For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 12 June 2014

ကောလင်းမြို့နယ် အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ရေစိမ်ခေါက်ဆွဲများ ဈေးကွက်ကျယ်ပြန့်စွာရောင်းချနေရ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
      စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် ဆန်စပါး
ထွက်ကုန်တစ်ခုဖြစ်သော အိမ်တွင်းစီးပွားရေး လုပ်ငန်းသည်
အခြေခံစီးပွားရေးအဖြစ် အောင်မြင်ဖြစ်ထွန်းလာခဲ့ရာ
ကောလင်းမြို့ပေါ်ရှိ ရေစိမ်ခေါက်ဆွဲ စက်ရုံ(၁၀)ခုမှ နေ့စဉ်
ထုတ်လုပ်လျှက်ရှိပြီး ရေစိမ်ခေါက်ဆွဲများကို မြန်မာ့မီးရထားကို
အမှီပြု၍  ကချင်ပြည်နယ်၊ မြစ်ကြီးနား၊မိုးကောင်း၊ဟိုပင်၊
ဗန်းမော်၊ ရွှေကူနှင့်စစ်ကိုင်းတိုင်းေ
ဒသကြီး အထက်ပိုင်း ကသာ၊
ထီးချိုင့် ၊အင်းတော် ၊ဗန်းမောက်နှင့် ကန့်ဘလူမြို့နယ်၊
ထန်းကုန်း၊ကျွန်းလှမြို့များသို့ စီးပွားဖြစ် တွင်တွင်ကျယ်ကျယ်
 ရောင်းချနေလျှက်ရှိသည်။
ရေစိမ်ခေါက်ဆွဲထုတ်လုပ်မှုနှင့်ပတ်သတ်၍  ဒေသထွက် စောရှုပ်
ဆန်ကို ကြွေပြားခင်း ရေကန်တွင် ရေစိမ်ပြီး ရေကိုစစ်ယူ၍
မုန့်နှစ်ခဲများဖြစ်အောင် ပြုလုပ်သည့်အတွက် ဈေးတွင် ရောင်းချ
နေသော မုန့်တီ၊ မုန့်ဖတ်များကဲ့သို့ အပုပ်စိမ်ရန်မလိုသည့်
အတွက်ဘေးထွက်ဆိုးကျိုးကင်းသည်ဟု သိရှိရပြီး စက်ရုံတွင် (၄)
ပြည်ဆံ့သော ဆန်ကို မြင်းကောင်ရေ (၂၂)ကောင်အားရှိ တရုတ်
နိုင်ငံထုတ်စက်များဖြင့် မုန့်ညင်းအိုး အသုံးပြု၍ ၎င်းပျော့ဖတ်များ
ကို ခေက်ဆွဲနန်းကြိတ်စက်များဖြင့်လည်းကောင်း၊ ဆန်ဖွတ်ခုံ၊ ဆန်
ကြိတ်ခုံတို့ဖြင့်လည်းကောင်း အဆင့်ဆင့်ပြုလုပ်ပြီး ရေစိမ်ခေါက်ဆွဲ
ကို မရမှီ ပျော့ဖတ်ဆန်များကို ဒလိမ့်တုံးမှ ရပြီး မုန့်ဖတ်များကို
နေလှမ်းရသည်ဟု ကောလင်းမြို့ အိမ်တွင်းစီးပွားရေး လုပ်ငန်း
တစ်ခုဖြစ်သော ဈေးကွက်ကျယ်ပြန့်စွာ စံပြအဖြစ် ရောင်း
နေရသော "  ရတနာခေါက်ဆွဲစက်  "ပိုင်ရှင် ဒေါ်မွှေမွှေးမှ ရှင်း
လင်းပြောကြသည်။
      ရေစိမ်ခေါက်ဆွဲ လုပ်တယ်ဆိုတာ ပတ်ဝန်းကျင် အိမ်တွေကို
 ကျန်းမာရေး မထိခိုက်အောင် ဆောင်ရွက်ဖို့လဲ လိုပါတယ်။ ဆန်ကို
ရေစိမ်တဲ့အခါ ဆန်ဆေးရေနဲ့ ဆန်ကို ကြိတ်စက်နှင့် ကြိတ်ပြီး အရေ
ညစ်လို့ထွက်တဲ့ ဆန်ဆေးရည်တို့ဟာ (၂)ရက်၊ (၃)ရက် မစွန့်ပြစ်ရင်
 အနံ့ထွက်ပြီး ဘေးပတ်ဝန်းကျင်အိမ်တွေလည်း ကျန်းမာရေးထိခိုက်
နိုင်ပါတယ်။အဲ့ဒါကြောင့် စွန့်ပြစ် ဆန်ဆေးရည်တို့ကို ရပ်ကွက်ထဲမှာရှိ
တဲ့ ၀က်မွေးမြူသူ၊နွားမွေးမြူသူတွေက ၀က်တွေ ၊နွားတွေကြီးထွား
တယ်ဆိုပြီး နေ့စဉ်လာရောက် သယ်ယူကြတော့ စက်ရုံမှာ အမြဲသန့်
ရှင်းနေတာပါပဲဟု အထက်ပါ ဒေါ်မွှေးမွှေးမှ ရှင်းလင်းပြောကြသည်။
      အဆိုပါ ရေစိမ်ခေါက်ဆွဲထုတ်များအား အကြီး (၂၃)ကျပ်သားပါ
(၁)ထုပ်ကို လက်ကားဈေး(၂၇၀)ကျပ်၊ လက်လီဈေး (၃၀၀)ကျပ်၊
အလတ်(၁၅)ကျပ်သားပါ(၁)ထုပ်ကိုလက်ကားဈေး(၁၇၀)ကျပ်၊လက်လီ
ဈေး၂၀၀ကျပ်၊ အသေး(၁၀)ကျပ်သား(၁)ထုပ်ကိုလက်ကားဈေး(၁၁၀)
ကျပ်၊ လက်လီဈေး(၁၂၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိပြီး အဆိုပါ ရေစိမ်
ခေါက်ဆွဲခြောက်များအား အကြီး ၊အသေး၊အလတ်(၃)မျိုးကို ဂျပ်စက္ကူ
ဖာများဖြင့်လည်းကောင်း၊ဆာလာအိတ်များဖြင့်လည်းကောင်း သေသပ်
စွာ ထုပ်ပိုးပြီး ရောင်းချလျှက်ရှိရာ ထိုရေစိမ်ခေါက်ဆွဲခြောက်များသည်
နှစ်ရှည်စွာ အထားခံပြီး မှိုတက်ခြင်း၊ အာနိသင်လျော့ခြင်း မရှိသော
ကြောင့် လူမျိုး/ဘာသာ မရွေး ၀ယ်ယူစားသုံးကြသည့်အတွက် ဈေး
ကွက်တွင် ကျယ်ပြန့်စွာ ရောင်းချနေလျှက်ရှိသည်ဟု သိရသည်။
                                            စိုင်းလူမင်း၊မီဒီယာဂရု
                                               Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment