For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 10 March 2014

ကောလင်းမြို့နယ် မိုးစပါးရိတ်သိမ်းချိန် အလုပ်သမားရှားပါးလာသည့်အတွက် ရိတ်သိမ်းချွေလှေ့စက် ၀န်ဆောင်မှု လုပ်ငန်းအား တောင်သူလယ်သမားများ စိတ်ဝင်စားလျှက်ရှိ >>“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

   စိုင်းလူမင်း.......
      ကျေးလက်နေ ပြည်သူများသည် လယ်ယာစိုက်ပျိုးရေးဖြင့်
 အသက်မွေးဝမ်းကြောင်းပြု ၍  စားသောက်လျှက်ရှိသည်။
 ကျေးလက်နေပြည်သူများ၏ လယ်ယာလုပ်ငန်းကဏ္ဍမှာ ပြောင်း
လဲလာသည့် ခေတ်စနစ်နှင့် ကမ္ဘာ့ဈေးကွက်၏ လိုအပ်ချက်အရ
သမရိုးကျ လက်မှုလယ်ယာအစား စက်မှုလယ်ယာစနစ်သို့
 ကူးပြောင်းဆောင်ရွက် လာကြသည် ဖြစ်ရာ ယခုအခါ စစ်ကိုင်း
တိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်၊ နှောခုံ၊ ငပွေးလေး၊ ငပွေးကြီး၊
 နတ်ကြီးခုံ၊ မြောင်းကြီး ၊တဲကြီးကုန်းတွင် မိုးစပါးများ အချိန်မှီ
ထိန်းသိမ်းရေးနှင့်အလေအလွင့် နည်းပါးရေးအတွက် ဆောင်ရွက်
လျှက်ရှိရာ နှောခုံကျေးရွာ တောင်သူကြီး ဦးခင်မောင်တိုးမှ ဂျပန်နိုင်ငံ
ထုတ် Kubota ရိတ်သိမ်း ခြွေလှေ့စက်(Combine Harvister) ၀ယ်
ယူ၍ မိုးစပါး(၁) ဧကလျှင်(၄)သောင်းကျပ်နှုန်း ရိတ်သိမ်း ခြွေပေး
လျှက် ရှိသည်ကို တောင်သူလယ်သမားများ စိတ်ဝင်စားလျှက်ရှိပြီး
 လာမည့်နှစ်များတွင် ကိုယ်ပိုင်ဝယ်ယူ သုံးစွဲသွားမည်ဟု သိရသည်။
          ယခုအခါ အလုပ်သမား ရှားပါးသည့်အတွက်  လူများငှားရမ်း
၍ ရိတ်သိမ်းမည်ဆိုပါက (၁)ဧကကို (၂၇၀၀၀ိ/-)၊ ကောက်လိုင်းစီးခက
(၄၀၀၀ိ/-)၊ စပါးရိတ်သိမ်းခြွေလှေ့စက်ငှား
ရမ်းမည်ဆိုပါက စပါး(၁၀၀)
လျှင် လုပ်အားခ လူတစ်ဦးလျှင်(၇၀၀၀၀ိ/-)ကျပ်၊ စပါး (၂)တင်း
 (ဆီစိုက်) ကုန်ကျစေပြီးသည့်အတွက် အလုပ်သမားငှားရမ်းရာတွင်
ကျေးရွာရှိ လက်လုပ်လက်စားများသည် လက်လုပ်ငန်းများကို ရာသီပေါ်
ချိန် လုပ်ကိုင်ရသည့်အတွက်  ၀င်ငွေနည်းပါးကြောင်း ထို့ကြောင့်
တစ်နှစ်ပတ်လုံး ၀င်ငွေကောင်းမည့် ပန်းရံလုပ်ငန်း၊ရွှေတူးဖော်သည့်
လုပ်ငန်း၊ လက်သမားလုပ်ငန်းများကို အဓိကရွေးချယ်လုပ်ကိုင်လာ
သည့်အတွက် ကျေးရွာများတွင် လုပ်သားများရှားပါးခြင်းနှင့် ကြုံတွေ့
နေရသည် ဟု နတ်ကြီးခုံကျေးရွာမှ တောင်သူတစ်ဦးမှ
 ပြောကြားသည်။
        ရိတ်သိမ်းလှေ့စက် (Combine Harvister) ကို စိတ်ဝင်စားမှု
ရှိသည်မှာ ရတ်သိမ်းချိန်တွင် မိုးရွာသွန်းမှုနှင့် ကြုံတွေ့လာပါက စပါး
မူလအရည်အသွေးအတိုင်း ပုံမှန်ရရှိအောင် ဆောင်ရွက်ခြင်း၊
အချိန်နှင့်လုပ်အား သက်သာခြင်း၊ လုပ်သားအင်အားရှားပါးမှုများ
ဖြေရှင်းနိုင်ခြင်း၊အချိန်ကုန်သက်သာပြီး သီးထပ်စိုက်ပျိုးနိုင်ခြင်း၊
သီးနှံအလေအလွင့်နည်းပါးခြင်း စသည့် ကောင်းကျိုးများကို ရရှိနိုင်
သည် ဟု သိရှိနိုင်သည်ဟု သိရသည်။
                                            Kawlin Media Group
                                              Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment