For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Thursday 20 March 2014
ပင်လည်ဘူးဒေသထွက် ကျောက်ဖရုံသီးများ ကောလင်းဈေးကွက်တွင် အရောင်းသွက် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စိုင်းလူမင်း....
      စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်
တောင်ယာစိုက်ခင်းများတွင် စိုက်ပျိုးကြသည့်
 ကျောက်ဖရုံသီးများသည် နှစ်စဉ် ကောလင်း-
ဝန်းသို-ပင်လည်ဘူးဒေသ၌ အလှူ၊မင်္ဂလာပွဲ၊
ဘုရားပွဲ၊ ကျောင်းရေစက်ချပွဲစသည့် သာရေး/
နာရေး ကိစ္စများတွင် အသားနှင့်ရောနှော၍
သားပြွန်းဟင်း အဖြစ် အသုံးပြုလျှက်ရှိပြီး
ယခုအခါ ကောလင်းဈေးကွက်တွင် အရှည်
(၁၆)လက်မ၊ လုံးပတ်(၂၀)လက်မ (၁)လုံး
လျှင် ငွေကျပ်(၁၀၀၀)ဖြင့် ရောင်းချလျှက်ရှိ
သည်။
        ကျောက်ဖရုံပင်သည် နွယ်ပင်မျိုးဖြစ်ပြီး
အများအားဖြင့် အသီးကိုအသုံးများသည်။
ကျောက်ဖရုံမှာအချိုမျိုးနှင့်
အခါးမျိုးဟူ၍ အရသာ
နှစ်မျိုးကွဲပြားသည်။ အခါးမျိုးမှာ အလုံးသေးသည်။
 အချိုမျိုးမှာ အလုံးကြီးပြီး တခါတရံတွင် အချိုမျိုး
ထဲတွင် အခါးမျိုးထဲတွင် အခါးတစ်လုံးတလေပါ
တတ်သည်ဟု ပင်လည်ဘူးမြို့နယ်၊ မြေလင်းကျေး
ရွာမှ ကျောက်ဖရုံပင်စိုက်ပျိုးသူ တောင်သူများပြော
ပြချက်အရ သိရသည်။
       ကျောက်ဖရုံသီးသည် လက်တင်ဘာသာအား
ဖြင့် Benincasa Cerifera  ဟုခေါ်ပြီး အင်္ဂလိပ်
ဘာသာဖြင့် White Ground Melon ဟုခေါ်သည်။
ကျောက်ဖရုံသီးသည် ချို၏ ၊ငန်၏ အားကိုတိုးပွား
စေခြင်း၊ သုတ်ကိုတိုးပွားစေခြင်း၊ ကြေညက်ခဲ၏၊
မှည့်သောအသီးသည် ၀မ်းမီးကို တောက်စေခြင်း၊
ဆီးအိမ်ကို သန့်စင်စေခြင်း၊သည်းခြေကိုန်ုင်ခြင်း၊
 အရှုး ၊သွေးလေရောဂါ စသည်တို့ကို ပျောက်
ကင်းစေသည်ဟု တိုင်းရင်းဆေးဆရာကြီးတစ်ဦး
မှ ပြောပြသည်။
          ကျောက်ဖရုံသီးသည် ချောင်းဆိုးရောဂါ၊
ပန်းနာရင်ကျပ်ရောဂါများကို ကျောက်ဖရုံမြစ်အား
အမှုန့်ပြု၍  ရေနွေးဖြင့် တိုက်ကျွေးကုသပျောက်
ကင်းစေသည်ဟုလည်းကောင်း၊ ၀မ်းရောဂါကို
ကျောက်ခရု့ပွင့် သုံးမူးသားကိုကြိတ်၍ ကျွေးပါက
 ကုသပျောက်ကင်းစေနိုင်သည်ဟူ၍  လည်းကောင်း၊
ဝမ်းတွင်းပိုး(သံကောင်)စည်များကို ကျောက်ဖရုံ
အစေ့(၅)မတ်သားကို ကြိတ်၍  ဆီဖြင့်ဖျော်သောက်
စေပြီး ၀မ်နူးဆေးကို တိုက်ကျွေးပါက ၀မ်းတွင်း
ပိုးများ ကျသည်ဟု သိရသည်။
         ထို့ပြင် သွေးအန်/သွေးကျရောဂါဖြစ်ပါက
ကျောက်ဖရုံသီးကို အရေညှစ်၍ သောက်ပါက
ပျောက်ကင်းခြင်း၊ ကျောက်တည်ရောဂါများကို
(ဆီးအိမ်ရောင်၊ ဆီးအောင့်၊ ကျောက်တည်)
ကျောက်ဖရုံသီး အစိမ်းရည်(၃)ကျပ်သားတွင်
 ရှိန်းခိုနှငိ့ ဂျုံပြာဆားအနည်းငယ်ထည့်၍
သောက်လျှင် ပျောက်ကင်းခြင်း၊ ကျောက်ဖရုံသီးကို
 ပါးပါးလွှာပြီး ဆီးအိမ်တွင် ကပ်ပေးပါက ဆီးသွား
သည်ဟုဆိုသည်။ အမျိုးသမီးများတွင် ဖြစ်တတ်သော
 မီးယပ်သွေးဆုံးကိုင်ဝေသနာများကို ကျောက်ဖရုံသီး
တစ်လုံးကို ထိပ်မှဖွင့်၍  အတွင်းမှ အူတိုင်နှင့် အစေ့
များကိုဖယ်ရှားပြီး ထိုအတွင်းသို့ သကြားအပြည့်
ဖြည့်ကာ မီးဖိုဘေးတွင်ထား၍ ထိုအထဲမှ ကျောက်
ဖရုံသားနှင့် သကြားများအားလုံး အရည်ပျော်သွား
သောအခါ တစ်ရက်လျှင် လက်ဖက်ရည်ကြမ်းသောက်
ပန်းကန်လုံး(၁)လုံးခန့်သောက်ပေးခြင်းဖြင့် ထိုဝေဒနာ
ကို ပျောက်ကင်းစေသည်ဟု ကိုယ့်တွေ့ကြုံသည့်
အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။
အစိမ်းရည်(၁၈)ကျပ်သားတွင် ထောပတ်(၁) ကျပ်သား၊
နွယ်ချိုမှုန့်(၁)ကျပ်သားတို့ကို အိုးတစ်ခုတွင် ထည့်၍
 မီးညှင်းညှင်းဖြင့်ချက်ကာ(၁)ကျပ်သားကျန်လျှင်
 ဖိုပေါ် မှချ၍  (၃)ခွက်စာပြုကာ တိုက်ပါက ပျောက်
ကင်းသည်ဟု ဆိုသည်။ ကျောက်ဖရုံသီးအစိမ်းရည်
(၁)ကျပ်သားတွင် ကုံကမံ(၁)ရွေးသွား၊ သကြား(၈)ပဲ
သားတို့ကို ရောဖျောပြီး (၃)ခွက်စာပြုလုပ် တိုက်ပါက
 ကိုယ့်တွေ့ကြုံရသူ အမျိုးသားတစ်ဦး၏ ပြောပြချက်
အရ သိရသည်။
                       kawlin Media Group
                      Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment