For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 3 June 2014

ဥပဒေ၏ နောက်ကွယ်မှာ (အပိုင်း-၁၆) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  နေရာအနှံ့ ဥပဒေမဲ့ လုပ်ရပ်တွေကြောင့် ဥပဒေ
ဆိုတာ ရှိများရှိသေးရဲ့လားလို့တောင် မေးကြည့်
ရမလို ဖြစ်နေပါပြီ ။ နိုင်ငံတော်ကတော့  အဂတိ
လိုက်စားမှုပပြောက်အောင် လာဘ်ပေးလာဘ်ယူ
 တိုက်ဖျက်ရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းပေးခဲ့ပါ
တယ်။ ယခုလက်ရှိ အခြေအနေမှာ နိုင်ငံခြားဈေးကွက်
ဝင် တမလန်းသစ်တွေ ခိုးထုတ် သယ်ဆောင်မှုတွေများ
လာလို့  စီမံချက်တစ်ရပ်အနေနဲ့ သစ်တောရဲတွေထပ်မံ
ဖွဲ့စည်းပြီး သစ်တောပုဓ်မအစား ၆/၁ဆိုတဲ့ ပုဒ်မ
ကို ပြောင်းလဲတာ အများပြည်သူတွေကြားသိကြ
ပါသည်။
       သို့သော်လည်း လာဘ်ပေးတာယူတာ မဟုတ်
ဘဲ လာဘ်တောင်းတာရမ်းတာဆိုတာ ဘယ်လိုအမည်
နာမများတပ်ပေးရမလဲ? ၆/၁ ဆိုတာကလည်း ခြောက်
တဲ့ပုဒ်မတစ်ခုထည်းဆိုတော့ မကြောက်ဘူးပေါ့။ နောက်
ပြီး သစ်တောမှာ အရဲဆုံး လူတွေ ခန့်ထားတော့ လုပ်ရဲ
ကိုင်ရဲ တောင်းရဲပေါ့လေ။ ဒီလိုစာတွေနဲ့ အင်တာနက်
တွေမှာ ပါတဲ့ ပုဂ္ဂိုလ်တွေကလည်း ရေးချင်တာရေးစမ်း
ဘယ်သူတွေကပေးပါတယ်လို့ပြောမလဲ ဂရုမစိုက်ဘူး
လို့ စာရေးသူရှေ့မှာ ပြောနေတာလဲ ကြားရပါတယ်
     တလောကပဲ နေပြည်တော် သစ်တောရေးရာက
 ဗိုလ်မှူးအောင်မင်းတစ်ယောက် ရောက်လာခဲ့ပါတယ်။
ဟိုတုန်းက သစ်တောအထူးအဖွဲ့မှာ တာဝန်ယူပြီး ကသာ
ခရိုင်အတွင်းမှာတော့ နားမည်ကြားရင်တောင်လန့်သွား
ရလောက်အောင် အဖမ်းအဆီးကြမ်းကြမ်းနဲ့ နာမည်ကြီး
ခဲ့ဘူးပါတယ် ။ခုတော့ သူတောင်ဘာပြောသလဲဆိုရင် "
ခုတမလန်းခိုးနေသူတွေက ၀န်ကြီးတွေ ညွှန်မှူးတွေ
ညွှန်ချုပ်တွေနဲ့ ပိုင်ပြီးလာကြတာဆိုတော့ သူလဲ ဘာမှ
မတတ်နိုင်ဘူးလို့ ပြောခဲ့ကြောင်း  "သစ်တောရေးရာနှင့်
နှီးစပ်သူအသိုင်းအ၀ိုင်းက ပြောသံကို ကြားရပါတယ်။
      ဒါလဲ မှန်လောက်မယ်လို့ ထင်မိပါတယ် လက်ရှိ
ပစ္စည်းတွေကို ကယ်ရီလို့ခေါ်တဲ့ ရှေးပြေးလမ်းရှင်း
လုပ်နေသူတွေက ဌာနတစ်ခုစီတွေထဲက သတင်းပေးတွေ
နဲ့ ဌာနအတွင်းက လူတွေဘဲဖြစ်ပါတယ် ။ မှတ်မိတာတစ်ခု
လောက်တင်ပြရရင် ၁၅.၅.၂၀၁၄ ရက်နေ့က S.B လို့ခေါ်
တဲ့ သတင်းတပ်ဖွဲ့က စိန်မောင်းတစ်ယောက် ပင်လည်ဘူး
ခြမ်းက ပစ္စည်းကို တောင်ပုံကို ပို့ပေးတာတွေ့ရပါတယ်။
သူဆွဲလာတဲ့ကားပိုင်က ဖိုးချမ်း(ဆိုင်ကယ်ဝါးရှော့) ရဲ့
ဆယ်ဘီးကားနဲ့ ဖြစ်ပါတ.်။ဝဲလာတောင်ကွင်းပြင်လိ
ု့ ခေါ်တဲ့
 အနီးမှာ ကားကျွံလို့ အခြားကားနှင့် သယ်ဆောင်သွား
ကြောင်းကို သိရပါတယ်။ဆက်လက်၍ ကယ်ရီများနှင့်
 ကားပိုင်များသယ်ယူသော ရက်စွဲများ၊ အဖွဲ့အစည်းလိုက်
လုပ်ရှားမှုများ ကို ထပ်မံတင်ပြပေးပါမည်။
မှတ်ချက်။       ။၃၁.၅.၂၀၁၄ ရက်နေ့က အနောက်ခြမ်းတွင်
 ဂျိုသမားတစ်ဦးအား ရဲတစ်ဦးနှင့် တွေ့၍ ငွေ(၇)သိန်းပေးရ
ကြောင်း သိရသည်။ ပိုင်ရှင်အမည်နှင့် ရဲအမည်အား စုံစမ်း၍
တိကျစွာ တင်ပြပေးပါမည်။
                                         နိုင်းမရ(ကောလင်း)
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment