စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်
စက်ရုံလယ်ပြင်ရပ်ကွက်တွင် ဆိုင်ကယ်များအားခိုးယူပြီး
ရုပ်ဖျက်ဆေးမှုတ် ရောင်းစားနေသူ တစ်ဦးအား ဖမ်းဆီး
ရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကောလင်းမြို့တွင် မကြာခဏ ဆိုင်ကယ်
ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေစဉ် ဇွန်လ(၁၁)ရက်နေ့က
ကောလင်းမြို့နယ် ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့်
ရဲအုပ် ဟုတ်းထန်း၊ ရဲတကက ထွန်းနွယ်ဦး၊ ရဲတပ်သား
မိုးသူလင်း၊ အရန်မီးသတ် တပ်ခွဲမှူး ဦးနိုင်ဝင်း ၊ စက်ရုံ
လယ်ပြင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးတို့ ပါဝင်
သော ပူးပေါင်းအဖွဲ့သည် စက်ရုံလယ်ပြင်ရပ်နေ ဖိုးချုပ်(ခ)
မြင့်သိန်း(ခ)မြင့်သန်း(ဘ)ဦးချ
စ်အောင်၊ အသက်(၄၂)နှစ်
နေအိမ်တွင် ဆိုင်ကယ်များအား အရောင်ပြောင်း ဆေးမှုတ်ပြီး
ပြန်လည်ရောင်းချနေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေကြ
ရာ Canda စာတမ်းပါ125 ဆိုင်ကယ်(၁)စီးအား တွေ့ရှိရပြီး ၎င်း
ဆိုင်ကယ်နှင့် ပတ်သတ်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား
ခိုင်လုံစွာ ပြောဆို နိုင်ခြင်းမရှိသဖြင့် တစ်နေရာမှ ခိုးယူလာသည်
ဟု မသင်္ကာ၍ စစ်ဆေးရာမှ ၎င်းဆိုင်ကယ်အပြင် Yinxing 125
ဆိုင်ကယ်(၂)စီး၊ ဂျာလင်းစူပါကဒ် ဆိုင်ကယ်(၁)စီး၊ Loncin
စာတမ်းပါ ဆိုင်ကယ်(၁)စီးတို့အား ဈေးအမျိုးမျိုးဖြင့် ရောင်းစား
ထားကြောင်း စစ်ဆေးတွေ့ရှိရသည်။
သို့ဖြစ်၍ တရားခံ မြင့်သိန်း ရောင်းစားထားသော ဆိုင်ကယ်
များအား သက်သေများနှင့်အတူ လိုက်လံသိမ်းဆည်းပြီး ဖိုးချုပ်(ခ)
မြင့်သိန်း(ခ)မြင့်သန်းအား ကောလင်းမြို့မရဲစခန်းမှ (ပ) ၁၆၃/၂၀၁၄၊
(ပ) ၁၆၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၉/ကျင့် ၅၄ တို့အရ အမှုဖွင့်အရေးယူ
ထားကြောင်း သတင်းရရှိသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment