For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 21 March 2014

ပင်လည်ဘူးမြို့နယ်နှင့် ဗန်းမောက်မြို့နယ်စပ် လီဖန်းတုန်ဖုန်းယာဉ်(၂)စီးပေါ်မှ တမလန်းသစ်များ ဖမ်းဆီးရမိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
       စစ်ကိုင်းတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူး
 ဒုရဲမှူးကြီး စိုးမြင့် တရားမ၀င်သစ်များဖမ်း
ဆီးရေး ညွှန်ကြားချက်အရ ပင်လည်ဘူးမြို့
နယ်စီမံခန့်ခွဲမှု ဥက္ကဌ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့
၏  အနီးကပ်လမ်းညွှန် ကြီးကြပ်မှုဖြင့်
ပင်လည်ဘူးမြို့မ ဒုရဲမှူးရဲအုပ် မြသောင်းနှင့်
အဖွဲ့၊တောအုပ်ကြီး ဦးစိုးမြင့်၊ တောအုပ်
 ဦးမျိုးသန့် ၊တောအုပ် ဦးဇော်လွင်၊ တော
ခေါင်း ဦးသန်းဦးတို့ပူပေါင်းအဖွဲ့သည် မတ်
(၁၉)ရက်နေ့ နံနက်(၀၇း၃၀) အချိန် ပင်လည
်ဘူးမြို့နယ်မှ ဗန်းမောက်မြို့နယ်ဘက်သို့
တရားမ၀င်သစ်များ ကားဖြင့် သယ်ယူနေ
ကြောင်း သတင်းအရ သွားရောက်စုံစမ်းခဲ့ရာ
 ပင်လည်ဘူးမြို့နယ်မှ ဗန်းမောက်မြို့နယ်စပ်
အနီး ခန့်မှန်းမြေပုံညွှန်း အက်စ်ဂျီ ၁၄၅၀၂၄
နေရာတွင် စပါးအိတ်များ တင်ဆောင်ထားသည့်
မသင်္ကာဖွယ်ကားနှစ်စီးအား တွေ့ရှိရသဖြင့်
သက်သေညောင်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေး
မှူး ဦးကျော်ညွှန့်နှင့်အတူ စစ်ဆေးရာယာဉ်
မောင်း တင်ဦး (ဘ)ဦးညွှန့်တင်၊အသက်(၃၃)
နှစ်၊ ဆီတောကျေးရွာ ရွှေကူမြို့နယ်နေသူ မောင်း
နှင်သော  ယာဉ်အမှတ်၉ဌ/ ၂၃၇၅၀ လီဖန်းတုံ
ဖုန်းအမျိုးအစားကားပေါ်မှ တမလန်းသစ်တုံး(၁၃)
တုံး၊ ၀င်းတင်(ဘ)ဦးအောင်သန်း၊ (၃၆)နှစ်၊ မောင်း
နှင်သော ယာဉ်အမှတ် ဌ/၄၄၉ လီဖန်းတုံဖုန်းကား
ပေါ်တွင် တမလန်းသစ်(၁၄)တုံးတို့အား တွေ့ရှိ
သိမ်းဆည်းခဲ့သည်။
           အဆိုပါ ဖမ်းဆီးရမိသော ယာဉ်(၂)စီးပေါ်
ရှိ တမလန်းသစ်များအား ပင်လည်ဘူးမြို့ မြို့မရပ်
ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ ဆယ်အိမ်မှူး
 ဦးတင်မောင်အေးတို့ရှေ့တွင်  ရှာဖွေပုံစံဖြင့် ပြလုပ်
သိမ်းဆည်းပြီး သက်သေခံတမလန်းသစ်များအား
သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး
ဖမ်းဆီးခဲ့သော တမလန်းသစ်လုံး(၂၇)လုံးနှင့်
ပတ်သတ်၍ ပင်လည်ဘူးမြို့မရဲစခန်းမှူး ဒုစခန်းမှူး
 ရဲအုပ်မြသောင်းမှ သစ်တောဥပဒေဖြင့် အရေးယူ
ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
                       Kawlin Media Group
                         Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment