For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Thursday 5 June 2014

သာစည်မြို့နယ်အတွင်းရှိ တောင်သူများ မိုးရွာမည့်ရက်ကို စောင့်မျှော်နေလျှက်ရှိ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စိုင်းလူမင်း...
     မန္တလေး တိုင်းဒေသကြီး ၊ သာစည်မြို့နယ်အတွင်း
 ဧပြီလနောက်ဆုံးပတ်က မိုးရွာသွန်းမှုများကြောင့်
လယ်ယာလုပ်ငန်းခွင်သို့ စတင်ဝင်ရောက်၍ မိုးသီးနှံ
များ စိုက်ပျိုးရန် ထယ်ရေးပြင်လုပ်ငန်းများ ဆောင်ရွက်
ခဲ့သော်လည်း ထိုနောက်ပိုင်း မိုးဆက်လက်ရွာသွန်းခြင်း
မရှိသဖြင့် မိုးဦးသီးနှံများ စိုက်ပျိုးရန် တောင်သူများ
 မိုးလေ၀သ သတင်းများကိုနားထောင်၍ မိုးရွာမည့်ရက်
ကို  စောင့်မျှော်နေရသည်ဟု ဒေသခံ တစ်ဦးက စိုင်းလူမင်း
 မီဒီယာဂရုသို့ ပြောပြသည်။
       " မိုးဦးသီနှံကို စိုက်ပျိုးရာမှ နယုန်လမပြည့်ခင်
စိုက်ပျိုးနိုင်မှာသာ နှမ်းအထွက်တွေက ကောင်းမွန်တာ
 ဖြစ်တယ်၊ နယုန်လပြည့်ကျော်သွားမှ နှမ်းစိုက်ပျိုးရမယ်
ဆိုရင် အထွက်နုန်းလျော့ပါတယ်၊ မိုးက ဧပြီလကုန်မှာ
ရွာသွန်းပြီး နောက်ထပ် မိုးဆက်လက်မရွာသွန်းတဲ့အတွက်
မိုးဦးသီးနှံ စိုက်ပျိုးရမယ့် တောင်သူများ အနေဖြင့် ရေဒီယို
 အစီစဉ်မှ မိုးလေ၀သသတင်းတွေကို နားထောင်ပြီး မိုးရွာ
မယ့်ရဲ့ကို မျှော်နေကြရပါတယ်၊ လက်ရှိအခြေအနေက
ထယ်ရေးပြင်တာတွေကို  ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်၊
 အဲ့ဒါကြောင့် မိုးရွာတာနဲ့ စိုက်ပျိုးရန် အသင့်အနေအထား
မှာ ရှိနေသလို စိုက်ပျိုးဖို့အတွက် မျိုးစေ့ကိုလည်း ၀ယ်ယူ
စုဆောင်းထားပြီး ဖြစ်ပါတယ် " ဟု ဒေသခံတစ်ဦးမှ
ပြောသည်။
       ယခုအခါ မိုးဦးသီးနှံများ စိုက်ပျိုးရန် ထယ်ရေးပြင်ရာ
တွင် ထွန်တစ်ရှဉ်း တစ်မနက် ငွေကျပ် ၄၀၀၀ိ/-ပေး၍ ငှားရမ်း
နေကြရပြီး နှမ်းမျိုး (၁)ပြည် ငွေကျပ်(၃)ထောင်၊ ပြောင်း(၁)
ပြည် ငွေကျပ်(၅၀၀) ပေးဝယ်နေရသည်ဟု သိရသည်။
                                 စိုင်းလူမင်း၊မီဒီယာဂရု
                           Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

No comments:

Post a Comment