For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 14 June 2014

ကောလင်းမြို့နယ် အရက်သေစာသောက်စားပြီး ပုလင်းခွံကွဲစဖြင့် ထိုးရာမှ သွေးထွက်လွန်သေဆုံးမှုဖြစ်ပွား ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
        စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင်
ဇွန်လ(၁၂)ရက်နေ့ ည(၁၁ဒ၄၅)အချိန် ဈေးရုံဗိုလ်
တဲရပ်ကွက် ၊ အမှတ်(၈)လမ်း ၊စည်သူဆံသဆိုင်ရှေ့
တွင် ဇာနည်အောင်၊ ကိုကိုဦှး၊ နိုင်နိုင်ဝင်း(ခ)ဖိုးကြီးတို့
အရက်မူးပြီး ဇာနည်အောင်နှင့် ကိုကိုဦး စကားများကာ
ဇာနည်အောင်မှ ကိုကိုဦးအား မြန်မာရမ် အရက်ချိုးပြား
ပုလင်းဖြင့် ဦးခေါင်းအားရိုက်လိုက်ရာ ပုလင်းကွဲသွားပြီး
ပုလင်းကွဲဖြင့် ကိုကိုဦး ရင်ဘတ်အား ထိုးလိုက်သဖြင့်
ကိုကိုဦးဝဲဘက်ရင်ဘတ် ညှပ်ရိုးအောက်တွင် နှစ်လက်မ
ခွဲပတ်လည် ထိုးသွင်းဒဏ်ရာဖြင့် ကောလင်းမြို့ ပြည်သူ့
ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဉ် ကိုကိုဦး (ဘ)ဦးစီပိန်
(၂၀)နှစ် ၊ကျဘမ်း၊ စက်ရုံလယ်ပြင်ရပ်နေသူမှာ သေဆုံး
သွားသောကြောင့် ဥပဒေအရ အရေးယူပေးရန် တိုင်တန်း
ခဲ့ပါသည်။
       ထို့နောက် ကောလင်းမြို့မ ရဲစခန်းမှ အခင်းဖြစ်ရပ်
စစ်ဆေးခြင်း၊ မှတ်ပုံတင်ဓါတ်ပုံရိုက်ကူးခြင်း
၊ မြေပုံကြမ်းရေး
ဆွဲခြင်း၊ အခင်းဖြစ်နေရာရှိ သက်သေခံပစ္စည်း ပုလင်းကွဲသိမ်း
ဆည်းခြင်းနှင့် ရဲဆေးစာပေးပို့ခြင်း၊ မျက်မြင်သက်သေ
မျက်မြင်သက်သေအား စစ်ဆေးခြင်းများပြုလုပ်ပြီး ပြစ်မှုကျူး
လွန်သူ ဇာနည်အောင်၊ (ဘ)ဦးကျော်ရွှေ (၃၂)နှစ်၊ ဘူတာကုန်
တင်ကုန်ချ၊ လက်ပံကြီးတောအုပ်စု၊ ဇီးဖြူပင်ကျေးရွာ၊ ၀န်းသိုမြို့
နယ် နေသူတို့အား (ပ)အမှတ်(၁၆၂/၂၀၁၄)၊ ပြစ်မှုပုဓ်မ ၃၀၂
ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

                                               စိုင်းလူမင်း-မီဒီယာဂရု
                                           Sailumin35@gmail.com

No comments:

Post a Comment