နိုင်ငံတော်သမ္မတထံတင်ပြသည့်
အမျိုးသားဒီမိုကရေစီအင်အားစုပါ တီအခြေခံသဘောထား(၅)ချက်
၁။ အမျိုးသားအချုပ်အခြာအာဏာကို မည်သည့်အကြောင်းနှင့်မျှ ထိပါးမခံရရေး၊
၂။ အဓွန့်ရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တစ်မျိုးသားလုံးစည်းလုံးညီညွတ် မှုရရှိရေး
၃။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး၊
၎။ နိုင်ငံသားအခွင့်အရေး၊
ဒီမိုကရေစီအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့အပေါ် အာမခံချက်ရှိ စေရေး၊
၅။ ပြည်သူတို့၏
လူမှုစီးပွားရေးဘ၀တို့ မြင့်မားတိုးတက်စေရေး စသည့် အခြေခံသဘောထားများ ကို ဖြည့်ဆည်းရေးအတွက်
အောက်ပါနိုင်ငံရေးလိုအပ်ချက်များကို ဖော်ပြအပ်ပါသည်။
အခြေခံဥဒေပြင်ဆင်ရေး
v ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ အတည်ပြုပေါ်ထွက်လာမည့် နိုင်ငံရေး၊
စီးပွားရေး၊ အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးဆိုင်ရာအချက်များကို ၂၀၀၈ အခြေခံဥပဒေတွင်
ထည့်သွင်းပြင်ဆင်ရေး ဆွဲရန်၊
v လက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်သူများကြုံတွေ့နေရခြင်းသည်
ခေတ်အဆက်ဆက် အခြေခံဥပဒေများတွင် ပြည်ထောင်စုစနစ် မပြည့်စုံမှု၊ ပြည်ထောင်စုအနှစ်သာရ
အားနည်း မှုနှင့် အမျိုးသားညီညွတ်ရေးအမြင်ကို အဓိကမပါရှိခဲ့မှုများကြောင့် ဖြစ်သည်။ သို့ပါ၍
အခြေခံဥပဒေတွင် ယင်းအချက်များကို အလေးပြုထည့်သွင်းပြင်ဆင်ရန်၊
v အမျိုးသားလွှတ်တော်အတွင်း ကိုယ်စားလှယ် ပါဝင်မှုအချိုးအစားအား အမျိုးသားတန်း တူညီမျှမှု ရှိသည့် အနေအထားနှင့် လိုက်ဖက်ညီရေး
ဖြည့်ဆည်းနိုင်ရေး စဉ်းစားရန်၊
v တိုင်းဒေသကြီး၊ပြည်နယ်များ၏ အချုပ်အခြာအာဏာကို ထိုဒေသရှိပြည်သူများ လွတ်
လပ်စွာ
ကျင့်သုံးခွင့်ရှိခြင်း၏လက္ခဏာအြ ဖစ် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များကို ဆိုင်ရာလွှတ်တော်များက ရွေးချယ်တင်မြှောက်ခွင့် ရရှိစေရန်၊
v နိုင်ငံပိုင်သယံဇာတများကို ပြည်ထောင်စုအစိုးနှင့် ပြည်နယ်အစိုးရများအကြား
အခြေခံ ဥပဒေအရ သဘောထူခွဲဝေသတ်မှတ်ချက်မူဖြင့် ထုတ်ယူသုံးစွဲရေးနှင့် ယင်းသယံဇာတ ထုတ်ယူမှုမှရရှိသည့်
အခွန်အခများကို ဗဟိုအစိုးရ၊ ပြည်ထောင်စုရံပုံငွေနှင့် ပြည်နယ် အစိုးရရံပုံငွေများအဖြစ်
ကောက်ယူခွင့်ရှိသည့် အာဏာခွဲဝေကျင့်သုံးမှုအဖြစ် ပြည်ထောင် စုနှင့် ပြည်နယ်များ ပူးတွဲကောက်
ယူနိုင်မည့် အခွန်အခစာရင်းကို (ဇယား-၆) အဖြစ်
ဖြည့်စွက်ပြင်ဆင်ရန်၊
v ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သီမ်း၍ အဆိုပါကောင်စီ၏
တာဝနှ်နှင့်လုပ်ပိုင် ခွင့်များကို နိုင်ငံတော်သမ္မတမှ တာဝန်ယူဆောင်ရွက်ရန်၊
v တပ်မတော်သားလွှတ်တော်ကိုယ်စားလှ ယ်များကို အနာဂတ်ရွေးကောက်ပွဲများမှ ပေါ် ပေါက်လာမည့်လွှတ်တော်များတွင်
အချိန်ကာလအလိုက် အဆင့်ဆင့် လျော့ချသတ်မှတ် သွားရေး စသည့် အချက်များ ဖြင့် ဖြည့်စွက်သွားရန်။
v နယ်စပ်ရေးရာဝန်ကြီးဌာနကို ဖျက်သိမ်းရန်။ အဆိုပါဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာ နများကို
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်သို့  သွပ်သွင်းဆောင်ရွက်ရန်၊
v ၀န်ကြီးနေရာအားလုံးတွင်သင့်လျှော်သောအရပ်ဖက်ပုဂ္ဂိုလ်များအားဦး စားပေးခန့်
အပ်ရန်၊
ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး
v ဒီမိုကရေစီအခြေခံများနှင့် ပြည်ထောင်စုစနစ်အခြေခံများအပေါ်
တည်ဆောက်ထားသည့် ပြင်ဆင်ပြီးအခြေခံဥပဒေကို နောက်ခံပြုဖွဲ့စည်းရန်၊
v လူမျိုးကြီးဝါဒနှင့်ကျဉ်းမြောင်းသည့်လူမျိုးစွဲဝါဒကင်းစွာ၊
လူမျိုးတစ်မျိုးတည်းကဖြစ်စေ၊ လူမျိုးကြီးရှစ်မျိုးကဖြစ်စေ၊ လွှမ်းမိုးချယ်လှယ်သည်ဆိုသည့်အြ မင်
ကင်းရှင်းသော ပြည်နယ်ပေါင်းစု ပြည်ထောင်စုအသွင်တည်ဆောက်ရန်၊
v စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်စေရေးအတွ က်-
o
အသွင်သဏ္ဍာန်အားဖြင့်
ပြည်နယ်ပေါင်းစု ပြည်ထောင်စုဖြစ်ရန်၊
o
အနှစ်သာရအားဖြင့် အခြေခံဥပဒေအရ
တိကျသည့် အာဏာခွဲဝေကျင့်သုံးမှု ရှိရန်၊
o
ပြည်ထောင်စုဝင် ပြည်နယ်များအားလုံး
အမျိုးသားတန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ကြမ္မာ့
ကိုယ်ဖန်တီးခွင့်နှင့် လူမျိုးတိုင်း၏ မွေးရာပါအခွင့် အရေးများအပေါ် အာမခံချက်ရှိစေရန်၊
o
ပြည်နယ်များ၏ အချုပ်အခြာအာဏာကို
ပြည်နယ်သားများက ဒီမိုကရေစီသဘော အရ ပိုင်ခွင့်ရရှိစေပြီး ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ လွတ်လပ်စွာကျင့်သုံးနိုင်ခွင့် ရှိစေ ရန်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
v စနစ်သစ်ဆီသွားရာတွင် စနစ်ဟောင်း အတွေးအခေါ်လုပ်ရပ်များကို
ပြုပြင်နိုင်ရန်နှင့် အများပြည်သူတို့နှင့်သက်ဆိုင် သည့် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်နှင့်
စီးပွားရေးအရ အဟန် အတား ဖြစ်နေခြင်းများကို ဥပဒေသစ်များပြဋ္ဌာန်း၍ ဖြေရှင်းဆောင်ရွက်ပေးရန်၊
v ရေတိုပြောင်းလဲမှုများအဖြစ် ပြည်သူများ၏ စားဝတ်နေမှုအဆင်ပြေရေးကို
ရှေ့ရှု၍ ကာလတိုအတွင်း အကျိုးစီးပွားဖြစ်ထွန်းနိုင်သော
လယ်ယာကုန်ထုတ်လုပ်ငန်းနှင့် ခရီး သွားလုပ်ငန်းတိုးတက်မှုတို့ကို တပြိုင်နက်ဆောင်ရွက်ပေးရန်၊
v အများညီစိတ်ဓာတ်ဖြင့် စုပေါင်းဆောင်ရွက်ခြင်း၊ စိန်ခေါ်ချက်များကို
ခံနိုင်ရည်ရှိရှိ စိတ်ဓာတ်ကြံ့ခိုင်စွာ ချဉ်းကပ်အဖြေရှာခြင်းနှင့် မျှဝေခံစားတတ်ခြင်း
စသည့် ဒီမိုကရေစီ ယဉ်ကျေးမှုများကို မြန်မာ့လူမှုယဉ်ကျေးမှုဓလေ့အဖြစ်
ထွန်းကားပြန့်ပွားနိုင်ရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများ၏ ပမာဏနှင့် လှုပ်ရှားဆောင်ရွက်မှုများကို
နိုင်ငံတော်မှ အားပေးမြှင့်တင်ပေးရန်။
တိုင်းရင်းသားအရေး၊
v တိုင်းရင်းသားလူမျိုးများအရေးနှ င့် ပြည်ထောင်စုအရေးသည် ခွဲခြားမရ၊
ထို့အတူ ခွဲခြား ခြင်းမပြုရမည့် နိုင်ငံရေးလိုအပ်ချက်အဖြစ် မှတ်ယူစေရန်၊
v တိုင်းရင်းသားလူမျိုးများအရေး သည် တစ်မျိုးသားလုံးအရေးဖြစ်၍
ဒီမိုကရေစီပြည်ထောင် စုသစ် ပေါ်ထွန်းရေးအတွက် အဓိကမောင်းနှင်အားအဖြစ် ခံယူသဘောထားနိုင်ကြစေရန်၊
v တိုင်းရင်းသားလူမျိုးများ၏ မွေးရာပါအခွင့်အရေးများ၊ ပြည်နယ်ပေါင်းစု
ပြည်ထောင်စု ဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ၊ အခွင့်အလမ်းနှင့်အဆင့်အတန်းအရ တန်းတူညီမျှမှုများ၊
နိုင်ငံသား အခွင့်အရေးနှင့် ရပိုင်ခွင့်များသည် ဒီမိုကရေစီပြည်ထောင်စုစနစ်အောက် တွင်
သာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိလက်ခံကြစေရန်၊
v လူမျိုးပေါင်းစုံတည်ရှိသည့် ဤမြန်မာနိုင်ငံတွင် ပြည်ထောင်စုမြန်မာနိုင်ငံသား
အမျိုးသား ရေးထီးရိပ်အောက်တွင် တစုတစည်းတည်း တည်ရှိနိုင်ရေးအတွက် ပြည်ထောင်စုမြန်မာ
နိုင်ငံသား အမျိုးသားရေးစိတ်ဓာတ်ကို မွေးမြူအားပေးနိုင်စေရန်။
မျက်မှောက်ကာလ နိုင်ငံရေးစိန်ခေါ်မှုများအရေး
v သိမ်းဆည်းခံလယ်ယာမြေများနှင့် အခြားမြေများ ပြန်လည်ပေးအပ်ရေးကိစ္စ
ရှင်းလင်း လွယ်ကူစွာ အမြန်ဆုံးပြီးပြတ်ရေးနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း၍ နိုင်ငံတော် မှ
တာဝန်ယူဆောင်ရွက်ပေးရန်၊ ဥပမာအားဖြင့် ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် သိမ်းပိုက်ရေး
ဥပဒေအရ လုပ်ဆောင်ခဲ့မှုများကဲ့သို့ နမူနာထားဆောင်ရွက်နိုင်ရန်၊
v အကြောင်းအမျိုးမျိုးကြောင့် ရပ်တည်ရာမဲ့ အခြေခံလူတန်းစား
ပြည်သူများကို စီးပွားရေး အကျိုးအမြတ်ရလိုမှုကြောင့် တရားမဲ့ဝင်ရောက်ကျူးကျော်နေထို င်သူများနှင့်
တန်းတူ ထား၍ အကြမ်းဖက်ဖယ်ရှားနေခြင်းများကို နိုင်ငံတော်အဆင့်မှ ပြန်လည်နေရာချထား ရေး
အစီအစဉ်များဖြင့် အမြန်ဆုံး ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးရန်၊
v ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး စနစ်၏ အခြေခံဖြစ်သည့် အများပြည်သူဆန္မမဲဖြင့်
တင်မြှောက် ထားသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေး စနစ်များ ပေါ်ပေါက်ရေးကို ရှေ့ရှုဆောင်ရွက်
ပေးရန်၊
v တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် ပြည်သူများအားကိုး
ယုံကြည် ထိုက်သည့် မှန်ကန်၍ဘက်မလိုက်သော တရားစီရင်ရေးစနစ်ပေါ်ထွန်းရန်၊ သို့ပါ၍ တရားစီရင်ရေးဆိုင်ရာစနစ်
၊ လက်ရှိကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်း စသည်တို့ကို ပြန်လည်စိစစ်သုံးသပ်၍ ပြည်သူ့အကျိုးကို
ကာကွယ်နိုင်သော တရားသူကြီးများ၊ တရားရေးဝန်ထမ်းများပေါ်ပေါက်လာေ ရးအတွက် နိုင်ငံတော်တရားသူကြီးချုပ်ရုံး နှင့် နိုင်ငံတော်ရှေ့နေချုပ်ရုံးများ မှ သန့်ရှင်းမျှတလွတ်လပ်သော
တရားစီရင်ရေးဆိုင်ရာ ညွှန်ကြားချက်များ ချမှတ်ပေးရန်၊
v ပြည်သူ့ အကျိုးကို
အဓိကထားသည့် ဥပဒေရေးတွင် ကျွမ်းကျင်၍ ပြည်သူ့ရဲလုပ်ငန်း တာဝန် တို့ကို သိမြင်နှံ့စပ်သော
လုံခြုံရေးပိုင်းဆိုင်ရာ ရဲဝန်ထမ်းများ ပေါ်ထွက်လာ စေရန်နှင့် ရဲလုပ်ငန်းဆိုင်ရာမြင့်မားသည့် တာဝန်များကို
လုပ်သက်ရင့် ရဲလုပ်ငန်းတ ၀န်အဆင့်ဆင့်တွင်
ထမ်းရွက်လာခဲ့သော ရဲဝန်ထမ်းများထဲမှသာ ရွေးချယ်ခန့်အပ်ပေး ရန် တို့ ဖြစ်ပါသည်။
No comments:
Post a Comment