စိုင်းလူမင်း...
အော်ရီးဒူးကုမ္ပဏီ အနေဖြင့် အများ ပြည်သူများအတွက် ဈေးနှုန်းသက်သာ၍ အရည်အသွေးပြည့်မှီသော ပစ္စည်းများ ဖြင့် စကားပြောတတ်သူတိုင်း တယ်လီ ဖုန်းသုံးစွဲနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးသွားနိုင်ရန် ဆောင်ရွက် လျှက်ရှိပြီး ယခုအခါ ဆက်သွယ်ရေး တာဝါတိုင်များအတွက် မြေနေရာများကို ဒေသခံတောင်သူများ ထံမှ အော်ရီဒူး ကုမ္ပဏီက စာချုပ်ချုပ်ဆို ငှားရမ်းလျှက် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ အော်ရီဒူးကုမ္ပဏီသည် မန္တလေး ၊အမရပူရမြို့နယ် ၊ကြည့်မြင်တိုင်ကျေးရွာ အုပ်စုတွင် ဆက်သွယ်ရေးတာဝါတိုင်(၁) တိုင်အတွက် ပေ(၅၀)ပတ်လည်မြေကွက် (၁)ကွက်ကို (၁)ငွေကျပ် (၂၅၀၀၀၀ိ/-) နှုန်းဖြင့် (၁၅)နှစ်စာချုပ်ချုပ်ဆို ငှားရမ်း ကာ (၁)နှစ်ကို တစ်ခါငွေထုတ်လို့ရ ကြောင်းနှင့် တစ်နှစ်စာအတွက် ငွေကျပ် သိန်း(၃၀)ရရှိကြောင်း (၅)နှစ်ပြည့်ပြီးပါ က(၅)ရာခိုင်နှုန်း တိုးသွားမည်ဖြစ် ကြောင်း အမရပူရမြို့နယ် ၊ကြည့်မြင်တိုင် ကျေရွာအုပ်စု၊ မြင်းတော်ကျေးရွာမှ မြေ ငှားရမ်းသူ တောင်သူတစ်ဦးပြောပြချက် အရ သိရသည်။ အမရပူရမြို့နယ်တွင် ဆက်သွယ်ရေး တာဝါတိုင်(၈)တိုင် အတွက် မြေနေရာ များ ငှားရမ်းထားပြီးဖြစ်ကြောင်း တချို့ကို ယခုအခါ စတင်တပ်ဆင်တည်ဆောက် လျှက်ရှိပြီး မြန်မာတာဝါကုမ္ပဏီက တာ ဝန်ယူ တည်ဆောက်ပေးမည်ဖြစ်ကြောင်း သိရသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment