For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Tuesday 3 June 2014

ကောလင်းဈေးကွက်တွင် ဟင်းလျာလည်းဖြစ် ဆေးစွမ်းလည်းထက်သည့် ဖလံတောင်ဝှေ့ ရောင်းအားကောင်းလျှက်ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
       ကောလင်းမြို့နယ်၊ စည်ပင်သာယာဈေးတွင် ကောလင်း
 ၊၀န်းသို၊ ပင်လည်ဘူး ၊ ကန့်ဘလူ ၊ ချပ်သင်း၊ ကိုးတောင်ဘို့
  တောတောင်များမှ သဘာဝအလျှောက်ပေါက်ရောက်လျှက်ရှိ
သော ဇရစ် ၊ဂျိုးခြေထောက်၊ အင်ဥ၊ မြစ်၊ မှိုအမျိုးမျိုးနှင့် ဖလံ
ေ တောင်ဝှေ့တို့အား ရှာဖွေသယ်ယူရောင်းချသဖြင့် ကျေးလက်
  နေပြည်သူ အချို့ မိသားစုဝင်ငွေ ရရှိလျှက် ရှိသည်။
        ထိုသို့ သဘာဝအလျှောက် ပေါက်ရောက်လျှက်ရှိသော
 ဖလံတောင်ဝှေ့ (ဒေသအခေါ်) မုတ္တမတောင်ဝှေ့ဆိုလျှင် အိမ်ရှင်
မများ မီးဖိုချောင်တွင် ကြော်လှော်ချက်ပြုတ်စားရသော ဟင်းလျာ
တစ်မျိုးအဖြစ် လူတိုင်း သိကြသည်။ သို့သော် ဖလံတောင်ဝှေ့၏
 ဆေးအသုံးဝင်ပုံကို လူတိုင်းမသိကြပေ။ ဖလံတောင်ဝှေ့သည်
နားပြည်ယို၊ နားကိုက်ရောဂါဖြစ်လျှင် အခွံခွာမီးကင်ပြီး အတန်ကြာ
  အေးစေ၍  အရည်ညစ်ယူပြီး နားတွင်းသို့ (၃)(၄)စက်ခန့် မကြာ
ခဏထည့်ပေးပါက သက်သာပျေက်ကင်းစေပြီး ချောင်းဆိုးရောဂါ
၊သာမန်နှလုံးတုန်ရောဂါတို့ကို ဖလံတောင်ဝှေ့အား ချက်စားခြင်း၊
နှမ်းဆီစစ်စစ်နှင့် ကြော်စားခြင်းဖြင့် သက်သာစေသည့်ဟု လက်
တွေ့အသုံးချသူ အချို့ထံမှ သိရသည်။
        ထို့အပြင် ဖလံတောင်ဝှေ့ကို အခြောက်လှမ်း အမှုန့်ပြုလုပ်၍
 အုန်းဆီနှင့်ဖျော်ပြီး စအိုနှင့် ဆီးစပ်ကို လိမ်းထားပါက သားအိမ်ရှော
ကျခြင်း၊ သားအိမ်အောင်ခြင်း၊ အမျိုးသားများ အူကျခြင်း၊ တိုနာဖြစ်
  ခြင်းတို့ကို ပျောက်ကင်းစေပြီး ပဉ္စငါးပါးကို ငရုတ်ကောင်းနှစ်စေ့ခန့်
ထည့်ပြီး ပြုတ်သောက်ပါက ကျောက်ကပ်ရောင်ဖောခြင်းကို ပျောက်
ကင်းစေပါသည်။
        ဖလံတောင်ဝှေ့သည် ဒူလာရောဂါဖြစ်ပါက သုံးခွက်တစ်ခွက်တွင
် ကြို၍ သောက်လျှင် သက်သာပျေက်ကင်းစေပြီး ပုဇွန်နှင့်ကြော်စားပါက
 သွေးဝမ်းရောဂါကိုလည်းကောင်း၊ အမဲသားနှင့် ချက်စားပါက ဆီးရွှင်
စေပြီး ကျောက်ကပ်ရောဂါတို့ကို ကာကွယ်ပေးနိုင်သည်။ထို့အပြင်
ဆီးကျောက်တည်ခြင်း ဆီးပူ၊ ဆီးအောင့် ၊ ဆီးအားနည်းခြင်း၊ ဆီးကျန်
  ခြင်း၊ ဆီးဝါခြင်းတို့ကို ရေကြက်သားနှင့် ချက်စားခြင်းဖြင့် သက်သာ
  ပျောက်ကင်းစေသည်။ အမျိုးအသီးများ ရင်သားတွင် ဖြစ်ပေါ်တတ်သော
 သာမန်အကျိတ်များကိုလည်း ဖလံတောင်ဝှေ့ကိုထုချေပြီး အကျိတ်ပေါ်
ပုံပေးပြီး အ၀တ်ဖြင့် စည်းပေးခြင်းဖြင့် အကျိတ်များကြေစေပါသည်ဟု
တိုင်းရင်းဆေးဆရာကြီးတစ်ဦးမှ ပြောပြချက်အရ သိရသည်။
 မှတ်ချက်။       ။မည်သည့်ဂျာနယ်၊ သတင်းစာတိုက်မှ ပေးပို့ထားခြင်း
မရှိပါကြောင်း ၀န်ခံပါသည်။
                                            စိုင်းလူမင်း၊မီဒီယာဂရု
                                      Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment