စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် မှဦးစီး၍ ပါတီဝင်များသည် ပင်လည်ဘူးမြို့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၊ မိုးကောင်းရပ်ကွက်မှ စတင်ကာ
ဇွန်(၃)ရက်နံနက် (၀၈း၀၀)နာရီ (၁၀း၃၀)နာရီ အချိန်ထိ မြို့တွင်း
လှည့်လည်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအား
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ
၅အရ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် ပုဒ်မ-၅၉(ဃ)၊
(စ)ပြင်ဆင်ရေး ၊ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ-၁၈ ဖျက်သိမ်း
ရေး၊ ပြည်သူလူထု အပ်နှံထားသော အခွင့်အာဏာကို အလွှဲသုံး
စားမလုပ်ပါနှင့် ၊ တဖက်သတ်ရေးဆွဲထားသော အခြေခံဥပဒေ
များချက်ခြင်းဖျက်၊ လေးပွင့်ဆိုင်ဆွေးနွေးရေး ချက်ခြင်းဆောင်
ရွက်ပေး၊စသည့် ဆိုင်းဘုတ်များကိုင်ဆောင် ၍ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဆင်ရေး(ဒို့အရေး)
၊ ပုဒ်မ-၅၉(ဃ)၊ (စ)ပြင်ဆင်
ရေး(ဒို့အရေး)၊တရားဥပဒေစိုးမိုး ရေး(ဒို့အရေး) ၊ ပြည်သူကိုဖိနှိမ့်
သောဥပဒေများ ဖျက်သိမ်းရေး (ဒို့အရေး) ၊လေးပွင့်ဆိုင်တွေ့ဆုံပွဲ
ချက်ခြင်းဆောင်ရွက်ပေး(ဒို့အရေး )၊ တစ်နိုင်ငံလုံးချွင်းချက်မရှိ
အပစ်အခတ်ရပ်စဲရေး(ဒို့ကရေး)၊ စစ်မှန်သော ပြည်ထောင်စုစနစ်
ဖော်ဆောင်ရေး (ဒို့အရေး) ၊ပြည်သူကို စော်ကားသော ၀န်ကြီးများ
အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် မြို့တွင်း စီတန်းလှည့်
လည်ခဲ့သည်။
အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအား
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် ကောလင်းမြို့နယ် ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ ၊ ၀န်းသိုမြို့နယ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ ၊ အင်အား(၂၀၀၀)
ပါဝင်ဆင်နွဲကြပြီး စီတန်းလှည့်လည်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရုံး၊ မိုးကောင်းရပ်ကွက်မှ မြို့တွင်းလမ်းတစ်လျှောက်တွင်
ပင်လည်ဘူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိသားစုဝင်များ၊
ပြည်သူများ၊ ဈေးသူ/ဈေးသားများမှ ရေသန့်၊ အအေးအချိုရည်
မျိုးစုံ၊ ဖျောရည်ဘူးများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
စိုင်းလူမင်း၊မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် မှဦးစီး၍ ပါတီဝင်များသည် ပင်လည်ဘူးမြို့
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၊ မိုးကောင်းရပ်ကွက်မှ စတင်ကာ
ဇွန်(၃)ရက်နံနက် (၀၈း၀၀)နာရီ (၁၀း၃၀)နာရီ အချိန်ထိ မြို့တွင်း
လှည့်လည်ကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအား
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ
၅အရ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် ပုဒ်မ-၅၉(ဃ)၊
(စ)ပြင်ဆင်ရေး ၊ ပုဒ်မ-၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ-၁၈ ဖျက်သိမ်း
ရေး၊ ပြည်သူလူထု အပ်နှံထားသော အခွင့်အာဏာကို အလွှဲသုံး
စားမလုပ်ပါနှင့် ၊ တဖက်သတ်ရေးဆွဲထားသော အခြေခံဥပဒေ
များချက်ခြင်းဖျက်၊ လေးပွင့်ဆိုင်ဆွေးနွေးရေး ချက်ခြင်းဆောင်
ရွက်ပေး၊စသည့် ဆိုင်းဘုတ်များကိုင်ဆောင် ၍ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေပြင်ဆင်ရေး(ဒို့အရေး)
ရေး(ဒို့အရေး)၊တရားဥပဒေစိုးမိုး
သောဥပဒေများ ဖျက်သိမ်းရေး (ဒို့အရေး) ၊လေးပွင့်ဆိုင်တွေ့ဆုံပွဲ
ချက်ခြင်းဆောင်ရွက်ပေး(ဒို့အရေး
အပစ်အခတ်ရပ်စဲရေး(ဒို့ကရေး)၊ စစ်မှန်သော ပြည်ထောင်စုစနစ်
ဖော်ဆောင်ရေး (ဒို့အရေး) ၊ပြည်သူကို စော်ကားသော ၀န်ကြီးများ
အလိုမရှိ စသည့် ကြွေးကြော်သံများဖြင့် မြို့တွင်း စီတန်းလှည့်
လည်ခဲ့သည်။
အဆိုပါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအား
ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ရာတွင် ကောလင်းမြို့နယ် ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ ၊ ၀န်းသိုမြို့နယ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ ၊ အင်အား(၂၀၀၀)
ပါဝင်ဆင်နွဲကြပြီး စီတန်းလှည့်လည်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ရုံး၊ မိုးကောင်းရပ်ကွက်မှ မြို့တွင်းလမ်းတစ်လျှောက်တွင်
ပင်လည်ဘူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မိသားစုဝင်များ၊
ပြည်သူများ၊ ဈေးသူ/ဈေးသားများမှ ရေသန့်၊ အအေးအချိုရည်
မျိုးစုံ၊ ဖျောရည်ဘူးများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။
စိုင်းလူမင်း၊မီဒီယာဂရု
Sailumin35@gmail.com
No comments:
Post a Comment