ကောင်းခါးပြည်သူ့စစ် ဦးကျော်နိုင် ခေါင်းဆောင်သောအဖွဲ့သည်
ကောင်းခါးလူငယ် လက်နက် ကိုင်များဖြင့် လုံခြုံရေးအပြည့်ယူပြီး ရှမ်းပြည်နယ်မြောက်ပိုင်း
မူဆယ်မြို့နယ် ပန်းဆေးဆီဆိုင်အနောက်ဖက်တွင် ဖွင့်သော ပယ့်ကြားလော့ ခေါ်လောင်းကစားဝိုင်းအား
တရားမဝင် ဖွင့်လှစ်ထားပါသည်။ ထိုလောင်းကစားဝိုင်းများသို့ တရုတ်နိုင်ငံမှ တရားမဝင်နိုင်ငံသားများရောက်ရှိလာ
ပြီးကစားကြပါသည်။ ထိုကစားဝိုင်းအတွင်းလာကစားသူများ၏ ငွေများကို မမှန်ကန်သောနည်းဖြင့်
အနိုင်ယူကာ၊ ထိုနိုင်ငံခြားသားများရှုံးပါက ငွေချေးပေးပါသည်။ အကယ်၍မပေးနိုင်ပါက လူသတ်ခြင်း၊
ကျန်မိသားစုများအား ခြိမ်းခြောက်ငွေညှစ်ခြင်း များပြုလုပ်လေ့ရှိပါသည်။ ဤအဖြစ်အပျက်များကို
မူဆယ်မြိုရှိ ခရိုင်အုပ်ချုပ်ရေးမှူးနျင့် ရဲမြို့နယ်မှူးတို့မှ လိုင်းကြေးကောက်ခံကာ
လစ်လျူရှုထားပါသည်။ ဤသည်တို့ကို သက်ဆိုင်ရာလူကြီးများသိစေရန် အကြောင်းကြားအပ်ပါသည်။
တရုတ်နိုင်ငံ သက်ဆိုင်ရာ အဖွဲ့စည်းများသို့လည်းသတင်းပေးပို့မည်ဖြစ်ပါသည်။
ုပြည်သူတစ်ဦး
No comments:
Post a Comment