For Users



“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။

HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။
HWH ဥုံ ဗာရှင်းအသစ်များ ရယူနိုင်ပါပြီ။ တိုက်ရိုက် Download Link များလိုချင်သူများ အတွက် HWH News v4.4 http://www28.zippyshare.com/v/56152148/file.html HWH Feel v4.4 http://www28.zippyshare.com/v/32022878/file.html HWH U v3.3 http://www28.zippyshare.com/v/89602710/file.html HWH For Windows XP/7/8 http://www42.zippyshare.com/v/45555730/file.html

Download ဆွဲနည်း

Download ဆွဲနည်း
Download ဆွဲနည်း

Sunday 1 June 2014

ကသာမြို့ ဂုဏ်ကျက်သရေဆောင်မည့် မြို့တော်ခန်းမတည်ဆောက်ရန်အတွက် လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ ►“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”

 ငြိးမ်းငြိမ်း(ကသာ)
      စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ကသာမြို့သည်
 ခရိုင်မြို့ဖြစ်သဖြင့် မြို့အင်္ဂါရပ်နှင့်အညီ ပထမဆုံးအကြိမ်
တည်ဆောက်မည့် မြို့ကျက်သရေဆောင် မြို့တော်ခန်းမ
ကြီးအား ကျပ်သိန်းပေါင်း(၃၀၀၀) ကျော် အကုန်အကျခံ
ဆောက်လုပ်ရန်အတွက် လုပ်ငန်းညှိနိုင်းအစည်း
အဝေးကို မေ(၃၀)ရက်နေ့ နံနက် (၁၀.၃၀)အချိန်
က ကသာခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး
အစည်အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရှိရသည်။
       အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်စီမံ
ခန့်ခွဲမှု ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးကျော်ကျော်အုန်းမှ စစ်ကိုင်းဒေသကြီး ၀န်ကြီးချုပ်၏
 လမ်းညွှန်မှုဖြင့် မြို့တော်ခန်းမတည်ဆောက်ရေးနှင့်
ခရိုင်မြို့ဖြစ်သည့်အတွက် သက်ဆိုင်ရာမြို့နယ်အပြင်
 ကျန်မြို့နယ်များပါ ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ေ
ကြာင်း
အဖွင့်အမှာ စကားပြောကြားခဲ့သည်။ ဆက်လက်၍
 မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးဇော်မင်းထိုက်
က မြို့တော်ခန်းမတည်ဆောက်ရေး ဆောင်ရွက်ထားရှိ
မှုများ ၊ ကသာမြို့ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သတ်၍
စီမံဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြ
ဆွေးနွေးခဲ့သည်။
        ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီ
ဥက္ကဌ ဦးတင်ဌေးက မြေနေရာအား အမှတ်(၅)ရပ်ကွက်၊
 လမ်းမတော်လမ်းအနီး ဧရာကန်သာပန်းခြံမြေနေရာ
 အလျား(၂၃၄)ပေ၊ အနံ(၂၂၂)ပေ၊ အကျယ်(၁.၇၁၁)
ဧက မြေနေရာပေါ်တွင် စီမံဆောင်ရွက်ထားရှိမှု အခြေ
အနေများအား တင်ပြဆွေးနွေးခဲ့သည်။ ယင်းနောက် မြို့နယ်
 အထောက်အကူပြုကော်မတီဥက္ကဌဦးခင်မောင်တိုး ၊ မြို့မိ
 /မြို့ဖဦးခင်မောင်တင့်တို့မှ ကဏ္ဍအသီးသီးအား ချပြရှင်း
လင်းကြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်
လာသည့် လုပ်ငန်းရှင် ဦးခင်ဇော်ဦးက "ယခုလို မြို့တော်
ခန်းမဆောက်လုပ်မည့်ဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းသာ
မိပါကြောင်း ၊ မိမိတို့ လူငယ်လုပ်ငန်းရှင်များအဖွဲ့မှလည်း
 တတ်အားသရွေ့ ပါဝင်ဆောင်ရါက်လိုကြောင်း၊ ကျရာ
ကဏ္ဍာတွင် တာဝန်ကျေဝန်စွာ ထမ်းဆောင်သွားမည်ဖြစ်
ကြောင်း၊ နောက်နောင်တွင်လည်း ယခုလိုလူငယ်များအား
 လက်တွဲခေါ်ယူ ဆောင်ရွက်ပေးစေလိုပါကြောင်း" ဆွေးနွေး
ခဲ့ကြောင်း သိရသည်။
         အဆိုပါ အခမ်းအနားသို့ ရပ်ကွက်အုပ်ချုပ်မှူးများ ၊
 အထောက်အကူပြုကော်မတီအဖွဲ့ဝင်များနှင့် မြို့သူ/မြို့သား
များ၊လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးကြပြီး ခရိုင်စီမံခန့်
ခွဲမှုကော်မတီဥက္ကဌက ဘဏ္ဍာငွေရှာဖွေရေး ကော်မတီအား
ဖွဲ့စည်းပေးကာ မြို့တော်ခန်းမကြီးဖြစ်မြောက်ရန်အတွက်
 အဘက်ဘက်မှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြမည့် ကော်မတီ
အသီးသီးနှင့် လူငယ်လုပ်ငန်းရှင်များ၊ မြို့မ/မြို့ဖများနှင့် စေသနာ
ရှင် အလှူရှင်များအား ကျေးဇူးတင်ရှိပါကြောင်း နိဂုံးးချုပ်အမှာ
စကားပြောကြားပြီး အခမ်းအနားကို နေ့လည်(၁၃း၀၀)အချိန်တွင်
 အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
                                     စိုင်းလူမင်း၊မီဒီယာဂရု
                                      Sailumin35@gmail.com
>>>>>>>>>>>>>>>>>>>>>

“ံHWH ဥုံ ပေးစာ၊တိုင်စာ၊ရင်ဖွင့်စာ ကဏ္ဍ”သို့ သတင်းများ ပေးပို့လိုပါက hwhforandroid@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါပြီ။ ပေးပို့သူများအနေနဲ့ အမည်၊ လိပ်စာ၊ မှတ်ပုံတင် ဖုန်းနံပါတ် အပြည့်အစုံကို ထည့်ရေးပေးစေလိုပါတယ်။ (ပြည်တွင်းပြည်ပ သတင်းဌာနများ၏ သတင်းစာ၊ ဂျာနယ်များတွင် ဖော်ပြနိုင်ရန် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ရန် ရည်ရွယ်သည်) ။ သတင်းတွင် မဖော်ပြစေလိုပါက "သတင်းတွင်မဖော်ပြစေလိုပါ"ဟု ထည့်သွင်းရေးသားပေးပို့က သတင်းပေးပို့သူရဲ့ ဖုန်း နှင့် အချက်အလတ်များအား HWH ဥုံ Adminများမှ တပါး မည်သူကိုမျှ ပေးမသိစေဘဲ သိမ်းဆည်းထားပါမည်။ အချို့သော ပုဂ္ဂိုလ်ရေးဆန်သော သတင်းပေးပို့မူများတွင် ပေးပို့သူအား ဖုန်းဖြင့် တာဝန်ယူနိုင်/မနိုင် အတည်ပြုခိုင်းပါမည်။ အချက်အလက်ပြည့်စုံသော မတိုတောင်းသော သတင်းများအားလုံး တင်ပေးပါမည်။
 

No comments:

Post a Comment