For Users
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html
Download ဆွဲနည်း
Download ဆွဲနည်း
Download ဆွဲနည်း
Thursday 12 June 2014
ဝန်းသို၊ပင်လည်ဘူးနယ် သစ်ခိုးထုတ်မှု ဖမ်းဆီးရမိမှုအားနည်းသည့်အတွက် ဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်းဖြစ်နေ(စိုင်းလူမင်းရေးသားသည်) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”
စိုင်းလူမင်း...
      ယခင်က တရုတ်နိုင်ငံမှ တမလန်းသစ်များအား ဈေးကောင်းပေး
နားနေပြီး တမလန်းသစ်ဈေးများ ဈေးနှုန်းများကျဆင်းနေသဖြင့်
တမလန်းသစ်များ ဈေးနှုန်းတက်လာသည့်အချိန်တွင် စောင့်ဆိုင်း၍
ကိုယ်ကျိုးရှာ ၀ိသမလောဘသားများသည် ကသာခရိုင်အတွင်း ကသာ၊
အင်းတော် ၊ ထီးချိုင့်၊ ဗန်းမောက်၊ ကောလင်း၊၀န်းသို၊ ပင်လည်ဘူး
ဒေသများတွင် တောပေါက်ဈေး တမလန်းသစ်များမှာ (၁)တန်လျှင် (၁)
သိန်းခွဲ ဈေးနှုန်းရှိနေသဖြင့် တမလန်း သစ်ခိုးထုတ်မှု စားကျက်နေရာ
အဖြစ် သတ်မှတ်ကာ ခိုးထုတ်သယ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံ
များ အဆိုအရ သိရသည်။
         ယခုလက်ရှိ ဇွန်လအတွင်း ကင်လည်ဘူးမြို့နယ်နှင့် ၀န်းသိုမြို့
နယ်တွင် တမလန်း သစ်ခိုးထုတ်မှုများ ပိုမိုအတင့်ရဲလာပြီး ပင်လည်ဘူး
နယ်မှ တမလန်းသစ်များကို ၀ိသမလောကသားများ လာရောက်ဝယ်ယူ
လျှက် ရှိပြီး ညစဉ်နီးပါး ခိုးထုတ်နေမှုကို စိုင်းလူမင်း-မီဒီယာဂရု HWH
 ဥုံ အင်တာနက်သတင်းများတွင် ရေးသား တင်ပြသည့်အတွက် ၀ိသမ
လောဘသားများသည် ရေးချင်ရာရေး၊ တိုင်ချင်ရာတိုင် ဆိုပြီး မီဒီယာ၏
ဂုဏ်သိက္ခာကို ထိခိုက်လာသည့်အတွက်  စိုင်းလူမင်း-မီဒီယာဂရုမှ
ကောလင်းမြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် မြို့နယ်သစ်တော
 ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်
အရ တမလန်းသစ်များ ဖမ်းဆီးရမိရေးအတွက် ညစဉ် စောင့်ဆိုင်းလျှက်
ရှိသည်။
        ယခုရက်ပိုင်းအတွင်း ပင်လည်ဘူး-၀န်းသို -ကောလင်းလမ်းဆုံ(၅)မိုင်
တွင် ၀န်းသိုသစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းနှစ်ဦးနှင့် ကောလင်းမြို့
နယ် ၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၂)ဦးတို့သည် တမလန်းသစ်
ဖမ်းဆီးရမိရေးအတွက် ညစဉ် စောင့်ဆိုင်းလျှက်ရှိသည့်အတွက် တမလန်း
သစ်ခိုးထုတ်သူများသည် သစ်တောဝန်ထမ်းများပြန်သွားစဉ် မနက်ပိုင်းနှင့်
နေ့လည်ပိုင်းတွင် ၀န်းသိုမြို့နယ်မှ ဖြတ်ကာ ကောလင်း-၀န်းသိုလမ်းခွဲမှ
အသွင်သဏ္ဍာန်ပြောင်း၍ သယ်ဆောင်နေသောကြောင့် တမလန်းသစ်ခိုး
ထုတ်မှုအား ၀န်းသိုမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ၀န်းသို-ကျောက်
တန်းခွဲတွင် တမလန်းသစ်ဖမ်းဆီးရမိရေးအတွက် စိုင်းလူမငိး-မီဒီယာဂရု
နှင့်အတူ ပူးပေါင်းပါဝင်သင့်ပါကြောင်း အကြံပြုလိုပါသည်။
         ယခုအခါ ပင်လည်ဘူး၊ ၀န်းသိုကထွက်သော တမလန်းသစ်များအား
 ဖမ်းဆီးရမိမှု အားနည်းနေသဖြင့် ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက
် ဆိုသည့် စကားပုံ  အစား တမလန်းသစ် ဘယ်ကထွက် ပင်လည်ဘူး၊ ၀န်းသို
ကထွက် ဆိုသည့် စကားပုံမဖြစ်ပေါ်ရေးအတွက် ၀န်းသို၊ပင်လည်ဘူးနယ်မှ
 သစ်တောဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ၀ိုင်းဝန်းထိန်းသိမ်းသင့်ပါသည်။
ကို ဖမ်းဆီးရမိမှု မရှိသေးသောကြောင့် တမလန်းများ စုပုံရာနေရာများနှင့်
တမလန်းသစ်သယ်ဆောင်ရာတွင် ပါဝင်ပတ်သတ်သူများအား ကွင်းဆင်းစုံစမ်း
ကာ ရရှိသည့် သတင်းများအား စိုင်းလူမင်း-မီဒီယာဂရုအနေဖြင့် မြို့ ရဲတပ်ဖွဲ့များ
နှင့် မြို့နယ်သစ်တောဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
                                                         စိုင်းလူမင်း-မီဒီယာဂရု
                                                      Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>
“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
No comments:
Post a Comment