For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 10 June 2014

ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်ခိုးထုတ်သူများကို ပြည်သူများအနေဖြင့် သတင်းပေးတိုင်ကြားနိုင်ကြောင်း ဆိုင်းဘုတ်များ စိုက်ထူထားလျှက်ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် သစ်တောဦးစီးဌာနသည်
တရားမ၀င်သစ်ခိုးထုတ်ခြင်းများအား နှစ်စဉ်ဖမ်းဆီးအရေးယူမှုများ
ဆောင်ရွက်လျှက်ရှိပြီး ယမန်နှစ်စတင်၍ မြို့နယ်သ်တောရုံးနှင့် ရွှေဘို-
မြစ်ကြီးနားကားလမ်းပေါ်ရှိ ပုဒုမ္မကျေးရွာ သစ်တောစခန်း ၈၁/၂ ၊
ကျောက်တန်းလမ်းဆုံ သစ်တောစခန်းရှေ့တွင်လည်း 'တရားမ၀င်သစ်
ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးအတွက် သင်၏ အကူအညီ လိုအပ်
ပါသည်။ ' ဆိုင်းဘုတ်နှင့်" တရားမ၀င်သစ်ဟု သံသယရှိပါက ရုံးးဖုန်းနံပတ်
၀၇၅-၄၂၀၀၉"
ဆိုင်းဘုတ်အား ပြည်သူများမြင်နိုင်အောင် စိုက်ထူထားလျှက်ရှိသည်။
ကောလင်းမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၃-၂၀၁၄
ဘဏ္ဍာရေးနှစ် ၂၀၁၃ ခုနှစ်၊ ဧပြီလ မှ၂၀၁၄ခုနှစ်၊ မတ်လတွင် ကျွနှ်းသစ်မာ၊
အခြားသား လုံး/တန် စုစုပေါင်း (၂၅၁.၀၃၃၈)တန် ဖမ်းဆီးရမိပြီး တမလန်း
သစ်(၉.၆၁၂)၊ တမလန်းခွဲသား (၈၇.၄၃၇) တန်၊ စုစုပေါင်း တမလန်းသစ်ခွဲ
သားပေါင်း (၉၇.၀၄၉)တန်ကို စုံစမ်းဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပြီး ပြည်သူ
လူထုအများက သတင်းပေး တိုင်ကြား၍ ပူးပေါင်းဆောင်ရွက်အကြောင်းကြား
လာပါက ယခုထက်ပင် ပိုမိုဖမ်းဆီးရမိနိုင်သည်ကို သိရသည်။
ယမန်နှစ်မှစတင်၍ ယခုနှစ် ဇန်န၀ါရီမှ ဇွန်လအတွင်း တရားမ၀င်သစ်များ
နှင့် တမလန်းသစ်များအား သစ်ခိုးထုတ်နေသူများသည် ပင်လည်ဘူးနယ်မှ
မြေလင်း-ပေကုန်း-၀ဲလာ-ဒေါ်စီတို့ ဖြတ်သန်း၍ ကောလင်း-၀န်းသို -ပင်လည်ဘူး
လမ်းဆုံ(၅)မိုင်သို့ ရောက်ရှိပြီး ၀န်းသိုမြို့နယ်ထဲသို့ ၀န်းသို-ကောလင်း-တောင်
ပေါ်လမ်းဆုံတို့လည်းကောင်း၊ ထိုမှတဆင့် ရွှေဘို-မြစ်ကြီးနားလမ်း-ကျောက်တန်း
လမ်းဆုံသို့ ဖြတ်သန်းကာ ထီးချိုင့်မြို့နယ်နှင့် မန္တလေး ဘက်သို့ ပို့ဆောင်နေ
လျှက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများအား
အသိပေးအကြောင်းကြားပါက တမလန်းသစ်ခိုးထုတ်သူများ လျော့နည်းသွားနိုင်
မည်ဖြစ်သည်။
ပြည်သူလူထုမှ သတင်းပေးပို့အကြောင်းကြားလာပါက သက်ဆိုင်ရာဌာနများမှ
လည်း အချိန်နှင့် တပြေးညီ ဆောင်ရွက်နေလျှက်ရှိသည့်အတွက် ပြည်သူလူထုများမှ
ပူးပေါင်းပါဝင်၍ သတင်းပေးပို့၍ တိုင်ကြားမည်ဆိုပါက တမလန်းသစ်ခိုးထုတ်နေ
သောအဖွဲ့ အင်အားမည်မျှကြီးမားစေကားမူ မှေးမိန်ပျောက်ကွယ်သွားနိုင်သလိ
အသွင်အမျိုးမျိုး ၊ လမ်းကြောင်းအမျိုးမျိုးဖြင့် တမလန်းသစ်ခိုးထုတ်နေသူများ၏
နည်းလမ်းသည်လည်း ကျဉ်မြောင်းသွားပြီး တမလန်းသစ်ခိုးထုတ်သူများ လျော့နည်း
သွားမည်ဖြစ်ပေသည်။
စိုင်းလူမင်း၊မီဒီယာဂရု
Sailumin35@gmail.com

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment