For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Monday 10 March 2014
ဝန်းသိုမြို့နယ်က ရင်ကိုအေးမြစေသည့်ကင်းအိုး by စိုင်းလူမင်း >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စိုင်းလူမင်း........
        ကျေးလက်နေပြည်သူများ ထုတ်ကုန်အမျိုးမျိုး ထုတ်လုပ်
ရောင်းချလျှက်ရှိရာ နေရာဒေသအနှံ့အပြားတွင် မရှိမဖြစ်လိုအပ်နေ
သည့် ပစ္စည်းတစ်မျိုးမှာ မြေဖြင့်ပြုလုပ်သော မြေအိုးအမျိုးမျိုးပင်
ဖြစ်သည်။ ထိုမြေအိုးများကိုအိမ်တွင်းလက်
မှု လုပ်အငန်းအဖြင့်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းနှင့် ကချင်ပြည်နယ် ဈေးကွက်တွင်
ဖြန့်ဖြူးရောင်းချလျှက်ရှိသည့် မြေအိုးများကို စစ်ကိုင်းတိုင်းဒေသကြီး၊
လုပ်ကိုင်လျှက်ရှိကြောင်း တွေ့ရသည်။
       အဆိုပါ ကင်းမြင်သာကျေးရွာသည် မန္တလေး -မြစ်ကြီးနား မီးရထား
 လမ်းပေါ် ၀န်းသိုမြို့နယ်၊ ကင်းဘူတာ သံလမ်းအရှေ့ဘက်တွင်
 တည်ရှိပြီးမိုးရာသီတွင် မိုးစပါးကို ထွန်ယက်စိုက်ပျိုးကြပြီး နွေရာသီနှင့်
 ဆောင်းရာသီတွင် မြန်မာ့လက်မှုပဘာအဖြင့် ကာလကြာမြင့်စွာမြေဖြင့်
ပြုလုပ်ထားသော မြေအိုးများကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး  ထိုမြေအိုး
များကို  ကသာ၊အင်းတော်နှင့် ကချင်ပြည်နယ်အတွင်းရှိ ဘူတာစဉ်မြို့
များသို့ မီးရထားဖြင့် တင်ပို့ရောင်းချလျှက်ရှိသည်။
         ထို့အပြင် ဒေသခံအချို့သည် ဆိုင်ကယ်နောက်တွင် ၀ါးလုံးတန်း
၍ မြေအိုးများကို ခြင်းကြီးများထဲသို့ ထည့်ကာ ကြိုးများဖြင့် တုတ်ချည်
နှောင်ပြီး  ၀န်းသို ၊ကောလင်း၊ ပင်လည်ဘူး၊ဗန်းမောက်မြို့နယ်ရှိ ကျေး
လက်ဒေသများနှင့် ရွှေမှော်များသို့လည်းကောင်း၊ ကန့်ဘလူမြို့နယ်၊
ကို့ထောင်ဘို့၊ ဇော်ချောင်း၊ ပေါက်ဆိန်ကုန်း၊ ကံကြီး ၊ချပ်သင်း၊ ချက်ကြီး
 စသည့် ကျေးရွာများသို့ သယ်ပို့ရောင်းချနေသည်ကို တွေ့
 မြင်ရသည်။
         အဆိုပါအိုးလုပ်ငန်းကို ကင်းမြင်သာကျေးရွာရှိ ဒေသခံတောင်သူ
များသည် ကျေးရွာနှင့်တစ်မိုင်ကျော် ဝေးသည့် ဒုံးဒုတ်ချောင်းနှင့်
အပတောအင်းများထဲမှ သဲနှင့်မြေစေးရောနှောနေသည့် သဘာဝမြေစေး
အစို/အခြောက်တို့ကို ရွှေတွင်းတူးသလို တူးဖော်၍ ကျွဲ/နွား လှည်း
ရှိသူများက လှည်းဖြင့်လည်းကောင်း၊ လှည်းမရှိသူများမှ ထော်လာဂျီကို
ငှားရမ်း၍ မြေအိုးလုပ်ရာ ကျေးရွာထဲရှိ နေအိမ်များသို့ ပို့ဆောင်ပြီး
ထိုရွံ့စေး မြေကြီးခဲများကို မိမိတို့လိုအပ်သလို ပုံဖော်၍ ရနိုင်ရန်အတွက်
 မြေကြီးခဲများကို ကွမ်းသီးလုံးအရွယ်ခန့် ဖြစ်အောင် ပလစ်စတစ်အခင်း
ခင်းကာ တူဖြင့် အမှုန့်ဖြစ်သည်အထိ ထုရပြီး ရေနှင့် ရောစပ်ကာ သမ
အောင် အချိန်တစ်နာရီမျှ ပြုလုပ်ရကြောင်း ၊ ထိုသို့ပြုလုပ်ပြီးသော
ရွံ့စေးများကို မိမိတို့ အသုံးလိုသော အရွယ်အစားအတိုင်း (၁)ပေ ပေခွဲ
ခန့် အတုံးများ တုံးထားရသည်။
         ထိုရွံ့တုံးများ မခြောက်စေရန် ပလပ်စတစ်မိုးကာများဖြင့် လုံခြုံ
စွာ ဖုံးအုပ်ထားကာ ထိုရွံ့တုံးခဲများကို သောက်ရေအိုး နှုတ်ခမ်းပုံကို အိုး
တွင်းစက်ဖြင့် ဦးစွာ ပုံဖော်ပေးရပြီး ထိုသို့ ပုံဖော်ထားသော အိုးများ
ကို လက်ခှုလက်ခတ် ဖြင့် အိုး၏ အတွင်းနှင့် အပြင်ကို နာနာရိုက် ရပါ
သည်။ နောက်ဆုံးတွင် မိမိတို့လိုချင်သော ဒီဇိုင်းအမျိုးမျိုးကို သစ်သား
(လက်ခတ်)တွင် ပုံစံထွင်း၍ ရိုက်နှိပ်ကာ ပုံဖော်ကြသည်။
        ထိုသို့ပြုလုပ်ပြီး သောက်ရေအိုးများကို အရိပ်တွင် အခြောက်ခံ
ထားကာ ထိုသောက်ရေအိုးအလုံးပေါင်း များစွာကို မီးဖုတ်ရန်အတွက်
အောက်ခြေတွင် အိုးလုံးရေဆံ့သော နေရာတွင် အမှိုက်များ၊ ကောက်ရိုး
များခင်းကျင်း၍ အိုးများကို စောင်းကာ ကရွတ်ခွေကဲ့သို့ ခွေ၍ သောက်
ရေအိုးများကို သုံးဆင့်ဆင့်၍ စီထားကာ ထို့နောက် အိုးများအပေါ်မှ
ကောက်ရိုး(သို့)ရိုးပြတ်များဖြင့် စနစ်တကျ အထူအပါးညီအောင် လုံခြုံ
စွာဖုံးအုပ်ပြီးနောက် ထိုကောက်ရိုးများ အပေါ်မှထပ်၍ စပါးလှေ့သော
အခါ ရရှိသော အမှော်များဖြင့် ဖုံးအုပ်ရကြောင်း၊ ထိုအိုးများကို တစ်ညတာ
 မီးဖုတ်၍ နောက်တစ်နေ့ညတွင် မီးများငြိမ်းကာ လှပသော
 ရောင်းတန်းဝင် သောက်ရေအိုး အမျိုးမျိုးကို ရရှိလာသည်ဟု ဆိုသည်။
         ကင်းမြင်းသာကျေးရွာမှ ထွက်ရှိသော သောက်ရေအိုးများမှ
ဝန်းသိုမြို့နယ်အတွင်း ကျေးလက်ဒေသများ ကသာခရိုင်အတွင်းရှိ
မြို့ပြနှင့် ကျေးလက်ဒေသများမှ မသိသူမရှိသလောက်ပင် ဖြစ်သည်။
သဲနှင့် မြေကြီး သဘာသအတိုင်း ရောစပ်ထားသည့် မြေအိုးကို ပြုလုပ်
ထားသောကြောင့် အမြဲတမ်း ရေစိမ့်စိုနေသော သောက်ရေအိုးသည်
သောက်သူတိုင်း၏ ရင်ကို အေးမြစေသည့်အတွက် ထိုရေအိုးများကို
ခေါ်ဝေါ်ကြသည်။
         ထိုမြေအိုးများကို ဖောက်သည်ဈေး (၄၅၀ိ/-)ဖြင့် ရောင်းချကြပြီး
ထိုအိုးလုပ်ငန်းအပြင် ဘုရားပန်းအိုး(ဒေသအခေါ် ညောင်ရေအိုး) များ
ကို ဟော်လန် ၊ အိုးလုံး၊ ပန်းတွန့် စသည့် ဒီဇိုင်းအမျိုးမျိုးဖြင့် ပြုလုပ်ကာ
 ဖောက်သည်ဈေး တစ်လုံးလျှင် (၁၅၀ိ/-)နှင့် တွင်တွင်ကျယ်ကျယ်
 ရောင်းချနေသည်ကို တွေ့မြင် ခဲ့ရသည်။
       ထို့ကြောင့် အိုးလုပ်ငန်းသည် ကျေးလက်ဒေသများ၏ ဆင်းရဲနွမ်း
ပါးမှုလျှော့ချရေး လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ
ပြုစေပြီး အလုပ်အကိုင်ရရှိစေကာ နွေကာလနှင့် ဆောင်းကာလ
တစ်လျှောက်လုံး မမောနိုင်၊ မပန်းနိုင်၊ မရိုးနိုင်သော အိမ်တွင်းမှု စီးပွား
ရေး လုပ်ငန်းအဖြစ် လုပ်ကိုင်ကြသဖြင့် ကင်းမြင်သာကျေးရွာရှိ အိုးလုပ်
သူများသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ တို့ ကောင်းမွန် အဆင်ပြေ
လျှက် ရှိပြီး တစ်နှစ်ပတ်လုံး အလုပ်မပျက် လုပ်ကိုင်လျှက်
ရှိသည်ဟု တွေ့မြင်ခဲ့ရသည်။
များနှင့် သွားရောက်တွေ့ဆုံမေးမြန်း ရေးသားခဲ့သည်။
                                              Kawlin Media Group
                                              Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment