For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 7 June 2014

ဥပဒေ၏ နောက်ကွယ်(အပိုင်း-၁၇) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

  ချောင်းကူးတံတားကို ဖြတ်ကျော်တော့ ချောင်းနံ
ဘေးက ရေချိုးစဉ်ကလေးပေါ်မှာ စိတ်ပျက်လက်
ပျက်နှင့် အ၀တ်ပုံရှေ့ချပြီး ထိုင်နေသော သက်လတ်ပိုင်း
 အမျိုးသမီးတစ်ယောက် သူနှင့်ခပ်လှမ်းလှမ်းမှာ ကျော
ခိုင်းသွားသူက ကျဉ်စက်ထိုးသမား  ထိုမြင်ကွင်းနှင့်အတူ
 နောက်ကျိနေသောရေပြင်တို့သည် လူတို့စရိုက်နှင့်
 အခြအနေကို ပေါ်လွင်စေပါသည်။
      တစ်နိုင်ငံလုံး ရေရှားပါးမှု ဒဏ်ကို အလူးအလဲ
 ခံစားနေရချိန်မှာ စာရေးသူတို့ဒေသမှာလည်း ထူး
ပြီးကံမကောင်းနိုင်ပါ အများနည်းတူ ရေရှားပါးမှု
ဒဏ်ကို  အလူးအလဲခံစားကြရပါသည်။ သောက်
သုံးရေအတွက်တော့ နီးစပ်ရာ ဘုံပိုင်တွင်းလေးတွေ
မှာ သွားခပ်ပြီး သုံးလို့ရပေမဲ့ ချိုးရေနဲ့ အ၀တ်လျှော်
ဖွပ်ဖို့ကတော့ အချို့နေရာတွေမှာ ခါးစောင်းလောက်
တောင်မရှိတော့တဲ့  ရေအိုင်ကလေးတွေလိုဖြစ်နေတဲ့
ချောင်းအတွင်းမှာ ချိုးကြလျှော်ဖွပ်ကြလုပ်ကြရပါ
တယ်။
      ဒီလို ရပ်ကွက်အတါင်းက နီးစပ်ရာ အုပ်စုကလေး
တွေ ချောင်းအတွင်းက ရေအိုင်ကလေးတွေမှာ အသုံး
ပြုရင်းက မိမိဝမ်းရေးတစ်ခုကိုဘဲ မျှော်ကြည့်တတ်တဲ့
 အများအတွက် ပြန်လည်လှည့်စောင်း မကြည့်လိုကျတဲ့
အတ္တပိုင်ရှင်များဟာ မိမိမိသားစုအတွက် ဘတ္ထရီအိုးနဲ့
 ကျဉ်စက်အစုံကို ကိုင်ကြီး ရေတိမ်တိမ်ချောင်းထဲ ဆင်း
တော့ ရေတွေ နောက်ကျိပြီး ကျန်သူတွေက ဒုက္ခဖြစ်
ကျန်ကျစ်ခဲ့ကြတာ ကိုယ်ချင်းစာ နားလည်မပေးနိုင်
ကြသူတွေဘဲ ထင်ပါတယ်။
       ဟိုတုန်းကတော့ ဒီလိုကျဉ်စက်သမားတွေကို ရဲက
လာပြီး ဖမ်းဆီးတတ်လို့ တော်တော်တန်တန် မလုပ်ရဲကြ
ပါဘူး။ ညအခါ လောက်ဘဲ ပုန်းလျှိုး ကွယ်လျှိုးနဲ့ပဲ လုပ်
ကိုင်ရဲကျပါတယ် ငါးလုပ်ငန်းဦးစီးဌာနကလဲ အင်းလေလံ
ပစ်ရင် ရလာမဲ့ အကျိုးအမြတ်ကို တွေးနေရတော့ ဒီလို
အသွေးအဖွဲ့လေးတွေကို လိုက်ဂရုမစိုက်နိုင်ဘူးထင်ပါနဲ့။
 မြန်မာနိုင်ငံရဲလို့ အမည်တပ်ထားတဲ့ ရဲတပ်ဖွဲ့က လူတွေ
ကလည်း ၂လုံး ၃လုံး ဒိုင်တွေဆီက ရမဲ့ လစဉ်ကြေးဘော
လုံးဒိုင်တွေက ကောက်ခံရမဲ့ နေ့စဉ်ဝင်ငွေ ဖြတ်သွားရင်
လိုက်တောင်းရမ်းသစ်သမားတွေနဲ့ အလုပ်ရှုပ်နေကြ
လိုက်ကြတာ သူတို့တင်မတတ်နိုင်လို့ Informant လို့
ခေါ်တဲ့ သတင်းလေးတွေ ခန့်ထားလိုက်တာပဲ များမှများ
 ဒါလဲ သူတိုက ၀မ်းရေးအတွက်မို့  ဝေဖန်လိုစိတ် မရှိ
ပါဘူး။
          ရေရှားပါးမှု အတွက် ရေတွေဝေငှေတယ်ဆိုတာ
ကလည်း မြို့ထဲမှာ နေထိုင်သူတွေအတွက်သာ ဖြစ်ပြီး
 အစွန်းဘက်ဝန်းကျင်ကျတဲ့ သူတွေကိုတော့ ဘယ်သူ
ကလာဝေမလဲ မှတ်မှတ်ရရ မနှစ်ကထင်ပါတယ် စည်
ပင်က ရေပေးဝေပါတယ် အစွန်အကြို အကြားပါမကျန်
အောင် ပေးဝေပါတယ်။ ဒါပေမဲ့ ရေပေးတဲ့ကားက
မိလ္လာပစ်ကားကလေးဆိုတော့ မသိသူတွေတော့
ဝမ်းသားအားရနဲ့ ရေတွေသယ်နေတာကို သိတဲ့လူတွေ
ကတော့ ရင်ထဲမှာ အံချင်သလိုလို ပျို့ချင်သလိုလို တက်
လာတဲ့ အထိဖြစ်ရပါတယ် ဒါလည်း သူတို့ တတ်နိုင်တာနဲ့
 လုပ်ပေးတာဘဲ ကျေးဇူးတင်ရမယ် ထင်ပါရဲ့။
       ရေရှား ကာလမှာ အ၀တ်လျှော်ဖွပ်တဲ့ ချိုးရေကလေး
တွေကို  ညစ်ညမ်းဖော်ပြုတဲ့ ကျဉ်စက်သမားတွေကို ဥပဒေ
ကိုသိအောင် နားလည်အောင် ရှင်းပြပေးသင့်ပြီထင်ပါတယ်။
                                     နိုင်းမရ(ကောလင်း)
 
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 
 

No comments:

Post a Comment