စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်း၊၀န်းသို၊
ပင်လည်ဘူး ကျေးလက်ဒေသများမှ စိုက်ပျိုးကြ
သော ဒန့်သလွန်သီးနှင့် အောက်ပိုင်းဒေသမှ
ထွက်သော ဒန့်သလွန်သီးများ ကောလင်းဈေး
ကွက်တွင် ပေါ်ဦးပေါ်ဖျား ၀ယ်ယူစားသုံးမှုများ
ပြားလာကြောင်း သိရသည်။
ဒန့်သလွန်ပင်သည် ၁၂လရာသီလုံးသုံးနိုင်
သော ဟင်းရွက်ပင်တစ်မျိုးဖြစ်သည်။ဒန်
့သလွန်
ပင်တစ်ပင်လုံးသည် ဆေးဖက်ဝင်ပြီး အရွက်၊
အပွင့်၊ အသီး၊ အခေါက် နှင့် အမြစ်တို့သည်
တိုင်းရင်းဆေးတွင် အသုံးဝင်လှသည်။ဒန့်သလွန်
ရွက်ကို မှန်မှန်စားသုံးခြင်းဖြင့် လူခန္ဓာကိုယ်ရှိ
ပျစ်နေသောသွေးကို ကျဲစေပြီး တက်နေသော
သွေးကို ကျစေသည်ဟု တိုင်းရင်းဆေးသမား
တော်ကြီးတစ်ဦးကပြောပြသည်။
ဒန့်သလွန်ရွက်ဟင်းခါးကို ကြက်သွန်ဖြူစပ်
ပြီး နေ့/ညသောက်ပေးပါက နာစေးခြင်း၊ နာမွန်
ခြင်း၊ အအေးမိခြင်း ၊များကို သက်သာပျောက်
ကင်းစေပြီး ကလေးငယ်များတွင် သန်ကောင်ရှိပြီး
ဗိုက်ပူနံကားဖြစ်နေပါက ဒန့်သလွန်သီးကို
နေ့စဉ်ရက်ဆက်ကျွေးလျှင် ၀မ်းတွင်းရ
သန်ကောင်၊ တုတ်ကောင်များသေစေသည်ဟ
ု ဆိုပါသည်။
ဒန့်သလွန်ပင်စည်ကို ဓါးဖြင့်ထစ်၍ ထွက်လာ
သော အစေးကို ရေနွေးဖြင့် ရောစပ်ကာ မကြာခဏ
အာလုပ်ကျင်းပေးပါက ပါးစပ်နံခြင်းနှင့် သွားဖုံးသွေး
ယိုခြင်းတို့ကို ပျေက်ကင်းစေပြီး ဒန့်သလွန်ပင်အ
ခေါက်ကိုခွာပြီး အ၀တ်သန့်သန့်ဖြင့်ထုပ်ကာ ထုချေ
ပြီး နှာချူပေးပါက ခေါင်းအုံခြင်း၊ ဇက်လေးခြင်းရောဂါ
များ ပျောက်ကင်းစေသည်။သွေးတိုး၊ ဆီးချို၊ သွေးချို
ရောဂါများအား ဒန့်သလွန်သီးအရင့်ထဲမှ အစေ့များကို
ထုတ်ယူပြီး အခြောက်လှန်းကာ အမှုန့်ကြိတ်ပြီး
ရေနွေး(သို့)ရေအေးဖြင့် သောက်ပေးပါက သက်သာ
ပျောက်ကင်းသည်ဟု ဝေသနာခံစားရသူအချို့ ပြောပြ
ချက်အရ သိရသည်။
Kawlin Media Group
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment