For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 3 June 2014

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့မှ မင်းသားခေါင်းဆောင်းထားသော ဘီလူးတစ်ယောက်ကြောင့် အပြစ်မဲ့မိန်းကလေးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်။ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

၂၅/၅/၂၀၁၄ ရက်နေ့၌ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့၊
မြို့သစ်ရပ်ကွက်နေ (အမိ)ဒေါ်လုံးတုံး၏သမီး မငြိမ်းအေးခိုင်(၁၆နှစ်)သည် ကျောက်တော်မြို့ ဂစ္ဆပနဒီတံတားပေါ်မှ ခုန်ဆင်းပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပါသည်။
အဆိုပါ မိန်းကလေးသည် လွန်ခဲ့သော ၂ နှစ်ခန့်မှစ၍ ကျောက်တော်မြို့၊မြို့သစ်ရပ်ကွက်နေ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသော ဦးကျော်အောင်နှင့်ဒေါ်မခင်အေးတို့၏ ကုန်စုံဆိုင်၌ မိသားစုဝမ်းရေးအတွက် ဆိုင်အကူအဖြစ် ဝင်ရောက်အလုပ်လုပ်ကိုင်ခဲ့ပါသည်။လွန်ခဲ့သော ၃ လခန့်က သူမသည် ၎င်းဆိုင်တွင် ဆက်လက်ပြီး အလုပ်မလုပ်လိုကြောင်း သူမ၏မိထွေးဖြစ်သူ ဒေါ်အဝါချေအား ပြောကြားခဲ့ကြောင်း၊ အဘယ့်ကြောင့် ၎င်းဆိုင်မှာ အလုပ်မလုပ်လိုသနည်းဟု မိထွေးဖြစ်သူကမေးသောအခါ သူမက အကြောင်းပြချက် သေသေချာချာမပေးခဲ့သောကြောင့် နောက်ထပ် ၄လ၊၅လခန့် ဆက်လုပ်ရန် မိထွေးက တိုက်တွန်းခဲ့သဖြင့် သူမသည် ၎င်းဆိုင်၌ ဆက်လက်ပြီး အလုပ်လုပ်ကိုင်နေခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
သူမသည် မိသားစုနှင့်မည်သည့်ပြသနာမျှမရှိကြောင်းလည်း စုံစမ်းသိရှိရပါသည်။သို့ဆိုလျှင် မည်သည့်အကြောင်းကြောင့် ထိုမိန်းကလေးငယ်သည် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ပါသနည်း။သူမ၏မိထွေးဖြစ်သူ ဒေါ်အဝါချေမှ သူမ၏သူငယ်ချင်းများထံ စုံစမ်းမေးမြန်းသောအခါ သူမ၌ဖုံးဖိမရနိုင်သော ကိစ္စတစ်ခုရှိနေကြောင်း၊သူမမှာ ကိုယ်ဝန် ၂ လ ရှိနေကြောင်း၊ထိုကိုယ်ဝန်မှာ ဆိုင်ပိုင်ရှင် ဦးကျော်အောင်က သူမအား အတင်းအဓမ္မ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သောကြောင့်ဖြစ်ကြောင်း ဒေါ်အဝါချေက စာရေးသူအား ပြောကြားခဲ့ပါသည်။
ယခုအခါ ဦးကျော်အောင်သည် အဆိုပါ မငြိမ်းအေးခိုင်အား စိတ်ဝေဒနာရှင်တစ်ဦးဖြစ်ကြောင်း ပတ်ဝန်းကျင်အိမ်များသို့ တစ်အိမ်တက်၊တစ်အိမ်ဆင်း စည်းရုံးပြောကြားနေပါသည်။
လွန်ခဲ့သော ၂ နှစ်ခန့်ကလည်း ကျောက်တော်မြို့နယ်၊လမ်းမတော်ကျေးရွာမှ မသီတာ(အမည်လွဲ)အားလည်းပဲ အလားတူ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ကြောင်း၊သို့သော် အားမတန်၍ မာန်လျှော့လိုက်ရကြောင်း စုံစမ်းသိရှိရပါသည်။
အဆိုပါ မငြိမ်းအေးခိုင်၏ဘဝသည် အလွန်တရာ သနားစရာကောင်းလှပါသည်။မိဘမဲ့၊ညီအစ်ကိုမောင်နှမလည်း မရှိဘဲ မိထွေးဖြစ်သူနှင့် အတူနေရသောဘဝပါ။ ယခုလိုသနားစရာကောင်းလှသော ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး မိန်းကလေးငယ်တစ်ဦးကို ငွေအား၊ဓနအားသုံးပြီး စော်ကားခြင်းအား အများပြည်သူသိရှိစေရန် Online မှတဆင့် တင်ပြအပ်ပါသည်။
                                                  (ဖိုးသီဟ)
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment