For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Saturday 28 June 2014

ပုလဲမြို့နယ် ကံကြီးကျေးရွာအလကခွဲမှ ဆရာဆရာမ များ၏ အပြောင်းအရွှေ့ကိစ္စ အား တင်ပြခြင်း ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ကံကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ တာဝန်ကျ ဆရာမများကို ကျောင်းသားမိဘများမှ  ရွှေ့ပြောင်း ပေးရန် တိုင်ကြားခဲ့ သဖြင့် တစ်ယောက်မှအပ အားလုံး ရွှေ့ပြောင်းပေးလိုက်ပါပြီ။ ဒါပေမယ့် ကျောင်း သားမိဘပြည်သူတို့၏ သဘောဆန္ဒအတိုင်း မဖြစ်ခဲ့ပါ။ တိုင်ကြားခဲ့စဉ်က ယခု ကျန်နေရစ်တဲ့ ဆရာမ ဒေါ်တင်မာအေးကို အဓိကထားပြီး တိုင်ကြားခဲ့တာပါ။ အခုတော့ ကျောင်းသားမိဘပြည်သူများ သဘောကျ ကျေနပ်မှုရှိတဲ့ ဆရာဆရာမတွေ ပြောင်းသွားရပြီး ဆရာဆရာမတွေနဲ့ ကျောင်းသားမိဘပြည်သူတွေ မသင့်မြတ်အောင် လုပ်ခဲ့တဲ့ အဓိကတရားခံ ဒေါ်တင်မာအေးက မပြောင်းရွှေ့ရဘဲ ကျန်ရစ်နေပါ တယ်။ ဒေသခံများကတော့ ဒီလို ဖြစ်ရတာဟာ မြို့နယ်လူကြီးတွေရဲ့ အဂတိလိုက်စားမှုကြောင့်လို့ ယူဆ ပြောဆိုကြပါတယ်။ ဒီတိုင်းဆိုရင် ကျေးရွာက ကလေးတွေရဲ့ ပညာရေးက ဘာထူးမှာလဲ။ ကျေးရွာ မှာရှိတဲ့ ကျောင်းသားမိဘပြည်သူတွေကေ
တာ့  ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး မြို့နယ်ပညာရေး မှူးရုံးရှေ့မှာ သွားရောက်ဆန္ဒထုတ်ဖေါ်ကြဖို့ စီစဉ် နေကြပါတယ်။ အပြောင်းထဲမပါဘဲ ကျန်ရစ်နေတဲ့ ဆရာမဟာ ရွာမှာ မွေးဖွားသူဖြစ်တဲ့အတွက် ဆွေမျိုး အပေါင်းအဖေါ်များလဲ ရှိနေပါတယ်။ မြို့ပေါ်မှာ သွားရောက်ဆန္ဒဖေါ်ထုတ်တဲ့အခြေနေအထိ ဖြစ်ခဲ့ရင် ကျန်ရစ်တဲ့ဆရာမရဲ့ ဆွေမျိုးပေါင်းဖေါ်တွေ နဲ့   ကျောင်းသားမိဘပြည်သူ များ  ပြဿနာတွေ အကြီး အကျယ် ဖြစ်ပွားနိုင်ပါတယ်။ ပြဿနာတွေ ကြီးကြီး မားမားထဖြစ်မှာလဲ စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းတွေကို သက်ဆိုင်ရာလူကြီးမင်းများ အနေဖြင့် ကျေးရွာလူထုနဲ့ ကလေးငယ်များ၏ ပညာရေးကို ရှေးရှုပြီး အမှန်အကန်ဆောင်ရွက်ပေး ကြပါရန် တင်ပြလိုက်ပါတယ်။

ကျောင်းသားမိဘပြည်သူများ
09 256192514. 09.400549393
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment