စိုင်းလူမင်း...
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ် ၊ ကောင်းကွေ့ကျေးရွာတွင် ဇန်လ(၁၉)ရက်က ဝန်းသိုမြို့မ ရဲစခန်း တွင် ဒုရဲအုပ် ဇောလင်းထွန်း တာဝန်မှူး တာဝန် ထမ်းဆောင်နေစဉ် ဝန်းသိုမြို့နယ် ကောင်းကွေ့ကျေးရွာ၌ လူတစ်ဦးဓါတ်ကြိုး ကိုင်လျှက် ဓါတ်လိုက်သေဆုံးနေကြောင်း ကောင်းကွေ့ကျေးရွာနေ မီးရထားလမ်း လုပ်သား ညွှန့်ဝင်းက အကြောင်းကြား သဖြင့် သက်သေများနှင့်အတူ သွား ရောက်စစ်ဆေးခဲ့ကြသည်။ ထိုသို့ စစ်ဆေးရာတွင် သေဆုံးသူ မှာ ဖိုးကျော်(ခ)ကျော်ကျော် (၃၃)နှစ် ဆိုသုဖြစ်ပြီး ၎င်း၏ အိမ်ရှေ့လယ်ကွင်းစပ် ၌ ပြုတ်ကျနေသော ဓါတ်ကြိုးတွင် လျှပ် စီးဝင်နေသည်ကို မသိဘဲ လက်နှစ်ဘက် ဖြင့် ကိုင်လျှက်သေဆုံးနေသည်ကို တွေ့ရ သဖြင့် ဒုရဲအုပ် ဇော်လင်းထွန်းက အမှုဖွင့် ပြီး ဝန်းသိုမြို့မ ရဲစခန်းမှူး ဒုရဲမှူး တင်မောင်ဝင်းက စစ်ဆေးလျှက်ရှိ ကြောင်း သိရသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

No comments:
Post a Comment