For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 18 March 2014

ပညာရေးဝန်ကြီးနှင့် သက်ဆိုင်ရာအကြီးအကဲများသိရှိစေရန် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

ပညာရေးဝန်ကြီးနှင့်သက်ဆိုင်ရာအကြီးအကဲများသိရှိစေရန် လေးစားစွာတင်ပြအပ်ပါသည်။
ကျွန်တော်တို့မြို့တွင်နောင်မျိုးဆက်သစ်လူငယ်တို့အတွက် မသိမမြင် မကြားသင့်သောအခြေအနေတစ်ရပ်ဖြစ်ပွားခဲ့သည်ကိုတင်ပြလိုပါသည်။ ယမန်နေ့(10.3.14)ရက်နေ့ ည 8း00 နာရီခန့်တွင် ကျွန်တော်တို့ရပ်ကွက်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံး၌  ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
သိရှိရသည်မှာမြို့နယ်ပညာရေးမှူး(ဦးတင်ဦး)အားလက်ထောက်မြို့နယ်ပညာရေးမှူး(ဦးမင်းပြည့်ဖြိုးဝေ)မှ အရက်သေစာသောက်စားပြီင်္း ယုတ်ရင်းကြမ်းတမ်းစွာဆဲဆိုကြိမ်းမောင်းခြင်း။ မြို့နယ်ပညာရေးမှူးရှိနေသည့်အခန်းတံခါးအားထုထောင်းရိုက်နှက်၍ “ခင်ဗျားကိုသတ်ပစ်မယ်”ဟု
ခြိမ်းခြောက်ပြောဆိုခြင်းများပြုလုပ်ခဲ့ပါသည်။ အနီးရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းရုံး၌ (12.3.14)ရက်နေ့တွင်ကျင်းပမည့်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်ရောက်ရှိနေသော ပဒဲကောကျေးရွာမှ ကျောင်းသူကျောင်းသားများ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများ
ရှေ့တွင် ထိုသို့ပြုမူပြောဆိုဆောင်ရွက်ခြင်းများမှာ ပညာရေးဌာနတစ်ခုလုံးအတွက်လွန်စွာရုပ်ဆိုးလှပါသည်။
လက်ထောက်မြို့နယ်ပညာရေးမှူး(ဦးမင်းပြည့်ဖြိုးဝေ)မှ အရက်သေစာသောက်စား၍ မူးယစ်ရမ်းကားသည်မှာ အကြိမ်ကြိမ်ရှိပြီဖြစ်ပါသည်။ ဖခင်ဖြစ်သူ အထက ရွှေကျင်ကျောင်းအုပ်ဆရာကြီး (ဦးစိုးသိန်း)မှလည်းသားဖြစ်သူအားဆုံးမသွန်သင်မှုမပြုသည့်အပြင်
မြို့နယ်ပညာရေးမှူးကြီးအား ပြစ်တင်ပြောဆို၍ မြို့နယ်ပညာရေးမှူးရုံးရှိထိုင်ခုံများကိုရိုက်ချိုးဖျက်ဆီးမှုများပြုလုပ်ခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်း ပညာရေးဌာနဆိုင်ရာ အကြီးအကဲများဖြစ်ပါလျက် ထိုသို့ပြုမူဆောင်ရွက်ခြင်းများသည်အများပြည်သူ၏ငြိမ်းချမ်းလုံခြုံစွာ
နေထိုင်မှုကိုများစွာအနှောင့်အယှက်ဖြစ်စေပါသည်။ ဦးမင်းပြည့်ဖြိုးဝေ၏ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် မြို့နယ်ပညာရေးမှူးကြီးမှာရုံးတွင်မအိပ်ရဲဘဲ ဘုန်းကြီးကျောင်းတွင်သွားရောက်အိပ်ခဲ့ရပါသည်။
သားအဖနှစ်ဦး၏ တစ်မြို့တည်း တစ်ဌာနတည်း၌ အုပ်ချုပ်ရေးပိုင်း တာဝန်ထမ်းဆောင်မှုသည် အခွင့်အာဏာကိုမှားးယွင်းစွာအသုံးပြုနိုင်သည့်အခြေအနေသို့ဖြစ်ပေါ်လျှက်ရှိပါသည်။ မိမိအထက်အကြီးအကဲလည်းဖြစ်၊မိမိ၏ဖခင်ထက်အသက်အရွယ်နှင့်ရာထူးမြင့်သော
လူကြီးလူကောင်းတစ်ဦးအားလူမိုက်လူရမ်းကားဆန်ဆန် ပြုမူပြောဆိုဆောင်ရွက်မှုများကို နောင်မျိုးဆက်သစ်ကျောင်းသားလူငယ်တို့ အတူယူမှားမည်ကိုလွန်စွာစိုးရိမ်မိပါသည်။
မိမိမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်သားသမီးများ၏အနာဂါတ်အတွက် ကောင်းမွေပေးစွမ်းနိုင်ခြင်းမရှိဘဲ ဆိုးမွေများသာဖြစ်ပေါ်စေနိုင်ပါသည်။ထို့ကြောင့် ၄င်းတို့သားအဖ(ဦးစိုးသိန်းနှင့်ဦးမင်းပြည့်ဖြိုးဝ)တို့၏ မိမိတို့မြို့နယ်၌ တာဝန်ထမ်းဆောင်မှုအပေါ်သက်ဆိုင်ရာလူကြီးများ
အနေဖြင့် ပြည်လည်စီစစ်အရေးယူဆောင်ရွက်ပေးပါရန် လေးစားစွာဖြင့် တင်ပြအပ်ပါသည်။
                        သားသမီးများ၏အနာဂါတ်အတွက်စိုးရိမ်မိသူ (ကျောင်းသားမိဘတစ်ဦး)
                        ဂန့်ဂေါ်ဝိုင်းရပ်ကွက်၊ရွှေကျင်မြို့
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment