မကွေး ဇွန် ၉
မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီးသည် မကွေးမြို့ဒေသခံပြည်သူများအပြင်
အခြားမြို့နယ်မှပြည်သူများလည်း
ကျန်းမာရေးကိစ္စများကို
ကုသရန်အတွက်အဓိကအားထား၍ကုသစေနိုင်ရန် နိုင်ငံတော်ကလိုအပ်သော စက်ကိရိယာပစ္စည်းများ
လူနာတင်ယာဉ်နှင့်ဆေးရုံကြီး၏လိုအပ်ချက်များကိုပြည့်စုံစေရန်ပံပိုးပေးလျှက်ရှိကြောင်းသိရသည်။
တချို့သောကုမ္မဏီများက
လည်းဆေးရုံတက်၍ကုသမှုခံယူကြသည့်လူနာများအတွက်ဆေးဝါးများကိုပံပိုးလှူဒါန်းကြကြောင်းသိရသည်။
နိုင်ငံတော်မှအများပြည်သူတို့၏ကျန်းမာရေးကိစ္စအဝဝအတွက်
ပံပိုးပေးလျှက်ရှိသောတိုင်းပြည်သူ့ဆေးရုံကြီးသည်တချို့
သောကျန်းမားရေးဝန်ထမ်းများ
အကျင့်ပျက်၍ကိုယ်ကျိုးစီးပွားရှာနေခြင်းများကြောင့် တိုင်းပြည် သူတို့ဆေးရုံကြီဟုခေါ်စမှတ်
ပြုနေကြသည်။
နေ့စားဖြင့်ခံထားသည့်သန့်ရှင်းရေးဝန်ထမ်းအများစုမှာလည်းမိသားစုများ၏စားရေး ဝတ်ရေး သားသမီးများ၏
ပညာရေးကိစ္စများဖြင့်အလုပ်ရှုပ်နေခြင်းများကြောင့်ဆေးရုံကြီးသည်အနံ့အသက်ပေါင်းစုံထွက်နေသလို
ကျင်ကြီး ကျင်ငယ်စွန့်
ရန်မိလ္လာခန်းများမှာလည်းကျင်ကြီးကျင်ငယ်များဖြင့်
ရေကူးကန်သဖွယ်ဖြစ်နေကြောင်းလူနာစောင့်များကပြောပြသည်။
"ကျန်းမာရေကိစ္စအတွက်ဆေးကုသမှုခံရန်အရေးပေါ်ဌာနရောက်သည်နဲ့
စာရွက်စာတမ်းကြေးလေးရာကျပ်သွင်းရတယ်။
အနှုပ်မပါလို့တစ်ထောင်တန်ပေးတော့ပြန်အမ်းဖို့အကြွေမရှိဘူးနောက်မှလာယူပြောပြီးယူထားလိုက်တယ်။
သရက်ပင်အောက်က
ဆိုင်ကယ်ကယ်ရီဆွဲတဲ့ကောင်လေးတစ်ယောက်ကစာရွက်စာတန်တွေနဲ့ဆေးရုံပေါ်လိုက်ပို့တယ်။
နောက်မှသိရတာကဆေးရုံဝန်ထမ်းတဲ့။ဆရာဝန်တွေကလည်းလူနာကြည့်တာ
စမ်းသပ်ပြီးမေးခွန်းပေါင်းစုံဖြေရတာနဲ့
ဘာဆေးမှမသောက်ရပဲလေးဆယ့်ငါးမိနစ်တစ်နာကြာတော့ဆေးကုဖို့လာတဲ့လူနာ
နေရာမရခင်သေရမလိုဖြစ်နေတယ်။
ဆေးရုံကလည်းဂွမ်းအစ အပ်အဆုံးအကုန်လုံးဝယ်
ရတယ်။ငွေကြေးရှိတဲ့သူအဖို့မပူရပေမဲ့ဆင်းရဲသားတွေဘယ်လိုကုသမလဲ။"ဟု၎င်းကဆက်ပြောပြသည်။
မကွေးတိုင်ဒေကြီးပြည်သူ့ဆေးရုံကြီးကိုငဖဲမြို့နယ်ချင်းရွာများ
ကမ္မသရက် စေတုတ္တရာ စလင်း ပွင့်ဖြူမြိုနယ်ရှိကျေးရွာဒေသခံ
များဆေးကုသရနလာကြသည့် အပြင်တောင်တွင်းကြီး မြို့သစ်မြို့နယ်ရှိကျေးရွာဒေသခံများလည်းဆေးကုသမှုပြုလုပ်ရန်
လာကြကြောင်းသိရသည်။
မောင်မေတ္တာမိုး
No comments:
Post a Comment