ငွေအိုး(ကသာ)
စစ်ကိုင်းတိုင်းဒေသကြီး ၊ကသာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး
စိုးမြင့်၏ မူးယစ်ဆေးဝါးများ အမြဲမပြတ် ဖမ်းဆီးရေးညွှန်ကြားချက်အရ
ထီးချိုင့်မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး စောမောင်နှင့် အဖွဲ့သည် သတင်းအရ
သက်သေများနှင့်အတူ ကုက္ကိုကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီးတွင် ဇွန်လ
(၄)ရက်နေ့ ညနေပိုင်းက ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် ရွာထဲမှ မသင်္ကာ
ဖွယ်လူတစ်ဦးထွက်ရှိလာ၍ ရှာဖွေစစ်ဆေးခဲ့ရာ ရဲနိုင်ထွန်း (ခ)မွတ်တား၏
ပုဆိုးခါးပုံစ အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၈၀)ပြား သိမ်းဆည်းရမိ
ခဲ့ကြောင်း သတင်းရရှိသည်။
ရဲနိုင်ထွန်း(ခ)မွတ်တား၏ ထွက်ဆိုချက်အရ ဗန်းမော်မြို့နယ် ၊
ကောင်းလွင်ကျေးရွာနေ ချစ်မင်းခိုင် ဆိုသူက ထီးချိုင့်မြို့နယ်၊ အင်ကြင်း
ကုန်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရောင်းချခိုင်းသောကြောင့်
ယူဆောင်လာစဉ် အဖမ်းခံရကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ ရဲနိုင်ထွန်း(ခ)မွတ်တားအား ထီးချိုင့်မြို့မရဲစခန်း
မှူး စောမောင်က တရားလိုပြု၍ မယ၉ပ)၆/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)
အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
စိုင်းလူမင်း၊မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment