For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 14 June 2014

ကချင်ပြည်နယ် ခရီးပြန်လက်ဆောင်အဖြစ် မိုးညှင်းမြို့နယ် ထွက် ကြိမ်ထည်ဝါးထည်ပစ္စည်းပါမှ ပို၍ အဓိပ္ပာယ်ရှိသည်ဟု ဆိုကြ(စိုင်းလူမင်းခရီးသွားဆောင်းပါး) ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
ဂျိမ်းဖောမြေခရီးဟု တင်စားခေါ်ဝေါ်လေ့ရှိသည့် ကချင်ပြည်နယ်
မြစ်ကြီးနားသို့ ရထားဖြင့် ခရီးသွားသူများသည် အပြန်တွင် အမှတ်
တရ အိမ်ပြန်လက်ဆောင်အဖြစ်ပစ္စည်းမျာ
း ၀ယ်ယူလေ့ရှိသည်ကို
ကချင်ပြည်နယ်သို့ရောက်စဉ် မိုးညှင်းဘူတာသို့ရောက်တိုင်း တွေ့
ရလေသည်။
ကချင်ပြည်နယ်တွင် ဆောင်းရာသီတွင် ပေါင်းသင်းနှင့် ခေါပုတ်၊
မိုးကာလတွင် သစ်ခွပန်း၊ ငါးချဉ်၊မျှစ်ချဉ်၊ ငါးပေါက်သီး၊ ပန်းသီး၊
ကနစိုသီး၊ မင်းကွက်သီး၊ နွေကာလတွင် ဆေးမြစ်ဆေးဏစသည့်ဖြင့်
ဝယ်ယူကြသော်လည်း ရာသီမရွေးဝယ်ယူရရှိသည့် မိုးညှင်းမြို့နယ်
ထွက် ၀ါးထည်၊ ကြိမ်ထည်ပစ္စည်းများ ပါမှသာလျှင် အိမ်ပြန်လက်ဆောင်
အဖြစ် ပြည့်စုံပြီး အဓိပ္ပာယ်ရှိသည်ဟု မန္တလေး-မြစ်ကြီးနား ရထားလမ်း
ပိုင်းတွင် မကြာခဏခရီးသွားလာနေသူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက
ပြောသည်။
မိုးညှင်းနယ်ထွက် ကြိမ်ဝါးလက်မှုပစ္စည်းတွေက လက်ဆောင်ပေးရင်
အမှတ်ရ ဖြစ်ပါတယ်။ဒေသထွက် ကြိမ်၊ ၀ါးတွေနဲ့ လတ်လတ်ဆက်ဆက်
ပြုလုပ်ထားသော ကြာရှည်ခံတယ်၊ လက်ရာလည်း သေသတ်တယ်၊ လက်
ခံယူတဲ့သူတွေက တန်ဖိုးထားကြတဲ့အတွက် ဒါကြောင့် ကချင်ပြည်နယ်
ဂျိမ်းဖောခရီးကို သွားလာနေကြခရီးသည်တွေကတော့ မိုးညှင်းဘူတာရောက်
ရင် ၀ါးထည်ပစ္စည်းတွေ ၀ယ်ကြတာများပါတယ်ဟုမန္တလေး-မြစ်ကြီးနား
ရထားလမ်းပိုင်းတွင် မကြာခဏ ခရီးသွားလာနေသူ မီးရထားဝန်ထမ်းတစ်ဦး
က ရှင်းပြသည်။
မန္တလေး-မြစ်ကြီးနား ခရီးစဉ်တွင် နန့်စီးအောင်ဘူတာမှပြီး ကချင်ပြည်
နယ် အတွင်းရောက်ရှိပြီး ရှေ့ဆက်၍မော်ဟန်-နဘား-ပင်ဝယ်-မော်လူးဘူတာ
များတွင် တိုင်းရင်းသား စရိုက်လက္ခများ၊ တိုင်းရင်းသားအစားအစာများ တော
တောင်စိမ့်စမ်း ရှိုမြောင်များကို တွေ့မြင်ရသည်။
ရထားရပ်နားရာ ဘူတာစဉ်အလိုက် ရှမ်းရိုးရာအစားစာများ၊ တောတောင်
ထွက် အစားအစာများ ၀ယ်ယူရရှိနိုင်သည့် မိုးညှင်း၊ မိုးကောင်းအထက်
နမ့်မတီးဘူတာရောက်မှသာလျှင် ကချင်ရိုးရာ မြင်ကွင်းကို တွေ့မြင်ရသည်။
ခရီးသွားဧသည့်သည်များသည် အပြန်ခရီးမှာသာလျှင် လက်ဆောင်ပစ္စည်း
များ ၀ယ်ကြလေံရှိသဖြင့် အစုန်ရထားကိုသာ ပို၍ အားထားလာကြကြောင်း
လည်း သိရသည်။
"၀ါးထည်၊ ကြိမ်ထည်ပစ္စည်းတွေက လူသုံးပစ္စည်းတွေများတယ်၊
ပက်လက်ကုလားထိုင်တစ်လုံး ငွေကျပ်(၁၀၀၀၀ိ/-)၊ ကြိမ်ခြင်း အမျိုးမျိုး
ငွေကျပ် (၂၀၀၀ိ/-)၊ အနည်းငယ် ဒီဇိုင်းကောင်းရင် ကောင်းသလို ဈေးပိုပါ
တယ်။ ယပ်တောင်၊ ထိုင်ခုံ ၊စက္ကူခြင်း ၊ ဆရာမကိုင်ခြင်း၊ ဖျာ၊ အပြန်ခရီး
အစုန်ရထားတွေမှာ အများမပြားရောင်းရတော့ တစ်ဆင့်ခံယူရောင်းတဲ့
ဈေးသည်ကလည်း များပါတယ်။ ကျွန်မတို့က မီးရထားကိုဘဲ အမှီပြုပြီး
လုပ်ကိုင်စားသောက်ကြတဲ့အတွက် သန်းခေါင်ကျော်ချိန် ရထားဆိုက်ရင်
လည်း စောင့်ရောင်းရတာပါပဲ" ဟု မိုးညှင်းဘူတာတွင် ဆိုင်ဖွင့်လှစ်ရောင်း
ချသော ဈေးသည်အမျိုးသမီးတစ်ဦးက ပြောပြသည်။
မြစ်ကြီးနားရထားလမ်းပိုင်းရှိ ဘူတာများတွင် ပင်ဝယ်-မော်လူး-မဲဇာ
-နဘားဘူတာတို့တွင် မီးသွေး၊ မျှစ်ချဉ်နှင့် ထမင်းဟင်းကောင်းပြီး၊ နဘား
ဘူတာနှင့် ကောလင်းဘူတာတွင် သစ်သားစားပွဲနှင့် ကုလားထိုင် ဈေးပေါ
ပေါဖြင့် ၀ယ်ယူနိုင်ကြောင်းလည်း သိရသည်။
စိုင်းလူမင်း-မီဒီယာဂရု
Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment