စိုင်းလူမင်း...
ဇွန်(၆)ရက်နေ့ နံနက်(၈)နာရီ အချိန်တွင် ကျရောက်သော
ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးေ
န့ အထိမ်းအမှတ် ပတ်ဝန်းကျင်
ထိန်းသိမ်းရေး သိကောင်းစရာများ ဆွေးနွေးဟောပြောခြင်းကို
ကောလင်းမြို့နယ် ၊ တောင်မော်ကျေးရွာ အလယ်တန်း(ခွဲ)
ကျောင်းတွင်လည်းကောင်း၊ သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် တစ်
အိမ်ထောင် ကျွန်း(၃)ပင် စိုက်ပျိုးခြင်းကို တောင်ပေါ်ကျေးရွာတွင်
အိမ်ထောင်စု (၂၉၉)စုအတွက် ကျွန်းပျိုးပင် (၈၉၇) ပင်အား
ကျေးရွာ အုပ်ချုပ်ရေးမှူး ၊ဆယ်အိမ်မှူးများနှင့် ပူးပေါင်း၍ ဒေသ
ခံပြည်သူများ၊ ကျောင်းဆရာ/ဆရာမများ၊ အလယ်တန်းအဆင့်
ကျောင်းသား/သူများ၊ ကျေးရွာကြက်ခြေနီနှင့် အရံမီးသတ်များ၊
အင်အား(၂၅၀)ဦးနှင့် ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ
ဝန်ထမ်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တောင်မော်ကျေးရွာ အလယ်တန်း (ခွဲ) ကျောင်း
တွင် အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၉၀)အား ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် ပတ်သတ်သည့် ဥာဏ်စမ်းမေးခွန်းများ မေးခွန်းများ
မေးမြန်းပြီး ဖြေဆိုနိုင်သူ (၅)ဦးအား ဆုငွေများ ချီးမြှင့်ပေးခြင်း ဆောင်
ရွက်ခဲ့ကာ"ကမ္ဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့" အထိမ်းအမှတ် ဆိုင်း
ဘုတ်အား ကောလင်းမြို့နယ်၊ တောင်မော်ကျေးရွာ ကောလင်း-၀န်းသို
လမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။
စိုင်းလူမင်း၊မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment