခံကြိုဆိုပေးနေသော သီပေါဟော်၏ အလှတရားကိုလည်းအားလုံးက ကာ
 ကွယ်စောင့်ထိန်းသွားကြရမည် ဖြစ်ပါသည်။ လှပသော သီပေါသို့ရောက်လျှင် ခံ့ညားသော သီပေါဟော်ကိုလည်းလေ့လာကြည့်ရှုပါ။ သမိုင်း၏ကောင်း
 မွေများကိုဆက်ခံထိန်းသိမ်းပြီး၊ သမိုင်းသင်ခန်းစာများကိုလည်းအတူရယူကာ ငြိမ်းချမ်းသာယာရေးအတွက် တည်ဆောက်သွားကြပါစို့ ဟူ၍ဆန္ဒပြုအပ်ပါ
 သည်။ ။  
 သီပေါကိုလတ်
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
ndf 13 သတင်းထုတ်ပြန်ချက် ၁၃၊ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
သတင်းထုတ်ပြန်ချက်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက်အမှတ်  (  ၁၃- ၂၀၁၄)
ရက်စွဲ။ ၂၈-၃-၂၀၁၄
NDF ပါတီခေါင်းဆောင်များ ထန်းတပင်လယ်သမားများနှင့်တွေ့ဆု
         ၂၈-၃-၂၀၁၄ ရက်နေ့  နံနက် ၁၁း၀၀ နာရီက အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်များနှင့် ထန်းတပင်မြို့နယ်ရှိ ပါတီဝင်လယ်သမားများနှင့် တွေ့ဆုံပွဲကို  ထန်းတပင်မြို့နယ်၊ အညာစုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
         ထို့တွေ့ဆုံပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင် ဦးတိုးပို၊ ဒုဥက္ကဌ ဦးစိန်လှဦး၊ အတွင်းရေးမှူး(၁) ဦးကြည်သန်း၊ အတွင်းရေးမှူး(၂)ဦးနေမင်းကျော်၊ စီအီးစီအဖွဲ့ဝင်များဖြစ်ကြသော ဦးသာဆိုင်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်၊ ဗဟိုဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်နှင့် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီဝင်များ၊ ထန်းတပင်မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဝင် လယ်သမားများ  စုစုပေါင်း ၁၀၀ခန့်တက်ရောက်ခဲ့ကြသည်။
         တက်ရောက်လာသော ပါတီဝင်များနှင့် ပါတီခေါင်းဆောင်များကို တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် ထန်းတပင်ဥက္ကဌ ဦးမြမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပါတီဥက္ကဌ ဦးခင်မောင်ဆွေ မှ NDF ပါတီ ဖြစ်ပေါ်လာခြင်းနှင့် လုပ်ဆောင်ချက်များ၊ ရှေ့မျှော်မှန်းချက်များအကြောင်း၊ ပါတီဒုခေါင်းဆောင် ဦးတိုးပိုက ပါတီ၏ရည်ရွယ်ချက်များနှင့် ထားရှိရမည့် သဘောထားအမြင်များကိုအကြောင်း၊ အတွင်းရေးမှူး(၁) ဦးကြည်သန်းက ပါတီ၏မူဝါဒများအကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇင်က လယ်ယာမြေကိစ္စ ဆောင်ရွက်မှုအခြေအနေများ၊ လွှတ်တော်တွင်း လယ်ယာကိစတင်ပြခဲ့မှုများနှင့် လယ်သမားဘက်မှ ဆောင်ရွက် သင့်သည့်ကိစ္စရပ်များအကြောင်း၊ ရန်ကုန်တိုင်းအမျိုးသမီးအဖွဲ့ အတွင်းရေးမှူး ဒေါ်လှလှမိုးမှ အမျိုးသမီးလုပ်ငန်း များနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများအကြောင်း၊ လယ်ယာမြေဥပဒေနှင့်ပတ်သက်သည့် သိထားသင့်သည် များကို ဦးကြီးမြင့်မှလည်းကောင်း  ရှင်းလင်းပြောကြားခဲ့သည်။        
         တက်ရောက်လာသည့် လယ်သမားများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပါတီခေါင်းဆောင် များက ဖြေကြားခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် ၂း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
နိုင်ငံတော်သမ္မတနှင့်နိုင်ငံရေးပါတီခေါင်းဆောင်များ တွေ့ဆုံမည်
         ၂၉-၃-၂၀၁၄ ရက်နေ့ နံနက် ၉း၀၀နာရီတွင် ရန်ကုန်မြို့၊ ပြည်သူု့လွှတ်တော်ဝင်းအတွင်းရှိ ရန်ကုန်တိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံကြမည် ဖြစ်သည်။ နိုင်ငံရေးပါတီများမှ တစ်ပါတီလျှင် သုံးဦး တက်ရောက်ရန် ဖိတ်ကြားထားပြီး အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မှ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဒုခေါင်းဆောင်ဦးတိုးပိုနှင့် အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်တို့ တက်ရောက်ကြမည် ဖြစ်သည်။
         NDFပါတီအနေဖြင့် နိုင်ငံတော်သမ္မတအား ပါတီအခြေခံသဘောထားရပ်တည်ချက် ငါးချက်နှင့် နိုင်ငံရေး လိုအပ်ချက်များဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး၊ ဒီမိုကရေစီနှင့်လူ့အခွင် အရေး၊ တိုင်းရင်းသားများအရေးနှင့် မျက်မှောက်ကာလစိန်ခေါ်မှုများအရေးများကို  တင်ပြသွားမည်ဖြစ်ပြီး ထိုစာတမ်းကိုလည်း ပေးအပ်ရန်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာ့ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ပြုစုသည့် မြန်မာ့နိုင်ငံရေးပါတီများ၏ အချက်အလက်စုစည်းမှုစာအုပ်  ပေးအပ်ပွဲသို့ NDFမှ တက်ရောက်
         ၂၈-၃-၂၀၁၄ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် မီကာဆာဟိုတယ်၌ ကျင်းပသည့် မြန်မာ့ဖွံ့ဖြိုးရေးမဏ္ဍိုင် အဖွဲ့မှ ပြုစုသည့်  မြန်မာ့နိုင်ငံရေးပါတီများ၏ အချက်အလက်စုစည်းမှုစာအုပ် ၂၀၁၀-၂၀၁၂  ပေးအပ်ပွဲသို့  နိုင်ငံရေးပါတီများ၊ အဲန်ဂျီအိုများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများသို့ ဖိတ်ကြားခဲ့ရာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတိုးတိုး တက်ရောက်ခဲ့သည်။
         ထိုအခမ်းအနားတွင် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှ ဒေါ်မြသဲသစ္စာမှ စာအုပ်ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းနှင့် ဆောင်ရွက်ခဲ့မှုများ၊ နိုင်ငံရေးပါတီများ၏ ပါတီမူဝါဒများအပေါ် အမြင်သုံးသပ်ချက်များကို ရှင်းလင်းပြောကြားခဲ့ ပြီး ဆရာဦးဇေယျသူမှ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  နိုင်ငံရေးပါတီများအကြောင်းကို ဟောပြောခဲ့သည်။ တက်ရောက်လာ သူများက မိမိတို့ သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြပြီး အခမ်းအနားကို ညနေ ၅း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။ 
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတိုက်၌ မဟာဗုဒ္ဓ၀င်ပြတိုက်ကြီးတည်ဆောက်သွားမည် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
သီပေါ၊မတ်(၂၈)  
  ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဗုဒ္ဓသာသနာပိုမို ပြန့်ပွားခိုင်မြဲစေရေးအတွက် မဟာဗုဒ္ဓ၀င်ပြတိုက် အဆောက်အအုံကြီးကို လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်အတွင်း၌ တည်ဆောက်သွားမည်ဖြစ်သည်။
လားရှိုးမြို့၌ တည်ဆောက်မည့်အဆိုပါ မဟာဗုဒ္ဓ၀င်ပြတိုက်ကြီးတွင် ဒေသခံ ဗုဒ္ဓဘာသာဝင်များနှင့် လူငယ်မျိုးဆက်သစ်များ အနေဖြင့် ဗုဒ္ဓနှင့် ဗုဒ္ဓ၏ မဟာဝင်ဖြစ်စဉ်တို့အား စစ်မှန်စွာ သိရှိကြည်ညိုနိုင်ကြစေရေးအတွက် လည်းကောင်း၊ ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာအကြောင်း လေ့လာသိရှိလိုကြသော အခြားဘာသာဝင်များ မှန်ကန်စွာ သိရှိနားလည်နိုင်စေရေး အတွက်လည်းကောင်း စနစ်တကျပြသရှင်းလင်းသွားမည် ဟုသိရသည်။
          မကြာမီပေါ်ပေါက်လာတော့မည့် လားရှိုးမြို့၊ မဟာဗုဒ္ဓ၀င်ပြတိုက်နှင့် ပတ်သတ်၍ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပုညနန္ဒက '' ဒေသခံဗုဒ္ဓဘာသာဝင်တွေရော၊ ဗုဒ္ဓဘာသာအကြောင်း စစ်စစ်မှန်မှန် သိလိုကြတဲ့ အခြားပုဂ္ဂိုလ်တွေအတွက်ပါ ရည်ရွယ်ပြီး ဒီမဟာဗုဒ္ဓ၀င်ပြတိုက်ကြီးကိုတည်ဆောက်သွားမှာပါ၊ ပညာရှင်များနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြေပုံအထောက်အထားပုံစံများ၊ ရုပ်ပုံရုပ်ထုများကို ခေတ်မီစနစ်အသုံးပြုပြီး ပြသသွားမဲ့အပြင် ဘာသာစကား အမျိုးမျိုးနဲ့ ရှင်းလင်းပြောပြနိုင်မဲ့ ပုဂ္ဂိုလ်များပါ ထားရှိသွားမှာဖြစ်ပါတယ် '' ဟု ရှင်းလင်းမိန့်ကြားခဲ့သည်။ ယင်းဆရာတော်သည် ၂၀၁၃ ခုနှစ် မေလက လားရှိုးမြို့၌ ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခတွင် နှစ်ဖက်ဒုက္ခသည်များအား လက်ခံစောင့်ရှောက် ကူညီပေးခဲ့သည့် မေတ္တာရှင်ဆရာတော်တစ်ပါးလည်းဖြစ်သည်။
အဆိုပါ လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းတိုက်အတွင်း၌ တည်ဆောက်သွားမည့် မဟာဗုဒ္ဓ၀င်ပြတိုက် အဆောက်အအုံသည် ခေတ်မီအဆင့်မြင့် (၂)ထပ်အဆောက်အအုံကြီးဖြစ်ပြီး ကုန်ကျမှု တန်ဖိုးမှာ ကျပ်သိန်းနှစ်ထောင်ခန့်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင် အကြီးမားဆုံး မဟာဗုဒ္ဓ၀င်ပြတိုက်ကြီးတစ်ခုဖြစ်၍ ပါရမီရှင် ကုသိုလ်ရှင်များအနေဖြင့် ဖုန်း (၀၉-၄၇၃၁၃၁၆၁၊ ၅၂၆၂၆၇၄) (၀၈၂-၂၃၅၅၉၊ ၂၅၉၂၄)တို့သို့ ဆက်သွယ်၍ တစ်တပ်တစ်အားပါဝင်လှူဒါန်းသာသနာပြုနိုင်ကြကြောင်းသိရသည်။ 
သီပေါကိုလတ်
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
Friday 28 March 2014
ဒလမြို့ကမာကသွယ်အုပ်ချုပ်ရေးမှူး၏ နာယကဂုဏ်ခြောက်ပါးနှင့် မညီညွတ်ကြောင်း တိုင်ကြားခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
သို့/
``ဥုံ´´ ပေးစာတိုင်စာ ကဏ္ဍ
၂၀၁၄၊ မတ်(၂၇)ရက်
``ဒလမြို့ကမာကသွယ်အုပ်ချုပ်ရေးမှူး၏ နာယကဂုဏ်ခြောက်ပါးနှင့် မညီညွတ်ကြောင်း တိုင်ကြားခြင်း´´
          ကျွန်တော်က ဦးစိုးမြင့်၊ နိုင်ငံသားအမှတ် ၁၂/ဒလန(နိုင်)၀၁၄၃၇၈ ပါ၊ ဒလမြို့ ကမာကသွယ်ရပ်ကွက်၊ ဗိုလ်ဥတ္တမ(၆)လမ်း၊ အိမ်အမှတ်(၈၇၄)မှာ နေထိုင်သူဖြစ်ပါတယ်။ ကျွန်တော်တို့ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးထွန်းလွင်သည် နာယကဂုဏ်ခြောက်ပါးနှင့် မညီညွတ်ကြောင်းကိစ္စအပြည့်အစုံကို ၂၀၁၄ ၊ ဇန်န၀ါရီ လ(၂၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားခဲ့ပါတယ်။ ဒီစာမိတ္တူတွေကို တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ၊ ဒလမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့လူ့အခွင့်အရေးကော်မရှင်ရုံးများသို့လည်း ပေးပို့ ထားပြီးဖြစ်ပါတယ်။
          ဖြစ်စဉ်က ပုဂ္ဂလိကကိစ္စလို့ထင်ကောင်းထင်ကြပါ့မယ်။ ယခင်ကရော ယခုကိစ္စပါ သူနှင့်ကျွန်တော်ဟာ ပုဂ္ဂလိက အညှိးအတေး လုံးဝမရှိခဲ့ပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်သည် ကိုယ့်ရပ်ကွက်အတွင်းနေတဲ့ ကျွန်တော်ပါ အများပြည်သူများ၏ ရပ်မိ ရပ်ဖတစ်ဦးပါ။ ရပ်ကွက်သူ ရပ်ကွက်သားများအတွက် ကြီးတဲ့အမှု သေးငယ်အောင်၊ သေငယ်တဲ့အမှုကို ပပြောက်သွားအောင် နာယကဂုဏ်ခြောက်ပါးနဲ့အညီဆောင်ရွက်ပေးရမှာပါ။ ယခုတော့ ကိုယ့်ရပ်ကွက်သားဖြစ်တဲ့ ကျွန်တော်ရဲ့အမှုကို အောက်ခြေတွင်တရားဝင်ဖြေရှင်းခြင်းမရှိဘဲ၊ အခြား မြို့နယ်က တရားလိုဘက်မှ နေပြီး မဟုတ်မမှန်  သက်သေခံထွက်ဆိုနေပါတယ်။ ဘာကြောင့်ဒီလိုလုပ်ရတယ်ဆို တာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်သာ အသိဆုံးဖြစ်မှာပါ။ အမှုအကြောင်း မပြောခြင်းက အမှုစစ်ဆေးဆဲ ဖြစ်နေလို့ အကြောင်းစုံကို မပြောလိုသေးပါ။ ယခုဖြစ်စဉ်ကို အကျဉ်းချုပ်ပြောရရင်  တွံတေးမြို့နယ်က တရားလို အမျိုးသမီးတစ်ဦးက ကျွန်တော့်ကို ဆိုင်းခန်းတစ်ခန်းနှင့် ငွေသိန်းငါးဆယ် ရာလိုမှုအတွက် တရားမမှုနဲ့သာ တရားစွဲဆိုရမှာ ဖြစ်သော်လည်း ယခုတော့ ပြစ်မှုကြီးအမှတ်(၁၁၉၀/၂၀၁၃)နဲ့ တရားစွဲဆိုဖြစ်အောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းလွင် က ဘက်လိုက်ပြီး လိမ်ညာ၍သက်သေထွက်ဆိုခဲ့ခြင်းကြောင့် ယခုလိုတိုင်ကြားပြီး သက်ဆိုင်ရာ လူကြီးများသိအောင် ပေးစာတိုင်စာကဏ္ဍ၊ နှင့် ရင်ဖွင့်သံမှ တင်ပြခြင်းဖြစ်ပါတယ်။
ဦးစိုးမြင့်