For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 7 June 2014

တစ်နှစ် သိန်း၈၀၀ အခွန်ရရှိပြီး တရားဝင်မြို့ဝင်ကြေးကောက်ခံလျှက်ရှိသော ဆင်ဖြူကျွန်းမြို့အား ကျေးရွာအဆင့်သတ်မှတ်မှုကို မြို့ခံများကန့်ကွက် ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”



တစ်နှစ် သိန်း၈၀၀ အခွန်ရရှိပြီး တရားဝင်မြို့ဝင်ကြေးကောက်ခံလျှက်ရှိသော
ဆင်ဖြူကျွန်းမြို့အား ကျေးရွာအဆင့်သတ်မှတ်မှုကို
မြို့ခံများကန့်ကွက်


မကွေး     မေ    

   မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းဝင် မျိုးချစ်ပုဂ္ဂိုလ်ကြီးများပေါ်ထွက်ခဲ့ပြီး၊ရှေးယခင်အင်္ဂလိပ်အစိုးရလက်ထက်ကတည်းကပင် မြို့အ ဖြစ် သတ်မှတ်ခံခဲ့ရသော ပြည်တွင်းစားသောက်ကုန်များ အများဆုံးတင်ပို့နေသည့်ဆင်ဖြူကျွန်းမြို့ကို ကျေးရွာအုပ်စုအဆင့်လျှော့ချခဲ့ပြီး၊ အခွန်ကောက်ခံရာတွင် မြို့အဆင့်သတ်မှတ်၍ တရားဝင်ကောက်ခံနေမှုကို ဒေသခံများကအတည်မပြုပဲ ကန့်ကွက်ကြောင်း မြို့ခံခေါင်း ဆောင်တစ်ဦးဖြစ်သူ မြို့ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးဆန်းလွင်က မေလ(၅)ရက်နေ့၊နံနက်(၈:၃၀)ခန့်တွင် မကွေးမြို့ ဗိုလ်ချုပ်လမ်း နှင့် ပြည်တော်သာလမ်းထောင့်ရှိ မြို့လယ်လက်ဖက်ရည်ဆိုင်တွင် မကွေးမြို့ခံမီဒီယာများကို ဖိတ်ခေါ်၍ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
   ''အင်္ဂလိပ်လက်ထက်ကတည်းက မြန်မာနိုင်ငံရဲ့အဓိကလမ်းကြောင်းအဖြစ်သတ်မှတ်ထားပြီး မြို့အဖြစ်လည်း အသိအမှတ်ပြုခဲ့ပါ တယ်။မြို့မြေပုံလည်းတရားဝင်ရှိတယ်။မြို့ထပ်ချဲ့ဖို့လည်း မြို့အနောက်ဘက် နွယ်တမယ်ကျေးရွာအုပ်စုဘက်မှာ မြေနေရာတွေရှိတယ်။ စလင်းမြို့နယ်ရဲ့တွဲဖက်မြို့နယ်အဖြစ်သတ်မှတ်ခဲ့တဲ့ ဆင်ဖြူကျွန်းမြို့ကို ၂၀၁၀ခုနှစ်ရွေးကောက်ပွဲအပြီးမှာ ကျေးရွာအုပ်စုအဆင့်လျှော့ချခဲ့ တာကို မြို့ခံလူထုက လုံးဝကန့်ကွက်တယ်။ကျွန်တော်တို့မြို့မှာ အစိုးရမြို့နယ်ရုံးတွေလည်းရှိတယ်။ဆေးရုံနဲ့ မီးသတ်ဌာနတွေကိုလည်း ကိုယ်ထူကိုယ်ထ ထူထောင်ထားတာရှိတယ်။မြို့အဆင့်ဆိုတာ အရင်ကတည်းကရှိပြီးသားပါ။မြို့အဆင့်ထပ်မံတိုးမြှင့်မယ်မယ်ဆိုရင် မြို့အ နောက်ဘက်မှာ မြေနေရာတွေအများကြီးရှိတယ်။ရုံးဌာနအဆောက်အဦးတွေအတွက် မြေနေရာကိုလည်း မြို့ခံတွေကပေးအပ်မယ်ဆို တာ ကတိပြုထားတယ်။တစ်နိုင်ငံလုံးက ဆင်ဖြူကျွန်းမြို့ကို မီးဖိုချောင်ဟင်းအိုးကြီးအဖြစ်အသိအမှတ်ပြုထားပေမယ့် အခုအချိန်မှာ ကျေး ရွာအုပ်စုအဆင့်ကလေးအဖြစ် ဆိုင်းဘုတ်တွေကပ်ထားတာကို လက်မခံနိုင်ဘူး။ပြီးတော့မြို့ရဲ့ တစ်နှစ်အခွန်ငွေကျပ်က သိန်း(၈၀၀)ခန့်ရှိ တယ်။ကျေးရွာအဆင့်လျှော့ချထားပေမယ့် စည်ပင်အခွန်ပေးရတာတွေ၊မြို့ဝင်ကြေးအတိအကျကောက်ခံတာတွေရှိတယ်။ဒါတွေက အ ပြောတစ်မျိုး အလုပ်တစ်မျိုးဖြစ်နေတယ်။''- ဟုမြို့ခံခေါင်းဆောင်တစ်ဦးဖြစ်သော မြို့ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးဆန်းလွင်ကပြော ကြားသည်။
   ထို့နောက် ဆင်ဖြူကျွန်းဒေသခံမြို့ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူး ဦးတင်စိုးက ဆင်ဖြူကျွန်းကျေးရွာအုပ်စုဟု သတ်မှတ် အမည်ပေးထားသော်လည်း စလင်းမြို့အဝင်တွင် ဆိုင်ကယ်တစ်စီးကို ငွေကျပ်(၁၀၀)ပေးရပြီး ဘီးခွန်ဖြတ်ပိုင်းတွင် ဆင်ဖြူကျွန်း မြို့ဝင်ကြေးအဖြစ် အတိအကျကောက်ခံနေကြောင်း၊ဒေသခံများ၏ လုပ်အားခနှင့်နှိုင်းယှဉ်ပါက အလွန်များပြားပြီး စည်းမျဉ်းဥပဒေများနှင့် ညီညွတ်မှုမရှိကြောင်း၊စလင်းမြို့နယ်ထဲတွင်ထည့်သွင်းထားသော ဆင်ဖြူကျွန်းကျေးရွာအုပ်စုကို မြို့အဆင့်ပြန်လည်တိုးမြင့်နိုင်ရေးကို  နိုင်ငံတော်သမ္မတကြီးနှင့် နိုင်ငံတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ထံသို့ အဆင့်ဆင့်တင်ပြထားကြောင်း ပြောပြသည်။ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ(၁၄)တွင် ဒေသဆိုင်ရာကျေးရွာ၊ကျေးရွာအုပ်စု၊မြို့၊မြို့နယ်များ အဆင့်တိုးမြင့်လိုပါက ဒေသဆိုင်ရာ ပြည်နယ်နှင့် တိုင်း ဒေသကြီးများ၏ ဝန်ကြီးချုပ်များက အဆင့်တိုးမြင့်နိုင်ရန် နိုင်ငံတော်သမ္မတထံ တင်ပြအတည်ပြုနိုင်ကြောင်း၊ဆင်ဖြူကျွန်းမြို့သည် ပြည် တွင်းစားကုန်များနှင့် ပြည်ပပို့ကုန်များ ထွက်ရှိရာမြို့ဖြစ်ပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှုဖွံ့ဖြိုးကြောင်း၊တစ်မြို့လုံးနီးပါး အုပ်ဘိလပ်မြေ ဖြင့် ဆောက်လုပ်ထားသော တိုက်တာအဆောက်အအုံအများအပြားရှိပြီး ယခင်မြို့နယ်ခွဲအဖြစ် သတ်မှတ်ခဲ့စဉ်က ဆင်ဖြူကျွန်းမြို့ဟု ရေး သားထားသော မီးသတ်ဌာနပင် ယခုအချိန်ထိရှိနေသေးကြောင်းလည်း သိရှိရသည်။
ကျော်စွာ(မကွေး)  


>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

  

No comments:

Post a Comment