For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Monday 9 June 2014

ကမ္ဘာရွာလေးလှစေဖို့ သစ်ပင်စိုက်ကျစို့(စိုင်းလူမင်းရေးသားသည်) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
     ယနေ့ ကျွန်တောတို့ ကမ္ဘာ့ ရွာကလေးသည် သစ်ပင်များ များစွာလိုအပ်
လျှက်ရှိသည်။ အပင်တစ်ပင်၏ ကျေးဇူးကြီးမားပုံကို ပုံမှန်ရာသီဥတုအနေ
အထားအရ မသိနိုင်သော်လည်း ယမန်နှစ်က နွေရာသီ၏ ပူပြင်းလှသော
အပူဒဏ်ကို ခံစားရမှသာလျှင် သစ်ပင်တို့၏ ကျေးဇူးသည် ကြီးမားလှကြောင်း
သိလိုက်ရသည်။ ယနေ့အချိန်ခါတွင် သစ်ပင်များသည် ကျွန်တော်တို့ အသက်
ရှင် ရပ်တည်ရန်၊ လေကောင်းလေသန့်ရရှိရန် ကမ္ဘာ့ ရွာလေး သာယာလှပရန်
အတွက် အရေးကြီးသော ကွက်လပ်တစ်ခုဖြစ်လာသည်။
ပြီးခဲ့သောနွေရာသီနှင့် ယခုနှစ်နွေရာသီတွင် ပြင်းထန်သော အပူဒဏ်
ကို ခံစားလိုက်ရခြင်းသည် ပူနွေးသော ကမ္ဘာကြီးကို ကာကွယ်ရန်အတွက် ရရှိ
လိုက်သော သင်ခန်းစာ တစ်ခုပင်ဖြစ်သည်။ အပူဒဏ်ကိုခေတ္တခဏ သက်သာ
ရရှိစေရန် လေအေးပေးစက်၊လေပန်ကာ၊ အဲယားကွန်းစသည်တို့နှင့် ခေတ္တ
ဖြေသိမ့်၍ ရသော်လည်း သဘာဝ၏ ဖောက်ပြန်မှုကို မည်သို့မျှ အန်တုကာ
ဖြေသိမ့်ဟန့်တား၍ ရမည်မဟုတ်ပေ။
သဘာဝအလျှောက်ဖြစ်ပေါ်လာစော ဆိုးကျိုးများကို အတိုင်းအတာတစ်ခု
ထိသာ ကာကွယ်တားဆီး နိုင်မည်ဖြစ်သည် ။ဥပမာ-မုန်တိုင်းတစ်ခုကျရောက်
နေလျှင် ၎င်းမုန်တိုင်းကို ဟန့်တား၍ မရပေ။သို့သော် မုန်တိုင်းကို မပေါ်ပေါက်
ရန် ကြိုတင်ကာကွယ်တားဆီးနိုင်သည့် နည်းလမ်းများစွားရှိသည်။ ဆေးပညာ
နည်းအရဆိုသေည် ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပို၍ ထိရောက်
ပါသည်။
        သဘာဝဘေးအန္တရာယ် အရသာကာကွယ်မည်ဆိုလျှင် ပို၍ကောင်းပေမည်။
အချို့သောနိုင်ငံများတွင် မုန်တိုင်းများကျရောက်ခြင်း ၊ရေကြီးခြင်း၊ မြေပြိုခြင်း၊
စသော သဘာဝဘေးအန္တရာယ်၏ အဓိကသော့ချက်သည် သစ်တောသစ်ပင်များ
ဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။
သစ်တော သစ်ပင်တို့ပြုန်းသွားခြင်းကြောင့် သစ်
ပင်များမှ ရေငွေ့ပျံတက်မှုနည်းသွားသဖြင့် ပတ်ဝန်းကျင်၌ အအေးဓာတ်လျော့
နည်းကာ အချိန်ကာလကြာမြင့်လာသည်နှင့် အမျှ မိုးခေါင်မှုများ ဖြစ်လာသည်။
၁၉၉၂ခုနှစ် မိုးရာသီကာလတွင် ထိုင်းနိုင်ငံတောင်ပိုင်း(ကျွန်းဆွယ်ပိုင်း)
တွင် တောပြုန်းနေသော တောင်များပြုကျသဖြင့် ကျေးရွာအချို့ မြေဖုံးခံခဲ့ရသည်။
ထို့နောက် ၁၉၉၇ ခုနှစ်တွင် တရုတ်နိုင်ငံအလယ်ပိုင်း ယန်စီမြစ်ဝှမ်းတွင် ကြီးမား
သောရေကြီးမှု (၂)လခန့် ဖြစ်ပွား၍ လူဦးရေ(၂၀၀၀)ခန့် သေဆုံးခဲ့ရပြီး သန်းနဲ့
ချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ကို လေ့လာသိရှိရသည်။ ယင်းဖြစ်ရပ်များသည်
သစ်တောပြုန်းတီးသွားခြင်း၏ ရလဒ်များ ပင်ဖြစ်ပါသည်။ သစ်တောပြုန်းတီးခြင်း
ကြောင့် မိုးခေါင်မှု မြေဆီလွှာတိုက်ခံရမှု၊ ရေကြီးမှု၊ မြေပြိုမှု၊ တောရိုင်းတိရစ္ဆာန်များ
စားကျက်များဆုံးရှုံးမှု ၊ ဆေးဖက်ဝင်အပင်များဆုံးရှုံးမှု၊ တောတောင်ဒေသများ
ဆုံးရှုံးမှု စာသော ဆိုးကျိုးများကို ရရှိခြင်းဖြစ်ပါသည်။
       အဆိုပါ ဖြစ်ရပ်များကို လေ့လာကြည့်ခြင်းအားဖြင့် သစ်တောသစ်ပင်တို့သည်
လူသားတို့အတွက် လွန်စွာမှ အရေးပါလှကြောင်း သိသာထင်ရှားလှပါသည်။
ကောလင်း သစ်တောဦးစီးဌာန၏ ရွှေဘို-မြစ်ကြီးနားသွားရာ ကားလမ်းမကြီး
တစ်လျှောက်ဘေးရှိ သစ်တောစိုက်ခင်းများတွင် "ဥတုရာသီ တောကိုမှီ "
" တောတောင်စိမ်းမှ စမ်းရေရ " " ပန်းမန်သစ်ပငလေသန့်စင် " စသော
လင်္ကာဆောင်ပုဒ်လေးများကို ဖတ်ရှုရပါသည်။ထို့ကြောင့်ပူနွေးလာသော ကမ္ဘာကြီး
ကို ကာကွယ်စောင့်ရှောက်ရန်အတွက် သတိပေးနိုးဆော် နေသည်။ ကမ္ဘာပေါ်ရှိ
ကုန်ဆုံးခဲ့ပြီးသော အပင်များ ပြန်လည် အစားထိုးစိုက်ပျိုးရန်မှာ ကမ္ဘာပေါ်ရှိနေထိုင်
ကြသော လူသားအားလုံး၌ တာဝန်ရှိသည်။
ကျွန်တော်တို့လူသားများသည် သဘာဝပတ်ဝန်းကျင်ကိုမှီ၍ အသက်ရှင်နေရ
သည်ဟု ဆိုလျှင် မှားမည်မဟုတ်ပေ။" ကျေးငှက်သားရဲ တောမှာမြဲ "ဆိုသကဲ့သို့
သစ်တောသစ်ပင်တို့သည် လူသားတွေအတွက် သာဓက ကျေးငှက်များနှင့်
မျိုးသုဉ်းပျောက်ကွယ်လုနီးဖြစ်နေသော တောတွင်း တိရစ္ဆာန်တို့၏ မှီခိုအားထားရာ
လည်းဖြစ်သည်။ သဘာပတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်ပေသည်။
သို့ပါသောကြောင့် မဆင်မခြင်ခုတ်ခြင်း၊ စည်းကမ်းမဲ့တောမီးရှို့ခြင်းများကို
ကာကွယ်ထိန်းသိမ်းသင့်သလို ကုန်ဆုံးသွားသော သစ်ပင်တို့၏ နေရာတွင် အစားထိုး
အပင်များ ပြန်လည်စိုက်ပျိုးသင့်သည်။မိုးလေ၀သရာသီဥတု ပုံမှန်ဖြစ်စေရန် လူသားတို့
၏ ကျန်းမာရေးကို အထောက်အကူပြုစေရန် သဘာဝဘေးအန္တရာယ်တို့၏ ဘေးမှ
ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်ကို
လိုအပ်သည်။
ကောလင်းမြို့နယ်တွင် ယခင်နှစ်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့
အထိမ်းအမှတ်အဖြစ် ဇွန်လ(၅)ရက်နေ့က ကုက္ကိုကုန်းကျေးရွာရှိ ဘက်စုံသုံးကျေး
ရွာပိုင်စိုက်ခင်း (၃)ဧကကို ကျွန်း(၅၀၀)ပင်၊ ပျဉ်းကတိုး(၃၀၀)ပင်၊ မဟော်ဂနီ(၁၀၀၀)
ပင်၊စုစုပေါင်း (၁၈၀၀)ပင်တို့ကို သစ်တောဦးစီးဌာနနှင့် ပညာရေး၊လျှပ်စစ်ဌာန ဒေသခံ
ပြည်သူများ ပူးပေါင်းပါဝင် စိုက်ပျိုးလာခဲ့ကြသည်။
ယခုနှစ်(၅.၆.၂၀၁၄) ရက်နေ့တွင် ကျရောက်သော ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်း
ရေးနေ့တွင်လည်း တောင်မော်ကျေးရွာတွင် အိမ်ထောင်စု(၂၉၉)စုအတွက်ကျွန်းပျိုးပင်
(၈၉၇)ပင်ကို ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးများနှင့် ပူးပေါင်း၍ ကျေးရွာသူ
ကျေးရွာသားများ၊ ကောလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၀န်ထမ်းများ စုပေါင်းစိုက်ပျိုး
ခဲ့ကြသည်။
     ထို့ကြောင့် ကောလင်းမြို့နယ်တွင် သစ်တောကြိုးဝိုင်း(၁၂)ခု၊ ကြိုးပြင်ကာကွယ်
တော(၁၀)ခု၊ သစ်တောဖုံးလွမ်းမှုဧရိယာ (၆၁.၇၅)% ရှိပြီး သစ်တောများ၏ သဘာဝ
အလျှောက် ဓမ္မတာမျိုးဆက်ခြင်း၊ ပ၀တ္တိမျိုးခြင်း ကောင်းမွန်လာသဖြင့် သစ်တောများ
ပြန်လည်ပြုစုပျိုးထောင်ရေးး လုပ်ငန်းများသည်လည်း အောင်မြင်တိုးတက်လာနိုင်ဖွယ်ရာ
တွေ့ရသည်။
သို့ဖြစ်၍ ကမ္ဘာတစ်ဝန်းလုံး စိမ်းလန်းစိုပြေလာစေရန်နှင့် ကောလင်းမြို့နယ်အတွင်း
ယခုနှစ်မိုးရာသီတွင် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို သစ်တောမူဝါဒ (၆) ချက်တွင်
ပါဝင်သော ပြည်သူတို့က ပူးပေါင်းပါဝင်လာစေခြင်း (PARTICIPAION) ဖော်ပြချက်နှင့်
အညီ သစ်တော ချစ်သူများ ပြည်သူများ အနေဖြင့် လူတစ်ဦးလျှင် နှစ်ရှည်ပင် (၁၀) ပင်မျှ
စိုက်ပျိုးသင့်သလို ရှင်သန်ဆဲ အပင်တို့ကိုလည်း ရေရည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်း
သင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
စိုင်းလူမင်း၊မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။



No comments:

Post a Comment