For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Friday 13 June 2014

ကူးတို့ခဈေးကြီး၍ အန္တရာယ်မကင်းသော ကသာ၊ပုလွှေရွှေကူးတို့ဆိပ် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့သည်ဧ
ရာဝတီမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိ၍ရေလမ်း၊ကုန်းလမ်း၊မီးရထားလမ်းအသုံးပြုနိုင်သောကြောင့်လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်သည်ဟုဆိုရမည်ဖြစ်၏
ဧရာဝတီအရှေ့ဘက်ကမ်းကိုကူးပြီးဗန်း
  မော်၊မန္တလေးကားလမ်းသို့ဝင်ရောက်ကာ
သွားလာနိုင်သည်။
သို့သော်မြစ်ကူးတံတားမရှိသဖြင့်ဆိုင်ကယ်၊လူများကကူးတို့မော်တော်များဖြင့်ကူး
ရသလိုကားများကလည်းဇက်ဖြင့်ကူး
ရသည်။မြစ်အရှေ့ဘက်ကမ်းတွင်ပုလွှေရွှေ၊ဒုံး
အော့၊ဆင်ကုန်းကျေးရွာ၊အစရှိသောကျေးရွာများသည်စိုက်ပျိုးရေးကို 
အဓိကလုပ်ကိုင်ကြပြီးရာသီပေါ်သီးနှံများကိုကသာမြို့်သို့နေ့စဉ်ရောင်းချကြရန်လာကြသလိုပညာသင်
ကြားကြသောကျောင်းသားများ၊အခြားခရီး
သွားများကြောင့်မနက်၅နာရီမှည၇နာရီထိ
  အောင်ကူးတို့မော်တော်များပြေးဆွဲကြ
  ကြောင်းသိရသည်။ကသာ၊ပုလွှေရွှေ
  မော်တော်ကူးတို့ခမှာဈေးကြီးလှသဖြင့်
်ကသာသို့နေ့စဉ်လာရောက်ဈေးရောင်းနေသောတောင်သူများမှာအမြတ်ငွေမကျန်
ကြကြောင်းသိရသည်။တောင်သူတစ်ဦးက
ကျွန်တော်တို့စိုက်ခင်းကသီးနှံကိုဆိုင်ကယ်နဲ့တင်လာပြီ်းမော်တော်ပေါ်တင်လာရင်
ဆိုင်ကယ်တင်ခ၅၀၀ိ/ပေးရတယ်၊ကိုယ့်ဖာသာတင်လည်းပေးရတော့အပင်ပန်းခံမနေဘဲအလုပ်သမားတွေဘဲတင်ခိုင်းရတယ်။စက်လှေခကလူတစ်ယောက်၄၀၀ိ/ဆိုင်ကယ်အတွက်၈၀၀ိ/
  ပေးရပြီးကသာဆိပ်ကမ်းမှာဆိုင်ကယ်ချခ
၅၀၀ိပေးရပြန်တယ်။မြစ်တစ်ခါကူးတာနဲ့
၂၂၀၀ိကုန်ပြီ။အပြန်ကိုလည်းဒီအတိုင်းကုန်တော့၄၄၀၀ိ၊မုန့်လေးလာလေးစားရင်
၅၀၀၀ိ/ကုန်ပြီ။ဈေးရောင်းတာကိုယ့်ခြံထွက်ဆိုပေမယ့်လည်း၅၀၀၀ိ/ကနူတ်သွားပြီ။ဆိုင်ကယ်တင်ချခတင်
၂၀၀၀ိကုန်တယ်ဗျာ။ခေါင်းပေါ်ရွက်ပြီး
  ဈေးရောင်းရင်လည်းတောင်းခပေးရပြန်
တယ်။ဆင်းရဲမွဲတေမှုမြင့်မားရေးမှာကူး
တို့ခကလည်းအထောက်အကူပြုတယ်
လို့ဆိုရမယ်ဟုပြောကြားခဲ့ကိုသိရသည်။
ဤလိုကုန်ကျစရိတ်များဖြင့်မြစ်ကိုဖြတ်ကူး
  နေရသော်လည်းမော်တော်ပေါ်လူ၊ဆိုင်ကယ်၊ကုန်များကိုအပြည့်တင်ပြီးမောင်းနှင်နေသဖြင့်
အန္တရာယ်မှာအချိန်မရွေးကျရောက်နိုင်ကြောင်းသိရသည်။
ခရီးသွားတစ်ဦးက'မော်တော်လေးမှာလူက၄၅၊၅၀လောက်၊ဆိုင်ကယ်က၇စီးလောက်၊ကုန်တွေကပါသေးတယ်။ဒါတောင်ထပ်တင်စရာမရှိလို့ထွက်သွားတာ။ကျွန်
  တော့်မှာမြစ်ကမ်းပေါ်ကကြည့်ရင်းခရီးသွားတွေအန္တရာယ်ကင်းဖို့ပရိတ်၊ဂါထာတွေ
ရွတ်၊မေတ္တာပို့လုပ်နေမိတာ။တစ်ဖက်ကမ်းကိုရောက်တော့မှသူတို့အစားသက်ပြင်းချမိတယ်'ဟုပြောကြားသည်ကိုသိရသည်။
  နောက်တစ်ဦးကလည်း"မဖြစ်သေးလို့မဖြစ်ဘူးမပြောပါနဲ့၊ကသာဗန်းမော်ရှပ်ပြေး
ယာဉ်မှောက်လို့လူတွေသေကြတုံးက
ကြည့်ပါလား။ခုံအပြည့်၊မော်တော်ခေါင်မိုး
  နေရာအလွတ်မကျန်အကုန်တင်ပြီးသွား
  တော့မှောက်တာလေ၊၁၀နှစ်လောက်ကြာ
ပြီထင်တယ်။သေကြေထိခိုက်နစ်နာသူ
ေ တွေကိုဘာမှမလုပ်ပေးဘဲခဏနားပြီး
ပြန်ပြေးဆွဲတာဘဲလေ'
ဟုပြောကြားသည်။
ကသာ၊ပုလွှေရွှေကူးတို့လုပ်ငန်းကိုကသာ
စည်ပင်မှလေလံအောင်သူကိုလုပ်ခိုင်း
  ခြင်းဖြစ်ပြီးအပြိုင်မရှိရသောကြောင့်
ေ ရောင်းသူစိတ်ကြိုက်အနေအထားဖြစ်နေရသည်။တစ်ချို့ကတစ်ဦးတည်းလုပ်ကိုင်ခွင့်
  ပေးခြင်းထက်အနည်းဆုံးနှစ်ဦးလောက်ကို
ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးခြင်းကပြည်သူ
အများကိုပို၍အကျိုးရှိစေမည်ဟုပြောကြား
  နေကြသည်။
ကသာဒေသခံတစ်ဦးက'ဝန်ဆောင်မှုအသာထားအန္တရာယ်မကျရောက်အောင်
ဆုတောင်းနေရတာ။တစ်ခါကည၇နာရီကူးတို့ကူးရတာလူအပြည့်ကုန်အပြည့်ဆိုင်
ကယ်တွေနဲ့မော်တော်မြှုပ်လုနီးပါးတင်တာ။မီးကမရှိတာကိုလက်နှိပ်ဓာတ်မီးလေးထိုး
ပြီးမောင်းတာ။ဘယ်တုံးကမှမကြောက်တဲ့
သူဟာအဲဒီအခါတော့ကြောက်သွားတယ်။
စည်ပင်ကတာဝန်ရှိသူတွေလည်းခရီး
သွားတွေသက်သာချောင်ချိမှုရှိအောင်၊
အန္တရာယ်မဖြစ်အောင်ကြီးကြပ်သင့်တယ်။
ြ မြင့်မားတဲ့အသိဉာဏ်နဲ့ကိုယ်မြို့ရွာတိုး
တက်အောင်လုပ်သင့်ပါတယ်။' ဟုပြော
ကြားခဲ့ကြောင်းသိရသည်။

                 ဦးရဲ(ကသာ)

>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment