ကချင်ပြည်နယ်မိုးညှင်းမြို့နယ်ဆယ်မိုင်ကျေးရွာတွင်
ဒေသခံလယ်သမားများလယ်ယာဝင်ချိန်ရောက်ရှိ
နေပြီဖြစ်သော်လည်း
ဆယ်မိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လေးသည်ရွာသားများကိုနေ့စဉ်အလှည့်ကျကျား/မ
မရွေးနေ့နှင့်ညတွေမှာအဓမ္မကင်းစောင့်ခိုင်းပြီးရွာအတွင်းရှိ
ကားလမ်းမကြီးသို့ဖြတ်လာသည့်ကားများထံမှအလှူခံငွေ
ကောက်နေကြသည်၊ဂိတ်ကင်းမစောင့်နိုင်သူများကလူစားထိုးငှားရမ်းခကို
အနည်းဆုံး၅ထောင်ကျပ်ပေးဆောင်ကြရပါသည်၊
ဂိတ်ကင်းကို၎.၂.၂၀၁၃နေ့မှစတင်ပြီး
နေ့စဉ်ကင်းစောင့်၍ငွေကောက်အလှူခံခဲ့ကြရာ
အစပိုင်း၂လအကြာတွင်တစ်ရက်ဝင်
ငွေပျမ်းမျှ၃သိန်းခန့်ရရှိခဲ့သည်။၂လနောက်ပိုင်းယခုချိန်အထိနေ့စဉ်တစ်ရက်ဝင်ငွေ
ပျမ်းမျှ၁သိန်းခွဲနှင့်၂သိန်းကြားရှိခဲ့သော်လည်း
စာရင်းရှင်းတမ်းများပြုလုပ်ပေးခြင်းမရှိခဲ့ပါ၊ ၎င်းရငွေထဲကလမ်းကြောကိ်ုအနည်းငယ်သာပြင်ပြီး
ကျေးရွာအတွက်
အရေးတကြီးမလိုအပ်သေးသော
အခန်း၄၀ပါသောဈေးဆိုင်ခန်းရှည်ကြီးအားမိမိလုပ်ငန်းအောင်မြင်ရေးအတွက် aကျေးရွာပြည်ခိုင်ဖြိုးပါတီ၏ရုံးမြေနေရာဝင်း
အတွင်းထိဝင်ရောက်ကာဆောက်လုပ်နေခဲ့ပါသည်၊၎င်းဈေးဆိုင်ခန်းအတွက်မိမိ၏ပျဉ်ရောင်းရလိုမှုဖြင့်သာ
ခွဲသားပျဉ်များကို
အခြားသူများအားတင်သွင်းခွင့်မပြုဘဲဦးအောင်လေးတစ်ဦးတည်းသာကန်ထရိုက်စနစ်ဖြင့်သွင်းခဲ့ပါသည်။
ကျေးရွာတွင်အဓိကလိုအပ်ချက်မှာ
အလကအစိုးရပညာရေးကျောင်းဆရာမများ၏၀န်ထမ်းအိမ်ယာမလုံလောက်သော
ကြောင့်တည်ဆောက်ပေးရန်ပြောခဲ့သော်လည်းဆောက်လုပ်ပေးခြင်းမရှိသေးပါ၊
ဆရာမနေအိမ်ခြံစည်းရိုးအတွက်ငွေ
ကောက်ပြီးသော်လည်းကာရံပေးခြင်းမရှိပါ၊အစိုးရကျောင်းဖွင့်နေပြီဖြစ်၍ကျောင်းပညာရေးနှင့်
ပတ်သက်သောအစည်းဝေး
ဖိတ်ကြားသော်လည်းယခုချိန်အထိ
ဦးအောင်လေးမှတက်ရောက်ခြင်းမရှိသေးသဖြင့် လုပ်ငန်းများနှောင့်နှေးနေရပါသည်။
ဇွန်လ၇နေ့ရွာလုံးကျွတ်အစည်းဝေးတွင်ကျေးရွာလယ်ယာမြေ၊အိမ်မြေများနှင့်
ပါတ်သက်သောရောင်းဝယ်မှုများအား
ဦးအောင်လေးမသိဘဲလုပ်ဆောင်ပါကကျွန်တော့်ကိုအဆိုးမဆိုနဲ့ဟုကြိမ်းဝါးနေပါသည်
၊ပြည်နယ်အစိုးရမှပြည်သူများကို
၁၅၀၀တန်ဖုန်းများခွဲတန်းချမဲနိုက်ပေးစဉ်မဲပေါက်သူများထံ
ဦးအောင်လေးမှကျပ်၁သောင်းစီကောက်ခံခဲ့ပါသည်၊
ထိုသို့သောအကြောင်းများသည်ဆယ်မိုင်ကျေးရွာပညာရေးနှင့်ပြည်သူများ၏တိုးတက်မှု
အားနှောင့်နှေးစေသလိုများစွာ
ထိခိုက်နှစ်နှာမှုရှိနေသဖြင့်သက်ဆိုင်ရာမှကျေးရွာအုပ်ချုပ်ရေးမှူးအားစစ်ဆေးပြီး
ပြောင်းလဲပေးပါရန်ရွာသားများမှ
လိုလားနေပါသည်။
No comments:
Post a Comment