For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 28 March 2014

ဒလမြို့ကမာကသွယ်အုပ်ချုပ်ရေးမှူး၏ နာယကဂုဏ်ခြောက်ပါးနှင့် မညီညွတ်ကြောင်း တိုင်ကြားခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”


သို့/
``ဥုံ´´ ပေးစာတိုင်စာ ကဏ္ဍ
၂၀၁၄၊ မတ်(၂၇)ရက်
``ဒလမြို့ကမာကသွယ်အုပ်ချုပ်ရေးမှူး၏ နာယကဂုဏ်ခြောက်ပါးနှင့် မညီညွတ်ကြောင်း တိုင်ကြားခြင်း´´
          ကျွန်တော်က ဦးစိုးမြင့်၊ နိုင်ငံသားအမှတ် ၁၂/ဒလန(နိုင်)၀၁၄၃၇၈ ပါ၊ ဒလမြို့ ကမာကသွယ်ရပ်ကွက်၊ ဗိုလ်ဥတ္တမ(၆)လမ်း၊ အိမ်အမှတ်(၈၇၄)မှာ နေထိုင်သူဖြစ်ပါတယ်။ ကျွန်တော်တို့ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးထွန်းလွင်သည် နာယကဂုဏ်ခြောက်ပါးနှင့် မညီညွတ်ကြောင်းကိစ္စအပြည့်အစုံကို ၂၀၁၄ ၊ ဇန်န၀ါရီ လ(၂၉) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားခဲ့ပါတယ်။ ဒီစာမိတ္တူတွေကို တောင်ပိုင်းခရိုင်အုပ်ချုပ်ရေးမှူး ၊ ဒလမြို့နယ်အုပ်ချုပ်ရေးမှူး နဲ့လူ့အခွင့်အရေးကော်မရှင်ရုံးများသို့လည်း ပေးပို့ ထားပြီးဖြစ်ပါတယ်။
          ဖြစ်စဉ်က ပုဂ္ဂလိကကိစ္စလို့ထင်ကောင်းထင်ကြပါ့မယ်။ ယခင်ကရော ယခုကိစ္စပါ သူနှင့်ကျွန်တော်ဟာ ပုဂ္ဂလိက အညှိးအတေး လုံးဝမရှိခဲ့ပါ။ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်သည် ကိုယ့်ရပ်ကွက်အတွင်းနေတဲ့ ကျွန်တော်ပါ အများပြည်သူများ၏ ရပ်မိ ရပ်ဖတစ်ဦးပါ။ ရပ်ကွက်သူ ရပ်ကွက်သားများအတွက် ကြီးတဲ့အမှု သေးငယ်အောင်၊ သေငယ်တဲ့အမှုကို ပပြောက်သွားအောင် နာယကဂုဏ်ခြောက်ပါးနဲ့အညီဆောင်ရွက်ပေးရမှာပါ။ ယခုတော့ ကိုယ့်ရပ်ကွက်သားဖြစ်တဲ့ ကျွန်တော်ရဲ့အမှုကို အောက်ခြေတွင်တရားဝင်ဖြေရှင်းခြင်းမရှိဘဲ၊ အခြား မြို့နယ်က တရားလိုဘက်မှ နေပြီး မဟုတ်မမှန်  သက်သေခံထွက်ဆိုနေပါတယ်။ ဘာကြောင့်ဒီလိုလုပ်ရတယ်ဆို တာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်သာ အသိဆုံးဖြစ်မှာပါ။ အမှုအကြောင်း မပြောခြင်းက အမှုစစ်ဆေးဆဲ ဖြစ်နေလို့ အကြောင်းစုံကို မပြောလိုသေးပါ။ ယခုဖြစ်စဉ်ကို အကျဉ်းချုပ်ပြောရရင်  တွံတေးမြို့နယ်က တရားလို အမျိုးသမီးတစ်ဦးက ကျွန်တော့်ကို ဆိုင်းခန်းတစ်ခန်းနှင့် ငွေသိန်းငါးဆယ် ရာလိုမှုအတွက် တရားမမှုနဲ့သာ တရားစွဲဆိုရမှာ ဖြစ်သော်လည်း ယခုတော့ ပြစ်မှုကြီးအမှတ်(၁၁၉၀/၂၀၁၃)နဲ့ တရားစွဲဆိုဖြစ်အောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းလွင် က ဘက်လိုက်ပြီး လိမ်ညာ၍သက်သေထွက်ဆိုခဲ့ခြင်းကြောင့် ယခုလိုတိုင်ကြားပြီး သက်ဆိုင်ရာ လူကြီးများသိအောင် ပေးစာတိုင်စာကဏ္ဍ၊ နှင့် ရင်ဖွင့်သံမှ တင်ပြခြင်းဖြစ်ပါတယ်။
ဦးစိုးမြင့်

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment