သီပေါ၊ မတ် ၂၅
(၆၉)နှစ်မြောက်
တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သီပေါမြို့နယ်၊
စံဖိတ်ကျေးရွာအုပ်စု၊ ရပ်ကွက် (၁)၌ မြေလမ်းမှ ကတ္တရာလမ်းခင်းခြင်း
လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို မတ် (၂၅)ရက် နံနက် (၉)နာရီက ကျင်းပခဲ့ရာ
ဖိတ်ကြားထားသူများ၊ စည်ပင်သာယာရေးဌာန၀န်ထမ်းများနှ င့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ
သီပေါမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းဝင်းမြင့်က
ရှင်းလင်းတင်ပြပြီး ဒေသခံတိုင်းရင်းသား တစ်ဦးက
ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။ ထို့နောက် အလျားအရှည် (၁၆၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉)လက်မရှိ မြေမှ ကတ္တရာခင်းခြင်းလမ်းသစ်ကို မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ
ဦးခင်မောင်ဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးထွေးဦး၊
စည်ပင်သာယာရေးဌာန အင်ဂျင်နီယာမှူး ဦးမောင်မောင်သွင်နှင့် စံဖိတ်ကျေးရွာ
အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြသည်။ အလားတူပင်
သီပေါရွှေပြည်သာရပ်ကွက်၌ လမ်းအရှည် (၁၆၀၀)ပေ၊ အကျယ် (၁၂)ပေရှိ
ကတ္တရာခင်းလမ်းသစ်ကိုလည်း သီပေါမြို့နယ် စည်ပင်သာယာရေးဌာနက ဆောင်ရွက်၍
ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။
သီပေါကိုလတ်
No comments:
Post a Comment